ချောက်မြို့နယ်စည်ပင်သာယာရေးရုံးအား အကြမ်းဖက်(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်

 773

Pearl (NP News) - စက်တင်ဘာ ၁၉

ချောက်မြို့နယ်စည်ပင်သာယာရေးရုံးအား အကြမ်းဖက်(၂)ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၈ရက်)၊ နံနက် (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ စည်ပင်သာယာရေးရုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အမျိုးသား (၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ အဆိုပါချောက်မြို့နယ်စည်ပင်သာယာရေး ရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ထွက်ပြေးသွားခဲ့ပြီး လက်ပစ်ဗုံးသည် ရုံးရှေ့ရှိသစ်ပင်အား ထိမှန်ခဲ့၍ ကားအောက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် ကားတာယာများပျက်စီးသွားခဲ့ပြီး ဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်စည်ပင်ရုံးအား Chauk Guerrilla Force (C.G.F)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)ရက်တွင် အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်တွင် အဆိုပါ C.G.F အဖွဲ့က ချောက်မြို့နယ်ရှိ မြို့နယ်စည်ပင်ရုံးနှင့် လျှပ်စစ်ရုံးတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ေခ်ာက္ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးအား အၾကမ္းဖက္(၂)ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္
Pearl (NP News) - စက္တင္ဘာ ၁၉

ေခ်ာက္ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးအား အၾကမ္းဖက္(၂)ဦးက လက္ပစ္ဗုံးျဖင့္ပစ္ေပါက္တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၈ရက္)၊ နံနက္ (၁၀)နာရီ အခ်ိန္ခန႔္တြင္ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နယ္ရွိ စည္ပင္သာယာေရး႐ုံး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္အမ်ိဳးသား (၂)ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာကာ အဆိုပါေခ်ာက္ၿမိဳ႕နယ္စည္ပင္သာယာေရး ႐ုံးအား လက္ပစ္ဗုံးျဖင့္ပစ္ေပါက္၍ထြက္ေျပးသြားခဲ့ၿပီး လက္ပစ္ဗုံးသည္ ႐ုံးေရွ႕ရွိသစ္ပင္အား ထိမွန္ခဲ့၍ ကားေအာက္သို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္းသိရသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ကားတာယာမ်ားပ်က္စီးသြားခဲ့ၿပီး ဝန္ထမ္းတစ္ဦးႏွင့္ အရပ္သားတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါၿမိဳ႕နယ္စည္ပင္႐ုံးအား Chauk Guerrilla Force (C.G.F)က ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ယမန္ေန႔ (စက္တင္ဘာလ ၁၈ ရက္)ရက္တြင္ အဆိုပါအဖြဲ႕က ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

အလားတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၅ ရက္တြင္ အဆိုပါ C.G.F အဖြဲ႕က ေခ်ာက္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္စည္ပင္႐ုံးႏွင့္ လွ်ပ္စစ္႐ုံးတို႔အား ေသနတ္ျဖင့္ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.