အကျဉ်းသားအပြန်အလှန်လဲလှယ်ပြီးနောက် အီရန်ပိုင်ငွေကြေးများကို အမေရိကန်အစိုးရ ပြန်ထုတ်ခွင့်ပေး
1262
Pika (NP News) - စက်တင်ဘာ ၁၉
အီရန်အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော အမေရိကန်နိုင်ငံသားအကျဉ်းသား(၅)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အပြန်အလှန်အနေဖြင့် အမေရိကန်သည် ဖမ်းဆီးထိန်းသိမ်းထားသော အီရန်နိုင်ငံသားအကျဉ်းသား(၅)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်နှင့်ဆက်စပ်သောနိုင်ငံများတွင် အပ်နှံထားသည့် အီရန်ပိုင်ဆိုင်သော အမေရိကန်ဒေါ်လာ(၆)ဘီလျံကို ပြန်ပေးခဲ့ကြောင်း သိရသည်။
အမေရိကန်သည် တောင်ကိုရီးယားနှင့် ကာတာနိုင်ငံတို့ရှိဘဏ်များအား အီရန်၏ ရေနံဝင်ငွေ အမေရိကန်ဒေါ်လာ(၆)ဘီလျံကို ပိတ်ဆို့ထားရာမှ ပြန်လည်ဖွင့်ပေးရန် ညွှန်ကြားခဲ့ကာ နှစ်နိုင်ငံကြား အကျဉ်းသားလဲလှယ်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသား(၅)ဦးသည် စက်တင်ဘာလ(၁၈)ရက် နံနက်တွင် တီဟီရန်မြို့မှ ဂျက်လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောခဲ့သည်။
အဆိုပါ အမေရိကန်နိုင်ငံသား ငါးဦးသည် ကာတာနိုင်ငံ ဒိုဟာမြို့သို့ရောက်ရှိလာပြီးနောက် ၎င်းတို့အာားလုံးကို အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ သူလျှိုလုပ်မှုဖြင့် အီရန်နိုင်ငံတွင် ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား(၅)ဦးတွင် သုံးဦးမှာ ထောင်ဒဏ်(၁ဝ)နှစ် ချမှတ်ခံထားရပြီး Siamak Namazi၊ Emad Shargi နှင့် Morad Tahbazအမည်ရှိ အမျိုးသားတို့ဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသော အခြားအကျဉ်းသားနှစ်ဦးကို အမည်မသိအဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။အသက်(၅၁)နှစ်အရွယ် စီးပွားရေးသမားSiamak Namaziသည် (၂ဝ၁၅) ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး Emad Shargi နှင့် Morad Tahbaz တို့မှာ ၂ဝ၁၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရက ပြန်လွှတ်ပေးခဲ့သော အီရန်အကျဉ်းသား(၅)ဦးအနက် (၂)ဦးမှာ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် အီရန်နိုင်ငံသို့ ပြန်လာနေပြီဖြစ်ပြီး အခြား(၃)ဦးမှာ အမေရိကန်နိုင်ငံတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။
ထို့အပြင် ပိတ်ဆို့ခံထားရသော အီရန်ပိုင်အမေရိကန်ဒေါ်လာ(၆)ဘီလျံသည်လည်း အီရန်ဘဏ်များထံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း အီရန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Mohammadreza Farzin က အတည်ပြုပြောကြားခဲ့သည်။
Zawgyi Version;
အက်ဥ္းသားအျပန္အလွန္လဲလွယ္ၿပီးေနာက္ အီရန္ပိုင္ေငြေၾကးမ်ားကို အေမရိကန္အစိုးရ ျပန္ထုတ္ခြင့္ေပး
Pika (NP News) - စက္တင္ဘာ ၁၉
