အနောက်အုပ်စုလိုလားသော ချက်နိုင်ငံအစိုးရကို ပြည်သူပေါင်းများစွာ ဆန္ဒပြ

 628

Pika (NP News) - စက်တင်ဘာ ၁၉

ချက်ပြည်သူ့သမ္မတနိုင်ငံတွင် non-parliamentary PRO ပါတီ ထောက်ခံသူထောင်ပေါင်းများစွာသည် အနောက်အုပ်စုလိုလားသော အစိုးရကို ရာထူးမှနှုတ်ထွက်ရေး တောင်းဆိုရန်အတွက် Prague မြို့တွင် စုဝေးခဲ့ကြကြောင်း သိရသည်။

Prague မြို့ရှိ Wenceslas ရင်ပြင်တွင် ကျင်းပသော ဆန္ဒပြပွဲသို့ လူပေါင်း(၁ဝဝဝဝ) ခန့် တက်ရောက်ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လူပေါင်း(၁)သိန်းခန့် ပါဝင်ခဲ့ကြောင်း PRO ပါတီက အခိုင်အမာပြောကြားခဲ့သည်။ ချက်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် Petr Fiala ဦးဆောင်သော လက်ရှိအာဏာရ (၅)ပါတီညွန့်ပေါင်းအဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၏ အမိန့်များကို လိုက်နာနေကြောင်း PRO ပါတီခေါင်းဆောင် Jindrich Rajchl က ဝေဖန်ပြောဆိုခဲ့သည်။

ထို့အပြင် ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည်အမေရိကန်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိစေရန်အတွက် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့နေခြင်းကိုလည်း Jindrich Rajchl က ပြစ်တင်ပြောဆိုခဲ့ကြောင်းသိရသည်။

၎င်းက "လက်ရှိအစိုးရဟာ နိုင်ငံခြားအာဏာရှင်တွေရဲ့အမိန့်တွေကို လိုက်နာနေတဲ့ ရုပ်သေးရုပ်တွေပါ။ ပြီးတော့ ရုပ်သေးရုပ်အစိုးရကို ကျွန်တော်လည်း ထပ်မလိုချင်တော့ပါဘူး၊၊ ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဟာ နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို ဗီတိုအာဏာသုံးပြီး ဆန့်ကျင်သင့်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ဆန္ဒပြသူအချို့သည် အမေရိကန်ဦးဆောင်သော စစ်ဘက်ဆိုင်ရာအဖွဲ့ကို နိုင်ငံတွင်းမှ ထွက်ခွာသွားရန်လည်း တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဆန္ဒပြသူများသည် လက်ရှိအစိုးရ၏ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းပုံ၊အခွန်အပြောင်းအလဲများ၊ ပင်စင်ဆိုင်ရာ ပြောင်းလဲချိန်ညှိမှုများ၊ မော်တော်ယာဉ်များတွင် ရုပ်ကြွင်းလောင်စာဆီများ အသုံးပြုမှုကို လျှော့ချရန် အစီအစဉ်များ နှင့် ဝန်ကြီးချုပ် Petr Fiala လက်ထက်က ချမှတ်ခဲ့သော ကိုဗစ်(၁၉)ဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ချက်ပြည်သူ့သမ္မတနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ယူကရိန်း၏ အနီးကပ်ဆုံးမဟာမိတ်နိုင်ငံတစ်ခုလည်းဖြစ်သည်။

ထို့အပြင် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် ယူကရိန်းသို့ တင့်ကားများ၊ဒုံးကျည်လောင်ချာများ၊ ရဟတ်ယာဉ်များ၊ အမြောက်ကျည်များ နှင့် အခြားစစ်ဘက်ဆိုင်ရာအကူအညီများစွာကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ချက်ပြည်သူ့သမ္မတနိုင်ငံသည် ယူကရိန်းဒုက္ခသည်(၄၆ဝဝဝဝ) ခန့်ကို နိုင်ငံတွင်းတွင် လက်ခံခဲ့ပြီး လက်ရှိအချိန်တွင် ယူကရိန်းဒုက္ခသည်(၃)သိန်းခန့် ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ သိရသည်။

Zawgyi Version;
အေနာက္အုပ္စုလိုလားေသာ ခ်က္ႏိုင္ငံအစိုးရကို ျပည္သူေပါင္းမ်ားစြာ ဆႏၵျပ
Pika (NP News) - စက္တင္ဘာ ၁၉

ခ်က္ျပည္သူ႔သမၼတႏိုင္ငံတြင္ non-parliamentary PRO ပါတီ ေထာက္ခံသူေထာင္ေပါင္းမ်ားစြာသည္ အေနာက္အုပ္စုလိုလားေသာ အစိုးရကို ရာထူးမွႏႈတ္ထြက္ေရး ေတာင္းဆိုရန္အတြက္ Prague ၿမိဳ႕တြင္ စုေဝးခဲ့ၾကေၾကာင္း သိရသည္။

