လာမည့်နှစ်၌ မြန်မာနိုင်ငံတွင် ကိုရီးယားအစားအစာပြပွဲ ကျင်းပမည်

478
ယွန်း (NP News) - စက်တင်ဘာ ၁၉
လာမည့်(၂၀၂၄)ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၌ ကိုရီးယားအစားအစာပြပွဲ လာရောက်ကျင်းပနိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့က စက်တင်ဘာလ(၁၈)ရက်တွင် CMS KOREA မှ ကိုယ်စားလှယ် Mr. Yeom Duk Jong နှင့် အဖွဲ့ဝင်များ နှင့် ကုန်သည်စက်မှုအသင်းချုပ်၌ တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ ကိုရီးယားအစားအစာပြပွဲ(Korea Food Festival) လာရောက် ကျင်းပပြုလုပ်နိုင်ရေးကိုဆွေးနွေးခဲ့ပြီး အဆိုပါပြပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။
၎င်းပြပွဲကို ကိုရီးယားနိုင်ငံအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးပေါင်းပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် ဒီဇင်ဘာလကုန်တွင် ကိုရီးယားနိုင်ငံ၊ Chungju မြို့၊ ပြည်နယ်အစိုးရကိုယ်စားလှယ်များဦးဆောင်၍ ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများနှင့် ပြပွဲကျင်းပနိုင်ရေးအတွက် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ကိုရီးယား အသေးစား၊ အငယ်စား၊ အလတ်စား ကုမ္ပဏီပေါင်း(၂၀၀)ခန့်ကို ဖိတ်ခေါ် ကျင်းပသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က အသိပေးထားသည်။

zawgyi version
လာမည့္ႏွစ္၌ ျမန္မာႏိုင္ငံတြင္ ကိုရီးယားအစားအစာျပပြဲ က်င္းပမည္
ယြန္း (NP News) - စက္တင္ဘာ ၁၉
လာမည့္(၂၀၂၄)ခုႏွစ္၊ မတ္လတြင္ ျမန္မာႏိုင္ငံ၌ ကိုရီးယားအစားအစာျပပြဲ လာေရာက္က်င္းပႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ကုန္သည္စက္မႈအသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ႏွင့္အဖြဲ႕က စက္တင္ဘာလ(၁၈)ရက္တြင္ CMS KOREA မွ ကိုယ္စားလွယ္ Mr. Yeom Duk Jong ႏွင့္ အဖြဲ႕ဝင္မ်ား ႏွင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္၌ ေတြ႕ဆုံစဥ္ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ၌ ကိုရီးယားအစားအစာျပပြဲ(Korea Food Festival) လာေရာက္ က်င္းပျပဳလုပ္ႏိုင္ေရးကိုေဆြးေႏြးခဲ့ၿပီး အဆိုပါျပပြဲကို လာမည့္ ၂၀၂၄ ခုႏွစ္၊ မတ္လ(၂၄)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္မွသိရသည္။
၎ျပပြဲကို ကိုရီးယားႏိုင္ငံအေနျဖင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ပူးေပါင္းၿပီး က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယခုႏွစ္ ဒီဇင္ဘာလကုန္တြင္ ကိုရီးယားႏိုင္ငံ၊ Chungju ၿမိဳ႕၊ ျပည္နယ္အစိုးရကိုယ္စားလွယ္မ်ားဦးေဆာင္၍ ကုန္သည္စက္မႈအသင္းခ်ဳပ္ တာဝန္ရွိသူမ်ားႏွင့္ ျပပြဲက်င္းပႏိုင္ေရးအတြက္ ထပ္မံေတြ႕ဆုံ ေဆြးေႏြးသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါျပပြဲတြင္ ကိုရီးယား အေသးစား၊ အငယ္စား၊ အလတ္စား ကုမၸဏီေပါင္း(၂၀၀)ခန႔္ကို ဖိတ္ေခၚ က်င္းပသြားမည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္က အသိေပးထားသည္။