အီရန္အာဏာပိုင္မ်ားသည္ ဖမ္းဆီးထိန္းသိမ္းထားေသာ အေမရိကန္ႏိုင္ငံသားအက်ဥ္းသား(၅)ဦးကို ျပန္လႊတ္ေပးခဲ့ၿပီး ၎တို႔အားလုံးမွာ ကာတာႏိုင္ငံမွတစ္ဆင့္ အေမရိကန္ႏိုင္ငံသို႔ျပန္လာေနၿပီျဖစ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
အျပန္အလွန္အေနျဖင့္ အေမရိကန္သည္ ဖမ္းဆီးထိန္းသိမ္းထားေသာ အီရန္ႏိုင္ငံသားအက်ဥ္းသား(၅)ဦးကို ျပန္လႊတ္ေပးခဲ့ၿပီး အေမရိကန္ႏွင့္ဆက္စပ္ေသာႏိုင္ငံမ်ားတြင္ အပ္ႏွံထားသည့္ အီရန္ပိုင္ဆိုင္ေသာ အေမရိကန္ေဒၚလာ(၆)ဘီလ်ံကို ျပန္ေပးခဲ့ေၾကာင္း သိရသည္။
အေမရိကန္သည္ ေတာင္ကိုရီးယားႏွင့္ ကာတာႏိုင္ငံတို႔ရွိဘဏ္မ်ားအား အီရန္၏ ေရနံဝင္ေငြ အေမရိကန္ေဒၚလာ(၆)ဘီလ်ံကို ပိတ္ဆို႔ထားရာမွ ျပန္လည္ဖြင့္ေပးရန္ ၫႊန္ၾကားခဲ့ကာ ႏွစ္ႏိုင္ငံၾကား အက်ဥ္းသားလဲလွယ္မႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံသား(၅)ဦးသည္ စက္တင္ဘာလ(၁၈)ရက္ နံနက္တြင္ တီဟီရန္ၿမိဳ႕မွ ဂ်က္ေလယာဥ္ျဖင့္ ထြက္ခြာခဲ့ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာခဲ့သည္။
အဆိုပါ အေမရိကန္ႏိုင္ငံသား ငါးဦးသည္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕သို႔ေရာက္ရွိလာၿပီးေနာက္ ၎တို႔အာားလုံးကို အေမရိကန္အာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။ သူလွ်ိဳလုပ္မႈျဖင့္ အီရန္ႏိုင္ငံတြင္ ဖမ္းဆီးခံထားရေသာ အေမရိကန္ႏိုင္ငံသား(၅)ဦးတြင္ သုံးဦးမွာ ေထာင္ဒဏ္(၁ဝ)ႏွစ္ ခ်မွတ္ခံထားရၿပီး Siamak Namazi၊ Emad Shargi ႏွင့္ Morad Tahbazအမည္ရွိ အမ်ိဳးသားတို႔ျဖစ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
ဖမ္းဆီးခံထားရေသာ အျခားအက်ဥ္းသားႏွစ္ဦးကို အမည္မသိအျဖစ္ ဆက္လက္ထားရွိမည္ျဖစ္ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။အသက္(၅၁)ႏွစ္အ႐ြယ္ စီးပြားေရးသမားSiamak Namaziသည္ (၂ဝ၁၅) ခုႏွစ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး Emad Shargi ႏွင့္ Morad Tahbaz တို႔မွာ ၂ဝ၁၈ ခုႏွစ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္အစိုးရက ျပန္လႊတ္ေပးခဲ့ေသာ အီရန္အက်ဥ္းသား(၅)ဦးအနက္ (၂)ဦးမွာ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ ကာတာႏိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံသို႔ ျပန္လာေနၿပီျဖစ္ၿပီး အျခား(၃)ဦးမွာ အေမရိကန္ႏိုင္ငံတြင္သာ ဆက္လက္ေနထိုင္ရန္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း အီရန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ထို႔အျပင္ ပိတ္ဆို႔ခံထားရေသာ အီရန္ပိုင္အေမရိကန္ေဒၚလာ(၆)ဘီလ်ံသည္လည္း အီရန္ဘဏ္မ်ားထံသို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း အီရန္ဗဟိုဘဏ္ အုပ္ခ်ဳပ္ေရးမႉး Mohammadreza Farzin က အတည္ျပဳေျပာၾကားခဲ့သည္။