ပျောက်ဆုံးနေသော F-35 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်မှ အပျက်အစီးများကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်ပြော

 8346

Pika (NP News) - စက်တင်ဘာ ၁၉

လေယာဉ်မှူး ခုန်ထွက်ပြီးနောက် ပျောက်ဆုံးသွားသော F-35 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်မှ အပျက်အစီးများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ F-35 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သည် အမေရိကန်ဒေါ်လာသန်း(၈ဝ) ခန့် တန်ဖိုးရှိကြောင်းလည်း သိရသည်။ F-35 အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်၏ အပျက်အစီးများကို တောင်ကာရိုလိုင်းနားပြည်နယ် Williamsburg ကောင်တီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် "အဲဒီကောင်တီမှာ နေထိုင်တဲ့လူတွေဟာ တိုက်လေယာဉ်ပျက်ကျနေရာ အနီးတဝိုက်ကို သွားရောက်ကြည့်ရှုတာမျိုး မလုပ်ဆောင်သင့်ပါဘူး၊၊ ပြီးတော့ ပြန်လည်ဆယ်ယူရေးအဖွဲ့တွေဟာ F-35 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့အပျက်အစီး အပိုင်းအစတွေကို သိမ်းယူနေပါတယ်" ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်လေယာဉ်သည် စက်တင်ဘာလ(၁၇)ရက် နံနက်ပိုင်းတွင် တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပျောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ထို့အပြင် F-35 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ရှိသူများကိုလည်း ဆက်သွယ်ခြင်းများ လုပ်ဆောင်ပေးရန် Joint Base Charleston (JBC) က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

F-35 အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်သည် အခြားတိုက်လေယာဉ်များနှင့်မတူဘဲ ထူးခြားသောာပုံသဏ္ဍာရှိပြီး ရေဒါဖြင့် ထောက်လှမ်းခြင်းမှလည်း ရှောင်ရှားနိုင်သောကြောင့် ကမ္ဘာတဝန်းရှိ အမေရိကန် ၏ မိတ်ဖက်နိုင်ငံများ အထူးသဖြင့် ယူကရိန်းနိုင်ငံက လိုချင်နေကြောင်းလည်း သိရသည်။

လေယာဉ်မှူးသည် အကြောင်းအရာတစ်ခုခုကြောင့် ထိုင်ခုံဖြင့်ခုန်ထွက်ပြီးနောက် North Charleston ရပ်ကွက်အတွင်းသို့ ဘေးကင်းစွာ ရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
ေပ်ာက္ဆုံးေနေသာ F-35 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္မွ အပ်က္အစီးမ်ားကို ျပန္လည္ရွာေဖြ ေတြ႕ရွိခဲ့ၿပီျဖစ္ေၾကာင္း အေမရိကန္စစ္တပ္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၉

ေလယာဥ္မႉး ခုန္ထြက္ၿပီးေနာက္ ေပ်ာက္ဆုံးသြားေသာ F-35 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္မွ အပ်က္အစီးမ်ားကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္ေၾကာင္း အေမရိကန္စစ္တပ္က ေျပာၾကားခဲ့သည္။

အဆိုပါ F-35 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္သည္ အေမရိကန္ေဒၚလာသန္း(၈ဝ) ခန႔္ တန္ဖိုးရွိေၾကာင္းလည္း သိရသည္။ F-35 အမ်ိဳးအစားကိုယ္ေပ်ာက္တိုက္ေလယာဥ္၏ အပ်က္အစီးမ်ားကို ေတာင္ကာ႐ိုလိုင္းနားျပည္နယ္ Williamsburg ေကာင္တီတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္တြင္ "အဲဒီေကာင္တီမွာ ေနထိုင္တဲ့လူေတြဟာ တိုက္ေလယာဥ္ပ်က္က်ေနရာ အနီးတဝိုက္ကို သြားေရာက္ၾကည့္ရႈတာမ်ိဳး မလုပ္ေဆာင္သင့္ပါဘူး၊၊ ၿပီးေတာ့ ျပန္လည္ဆယ္ယူေရးအဖြဲ႕ေတြဟာ F-35 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္ရဲ႕အပ်က္အစီး အပိုင္းအစေတြကို သိမ္းယူေနပါတယ္" ဟု ထုတ္ျပန္ထားသည္။

အဆိုပါတိုက္ေလယာဥ္သည္ စက္တင္ဘာလ(၁၇)ရက္ နံနက္ပိုင္းတြင္ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္မွာ ေပ်ာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။

ထို႔အျပင္ F-35 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္ႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္ရွိသူမ်ားကိုလည္း ဆက္သြယ္ျခင္းမ်ား လုပ္ေဆာင္ေပးရန္ Joint Base Charleston (JBC) က တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။

F-35 အမ်ိဳးအစားကိုယ္ေပ်ာက္တိုက္ေလယာဥ္သည္ အျခားတိုက္ေလယာဥ္မ်ားႏွင့္မတူဘဲ ထူးျခားေသာာပုံသ႑ာရွိၿပီး ေရဒါျဖင့္ ေထာက္လွမ္းျခင္းမွလည္း ေရွာင္ရွားႏိုင္ေသာေၾကာင့္ ကမာၻတဝန္းရွိ အေမရိကန္ ၏ မိတ္ဖက္ႏိုင္ငံမ်ား အထူးသျဖင့္ ယူကရိန္းႏိုင္ငံက လိုခ်င္ေနေၾကာင္းလည္း သိရသည္။

ေလယာဥ္မႉးသည္ အေၾကာင္းအရာတစ္ခုခုေၾကာင့္ ထိုင္ခုံျဖင့္ခုန္ထြက္ၿပီးေနာက္ North Charleston ရပ္ကြက္အတြင္းသို႔ ေဘးကင္းစြာ ေရာက္ရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.