Prague ၿမိဳ႕ရွိ Wenceslas ရင္ျပင္တြင္ က်င္းပေသာ ဆႏၵျပပြဲသို႔ လူေပါင္း(၁ဝဝဝဝ) ခန႔္ တက္ေရာက္ခဲ့ၾကေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

သို႔ေသာ္လည္း အဆိုပါအစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ားတြင္ လူေပါင္း(၁)သိန္းခန႔္ ပါဝင္ခဲ့ေၾကာင္း PRO ပါတီက အခိုင္အမာေျပာၾကားခဲ့သည္။ ခ်က္ျပည္သူ႔သမၼတႏိုင္ငံဝန္ႀကီးခ်ဳပ္ Petr Fiala ဦးေဆာင္ေသာ လက္ရွိအာဏာရ (၅)ပါတီၫြန႔္ေပါင္းအဖြဲ႕သည္ ဘယ္လ္ဂ်ီယံႏိုင္ငံ၏ အမိန႔္မ်ားကို လိုက္နာေနေၾကာင္း PRO ပါတီေခါင္းေဆာင္ Jindrich Rajchl က ေဝဖန္ေျပာဆိုခဲ့သည္။

ထို႔အျပင္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရသည္အေမရိကန္ႏိုင္ငံႏွင့္ နီးကပ္ေသာ ဆက္ဆံေရးမ်ား ရွိေစရန္အတြက္ ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ား ဆက္လက္ေထာက္ပံ့ေနျခင္းကိုလည္း Jindrich Rajchl က ျပစ္တင္ေျပာဆိုခဲ့ေၾကာင္းသိရသည္။

၎က "လက္ရွိအစိုးရဟာ ႏိုင္ငံျခားအာဏာရွင္ေတြရဲ႕အမိန႔္ေတြကို လိုက္နာေနတဲ့ ႐ုပ္ေသး႐ုပ္ေတြပါ။ ၿပီးေတာ့ ႐ုပ္ေသး႐ုပ္အစိုးရကို ကြၽန္ေတာ္လည္း ထပ္မလိုခ်င္ေတာ့ပါဘူး၊၊ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရဟာ ေနတိုးအဖြဲ႕ကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနတဲ့ ယူကရိန္းရဲ႕လုပ္ရပ္ေတြကို ဗီတိုအာဏာသုံးၿပီး ဆန႔္က်င္သင့္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဆႏၵျပသူအခ်ိဳ႕သည္ အေမရိကန္ဦးေဆာင္ေသာ စစ္ဘက္ဆိုင္ရာအဖြဲ႕ကို ႏိုင္ငံတြင္းမွ ထြက္ခြာသြားရန္လည္း ေတာင္းဆိုဆႏၵျပခဲ့ၾကေၾကာင္းသိရသည္။

ဆႏၵျပသူမ်ားသည္ လက္ရွိအစိုးရ၏ ေငြေၾကးေဖာင္းပြမႈကို ကိုင္တြယ္ေျဖရွင္းပုံ၊အခြန္အေျပာင္းအလဲမ်ား၊ ပင္စင္ဆိုင္ရာ ေျပာင္းလဲခ်ိန္ညႇိမႈမ်ား၊ ေမာ္ေတာ္ယာဥ္မ်ားတြင္ ႐ုပ္ႂကြင္းေလာင္စာဆီမ်ား အသုံးျပဳမႈကို ေလွ်ာ့ခ်ရန္ အစီအစဥ္မ်ား ႏွင့္ ဝန္ႀကီးခ်ဳပ္ Petr Fiala လက္ထက္က ခ်မွတ္ခဲ့ေသာ ကိုဗစ္(၁၉)ဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကိုလည္း ကန႔္ကြက္ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။

ခ်က္ျပည္သူ႔သမၼတႏိုင္ငံသည္ ႐ုရွား-ယူကရိန္းပဋိပကၡစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက ယူကရိန္း၏ အနီးကပ္ဆုံးမဟာမိတ္ႏိုင္ငံတစ္ခုလည္းျဖစ္သည္။

ထို႔အျပင္ ပဋိပကၡစတင္ျဖစ္ပြားခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတည္းက ခ်က္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရသည္ ယူကရိန္းသို႔ တင့္ကားမ်ား၊ဒုံးက်ည္ေလာင္ခ်ာမ်ား၊ ရဟတ္ယာဥ္မ်ား၊ အေျမာက္က်ည္မ်ား ႏွင့္ အျခားစစ္ဘက္ဆိုင္ရာအကူအညီမ်ားစြာကို ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

ပဋိပကၡျဖစ္ပြားၿပီးေနာက္ပိုင္းကတည္းက ခ်က္ျပည္သူ႔သမၼတႏိုင္ငံသည္ ယူကရိန္းဒုကၡသည္(၄၆ဝဝဝဝ) ခန႔္ကို ႏိုင္ငံတြင္းတြင္ လက္ခံခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ယူကရိန္းဒုကၡသည္(၃)သိန္းခန႔္ ဆက္လက္ေနထိုင္ေနဆဲျဖစ္ေၾကာင္း ယခုႏွစ္အေစာပိုင္းတြင္ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.