ထိုင်းနိုင်ငံတွင် လယ်သမားများကို အမှိုက်များမီးရှို့ခြင်းမလုပ်ရန် ထိုင်းအစိုးရ တောင်းဆို

374

Pika (NP News) - စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံတွင် လေထုအရည်အသွေးကောင်းမွန်စေရန်အတွက် လယ်သမားများ၏ အမှိုက်မီးရှို့ခြင်းများအား တားမြစ်ပိတ်ပင်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးအဖွဲ့အစည်းတစ်ခုမှ အကြီးအကဲက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် လူသန်းချီဆေးကုသမှုများ လုပ်ဆောင်ရန် လိုအပ်ခဲ့ပြီးနောက် ၎င်းကယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးသည် အလွန်ဆိုးရွားခဲ့ပြီး ပြီးခဲ့သည့်ဧပြီလအတွင်း ဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့တို့သည် လေထုအညစ်ညမ်းဆုံးမြို့များထဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
လေထုညစ်ညမ်းမှုကိုဖြစ်စေသော အမှုန်အမွှားများပါဝင်မှုနှုန်း မြင့်တက်နေကော ဘေးကင်းမှုမရှိသော အခြေအနေမျိုးကိုရောက်ရှိနေသောကြောင့် လူများကိုနေအိမ်ထဲတွင်သာ နေထိုင်ကြရန် နှင့် နေအိမ်မှသာ အလုပ်လုပ်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေသော အမှုန်အမွှားများပါဝင်နေမှု မြင့်တက်လာရခြင်း အဓိကအကြောင်းအရင်းမှာ လာမည့်သီးနှံရာသီအတွက် လယ်ယာမြေများ နှင့် အမှိုက်များကို မီးရှို့ခြင်းတို့ကြောင့်ဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါမီးရှို့ခြင်းလုပ်ငန်းစဉ်များကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးအဖွဲ့အကြီးအကဲက ထုတ်ဖော်ပြောဆိုခဲ့သည်။ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ Thai Feed Mill Association (TFMA) ၏ ဥက္ကဋ္ဌ Pornsil Patcharintanakul က "အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ လယ်သမားတွေ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့ လယ်ယာမြေတွေနဲ့ အမှိုက်တွေမီးရှို့တာကို တားမြစ်ပိတ်ပင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများကို အလျင်အမြန်လုပ်ဆောင်ရန် ထိုင်းဝန်ကြီးချုပ်သစ်ဆာရက်တာသာဗီဆင်၏ အစိုးရအဖွဲ့ကို ၎င်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သော ပြဿနာများကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လူပေါင်း(၂)သန်းကျော် ဆေးဝါးကုသမှုများ ခံယူခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သစ်ဆာရက်တာသာဗီဆင်၏ အစိုးရအဖွဲ့သည် လေထုညစ်ညမ်းမှုပြဿနာကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လုပ်ဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ လယ္သမားမ်ားကို အမႈိက္မ်ားမီးရႈိ႕ျခင္းမလုပ္ရန္ ထိုင္းအစိုးရ ေတာင္းဆို
Pika (NP News) - စက္တင္ဘာ ၁၉
ထိုင္းႏိုင္ငံတြင္ ေလထုအရည္အေသြးေကာင္းမြန္ေစရန္အတြက္ လယ္သမားမ်ား၏ အမႈိက္မီးရႈိ႕ျခင္းမ်ားအား တားျမစ္ပိတ္ပင္ရမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးအဖြဲ႕အစည္းတစ္ခုမွ အႀကီးအကဲက ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံတြင္ ေလထုညစ္ညမ္းမႈမ်ားေၾကာင့္ လူသန္းခ်ီေဆးကုသမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ခဲ့ၿပီးေနာက္ ၎ကယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ယခုႏွစ္အေစာပိုင္းတြင္ ထိုင္းႏိုင္ငံ၏ ေလထုအရည္အေသြးသည္ အလြန္ဆိုး႐ြားခဲ့ၿပီး ၿပီးခဲ့သည့္ဧၿပီလအတြင္း ဘန္ေကာက္ၿမိဳ႕ႏွင့္ခ်င္းမိုင္ၿမိဳ႕တို႔သည္ ေလထုအညစ္ညမ္းဆုံးၿမိဳ႕မ်ားထဲတြင္ ပါဝင္ခဲ့ေၾကာင္း သိရသည္။
ေလထုညစ္ညမ္းမႈကိုျဖစ္ေစေသာ အမႈန္အမႊားမ်ားပါဝင္မႈႏႈန္း ျမင့္တက္ေနေကာ ေဘးကင္းမႈမရွိေသာ အေျခအေနမ်ိဳးကိုေရာက္ရွိေနေသာေၾကာင့္ လူမ်ားကိုေနအိမ္ထဲတြင္သာ ေနထိုင္ၾကရန္ ႏွင့္ ေနအိမ္မွသာ အလုပ္လုပ္ၾကရန္ အာဏာပိုင္မ်ားက တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။
ေလထုညစ္ညမ္းမႈကို ဆိုး႐ြားစြာျဖစ္ေစေသာ အမႈန္အမႊားမ်ားပါဝင္ေနမႈ ျမင့္တက္လာရျခင္း အဓိကအေၾကာင္းအရင္းမွာ လာမည့္သီးႏွံရာသီအတြက္ လယ္ယာေျမမ်ား ႏွင့္ အမႈိက္မ်ားကို မီးရႈိ႕ျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
ထို႔အျပင္ အဆိုပါမီးရႈိ႕ျခင္းလုပ္ငန္းစဥ္မ်ားကို ရပ္တန႔္ရမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ စိုက္ပ်ိဳးေရးအဖြဲ႕အႀကီးအကဲက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေအာက္ရွိ Thai Feed Mill Association (TFMA) ၏ ဥကၠ႒ Pornsil Patcharintanakul က "အစိုးရအေနနဲ႔ ႏိုင္ငံတြင္းမွာ လယ္သမားေတြ အသုံးအမ်ားဆုံးနည္းလမ္းတစ္ခုျဖစ္တဲ့ လယ္ယာေျမေတြနဲ႔ အမႈိက္ေတြမီးရႈိ႕တာကို တားျမစ္ပိတ္ပင္သင့္ပါတယ္" ဟု ေျပာခဲ့သည္။
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္မႈမ်ားကို အလ်င္အျမန္လုပ္ေဆာင္ရန္ ထိုင္းဝန္ႀကီးခ်ဳပ္သစ္ဆာရက္တာသာဗီဆင္၏ အစိုးရအဖြဲ႕ကို ၎က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
ေလထုညစ္ညမ္းမႈႏွင့္ဆက္စပ္ေသာ ျပႆနာမ်ားေၾကာင့္ ယခုႏွစ္အတြင္း ထိုင္းႏိုင္ငံတြင္ လူေပါင္း(၂)သန္းေက်ာ္ ေဆးဝါးကုသမႈမ်ား ခံယူခဲ့ရေၾကာင္း ၎ကေျပာၾကားခဲ့သည္။
ထိုင္းဝန္ႀကီးခ်ဳပ္သစ္ဆာရက္တာသာဗီဆင္၏ အစိုးရအဖြဲ႕သည္ ေလထုညစ္ညမ္းမႈျပႆနာကို ဦးစားေပးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း လုပ္ေဆာင္မည့္ကိစၥႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။