ကိုရီးယားနိုင်ငံ၌ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ ဒီဇင်ဘာလကုန်မတိုင်မီထွက်ခွါပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဟုဆို

 602

ယွန်း (NP News)- စက်တင်ဘာ ၁၉

ကိုရီးယားနိုင်ငံ၌ တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများအား ဒီဇင်ဘာလကုန်မတိုင်မီ ထွက်ခွာပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသားများလည်းပါဝင်သည့်အတွက် ကိုရီးယားနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ အကြောင်းကြားလာကြောင်း မြန်မာသံရုံးက ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံ၌ တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများအနေဖြင့် စက်တင်ဘာလ(၁၁)ရက်မှ ဒီဇင်ဘာလ (၃၁)ရက်အတွင်း မိမိဆန္ဒအလျောက် ထွက်ခွာမည်ဆိုပါက ဒဏ်ကြေးကင်းလွတ်ခွင့်အပြင် ပြည်ဝင်ခွင့် ကန့်သတ် ချက်များလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ အကြောင်းကြားလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အကြောင်းကြားချက်တွင် ဒီဇင်ဘာလ(၃၁)ရက်မတိုင်မီ ထွက်ခွါမည်ဆိုပါက ကြိုတင်သတင်းပို့စနစ်အရ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက်ထွက်ခွါမည့် အကြောင်းကြားစာ၊ လေယာဥ်လက်မှတ်အစရှိသည့် စာရွက် စာတမ်းများဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းဖြင့်ဖြစ်စေ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ လျှောက်ထားပြီး လေဆိပ်မှတစ်ဆင့် နေ့ချင်းထွက်ခွာမည်ဆိုပါက ဒဏ်ကြေးကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်ဆိုင်းငံ့ခြင်းအားခံယူပြီး နိုင်ငံအတွင်းမှ ထွက်ခွာနိုင်ကြောင်း သံရုံးမှ အသိပေးထားသည်။

သို့သော် အဆိုပါစနစ်စတင်သက်ရောက်သည့် စက်တင်ဘာလ(၁၁)ရက်နောက်ပိုင်း တရားမဝင်နေထိုင်သည့် နိုင်ငံ ခြားသားနှင့် ခိုးဝင်နေထိုင်သူ၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်ထားသူ၊ ပြစ်မှုကျူးလွန်ထားသူ၊ ထွက်ခွါမိန့်အား လိုက်နာရန်ပျက်ကွက်ထားသူများ မပါဝင်ကြောင်း သိရသည်။

zawgyi version
ကိုရီးယားႏိုင္ငံ၌ တရားမဝင္ေနထိုင္သည့္ ျမန္မာႏိုင္ငံသားမ်ား ဒီဇင္ဘာလကုန္မတိုင္မီထြက္ခြါပါက ဒဏ္ေၾကးကင္းလြတ္ခြင့္ျပဳမည္ဟုဆို
ယြန္း (NP News)- စက္တင္ဘာ ၁၉

ကိုရီးယားႏိုင္ငံ၌ တရားမဝင္ေနထိုင္သည့္ ႏိုင္ငံျခားသားမ်ားအား ဒီဇင္ဘာလကုန္မတိုင္မီ ထြက္ခြာပါက ဒဏ္ေၾကးကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ႏိုင္ငံျခားသားမ်ားတြင္ ျမန္မာႏိုင္ငံသားမ်ားလည္းပါဝင္သည့္အတြက္ ကိုရီးယားႏိုင္ငံ၊ တရားေရးဝန္ႀကီးဌာနမွ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးသို႔ အေၾကာင္းၾကားလာေၾကာင္း ျမန္မာသံ႐ုံးက ယေန႔(စက္တင္ဘာလ ၁၉ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ကိုရီးယားႏိုင္ငံ၌ တရားမဝင္ေနထိုင္ေနသည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ စက္တင္ဘာလ(၁၁)ရက္မွ ဒီဇင္ဘာလ (၃၁)ရက္အတြင္း မိမိဆႏၵအေလ်ာက္ ထြက္ခြာမည္ဆိုပါက ဒဏ္ေၾကးကင္းလြတ္ခြင့္အျပင္ ျပည္ဝင္ခြင့္ ကန႔္သတ္ ခ်က္မ်ားလည္း ဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း ကိုရီးယားႏိုင္ငံ၊ တရားေရးဝန္ႀကီးဌာနမွ ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕သို႔ အေၾကာင္းၾကားလာေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အေၾကာင္းၾကားခ်က္တြင္ ဒီဇင္ဘာလ(၃၁)ရက္မတိုင္မီ ထြက္ခြါမည္ဆိုပါက ႀကိဳတင္သတင္းပို႔စနစ္အရ ႏိုင္ငံကူးလက္မွတ္၊ မိမိဆႏၵအေလ်ာက္ထြက္ခြါမည့္ အေၾကာင္းၾကားစာ၊ ေလယာဥ္လက္မွတ္အစရွိသည့္ စာ႐ြက္ စာတမ္းမ်ားျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဌာနသို႔ ကိုယ္တိုင္ျဖစ္ေစ၊ အြန္လိုင္းျဖင့္ျဖစ္ေစ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထိုသို႔ ေလွ်ာက္ထားၿပီး ေလဆိပ္မွတစ္ဆင့္ ေန႔ခ်င္းထြက္ခြာမည္ဆိုပါက ဒဏ္ေၾကးကင္းလြတ္ခြင့္ႏွင့္ ျပည္ဝင္ခြင့္ကန႔္သတ္ခ်က္ဆိုင္းငံ့ျခင္းအားခံယူၿပီး ႏိုင္ငံအတြင္းမွ ထြက္ခြာႏိုင္ေၾကာင္း သံ႐ုံးမွ အသိေပးထားသည္။

သို႔ေသာ္ အဆိုပါစနစ္စတင္သက္ေရာက္သည့္ စက္တင္ဘာလ(၁၁)ရက္ေနာက္ပိုင္း တရားမဝင္ေနထိုင္သည့္ ႏိုင္ငံ ျခားသားႏွင့္ ခိုးဝင္ေနထိုင္သူ၊ ႏိုင္ငံကူးလက္မွတ္အတုျပဳလုပ္ထားသူ၊ ျပစ္မႈက်ဴးလြန္ထားသူ၊ ထြက္ခြါမိန႔္အား လိုက္နာရန္ပ်က္ကြက္ထားသူမ်ား မပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.