မြင်းမူမြို့အဝင်ဆိုင်းဘုတ်အား ကုန်တင်ကားမှ ဝင်တိုက်ခဲ့ရာ (၂)ဦးထိခိုက်ဒဏ်ရာရရှိ

539
Pearl (NP News) - စက်တင်ဘာ ၁၉
မြင်းမူမြို့၌ ကုန်တင်ကားတစ်စီးမှ မြို့အ၀င်ဆိုင်းဘုတ်အား တိုက်မိပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၉ ရက်)၊ နေ့လည် (၁၂)နာရီ ၀န်းကျင် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းမူမြို့၊ အနောက်မြို့ရှောင်လမ်း၌ အမျိုးသား (၂)ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီးသည် မြင်းမူမြို့အ၀င်ဆိုင်းဘုတ်အား ၀င်တိုက်မိခဲ့ကြောင်း သိရသည်။
"ကားသမားပြောတာတော့ Steering ဂျွိုင်း ပြုတ်တယ်ပြောတယ်။ ကားက မြို့အ၀င်ဆိုင်းဘုတ်ကို တိုက်မိတာ။ ယာဉ်ပေါ်ပါ (၂)ဦး ထိခိုက်ဒဏ်ရာရတယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာ၀န်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး မြို့အ၀င်ဆိုင်းဘုတ်မှာ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်၎င်းတို့(၂)ဦးအား မြင်းမူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း သိရသည်။
zawgyi version
ျမင္းမူၿမိဳ႕အဝင္ဆိုင္းဘုတ္အား ကုန္တင္ကားမွ ဝင္တိုက္ခဲ့ရာ (၂)ဦးထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - စက္တင္ဘာ ၁၉
ျမင္းမူၿမိဳ႕၌ ကုန္တင္ကားတစ္စီးမွ ၿမိဳ႕အ၀င္ဆိုင္းဘုတ္အား တိုက္မိၿပီး (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမတ္သုခ က်န္းမာေရးႏွင့္ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၉ ရက္)၊ ေန႔လည္ (၁၂)နာရီ ၀န္းက်င္ အခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျမင္းမူၿမိဳ႕၊ အေနာက္ၿမိဳ႕ေရွာင္လမ္း၌ အမ်ိဳးသား (၂)ဦး လိုက္ပါလာေသာ ကုန္တင္ကားတစ္စီးသည္ ျမင္းမူၿမိဳ႕အ၀င္ဆိုင္းဘုတ္အား ၀င္တိုက္မိခဲ့ေၾကာင္း သိရသည္။
"ကားသမားေျပာတာေတာ့ Steering ဂြၽိဳင္း ျပဳတ္တယ္ေျပာတယ္။ ကားက ၿမိဳ႕အ၀င္ဆိုင္းဘုတ္ကို တိုက္မိတာ။ ယာဥ္ေပၚပါ (၂)ဦး ထိခိုက္ဒဏ္ရာရတယ္" ဟု အထက္ပါလူမႈကူညီေရးအသင္း၏ တာ၀န္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား(၂)ဦး ထိခိုက္ပြန္းပဲ့ဒဏ္ရာရရွိခဲ့ၿပီး ၿမိဳ႕အ၀င္ဆိုင္းဘုတ္မွာ ပ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္၎တို႔(၂)ဦးအား ျမင္းမူျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး စိုးရိမ္ဖြယ္ရာအေျခအေနမရွိေၾကာင္း သိရသည္။