ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦး သေဆုံး

 458

Pika (NP News) - စက်တင်ဘာ ၁၉

ပီရူးနိုင်ငံတွင် စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦးသေဆုံးခဲ့ကြောင်း အဆိုပါဘတ်စ်ကားလုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံးခဲ့ကြောင်း Molina Union ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် Scarlet Bueno ကပြောကြားခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။

ဘတ်စ်ကာားတိမ်းမှောက်မှုသည် စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီရူးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးအေဂျင်စီ (SUTRAN) က ဖော်ပြထားသော်လည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို သတင်းထုတ်ပြန်ထားခြင်းမျိုးမရှိကြောင်း သိရသည်။

ဘတ်စ်ကားသည် Ayacucho မြို့မှ Huancayo မြို့သို့ သွားနေခြင်းဖြစ်ကြောင်း (SUTRAN) က ပြောကြားခဲ့သည်။ အဆိုပါမတော်တဆမှုမှာစက်တင်ဘာလ (၁၈)ရက် နံနက်(၁)နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြထားသော်လည်း ဘတ်စ်ကားကုမ္ပဏီနှင့် ရဲတပ်ဖွဲ့များက မတော်တဆမှုဖြစ်ပွားရသည့်အချိန်ကို အတည်ပြုခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။

အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ ဘတ်စ်ကားသည် ဘေးကင်းရေးစစ်ဆေးခြင်းများကို လုပ်ဆောင်ထားပြီး မတော်တဆမှုအာမခံများကိုလည်း လုပ်ဆောင်ထားပုံပေါ်ကြောင်း SUTRAN က ပြောကြားခဲ့သည်။

ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်ဇန်နဝါရီလက နိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပီ႐ူးႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၂၄)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၁၉

ပီ႐ူးႏိုင္ငံတြင္ စက္တင္ဘာလ(၁၈)ရက္ နံနက္ပိုင္းက ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၂၄)ဦးေသဆုံးခဲ့ေၾကာင္း အဆိုပါဘတ္စ္ကားလုပ္ငန္းကို လုပ္ကိုင္ေနေသာ ကုမၸဏီက ေျပာၾကားခဲ့သည္။

အဆိုပါမေတာ္တဆမႈေၾကာင့္ အနည္းဆုံးလူ(၂၄)ဦး ေသဆုံးခဲ့ေၾကာင္း Molina Union ကုမၸဏီ၏ ကိုယ္စားလွယ္တစ္ဦးျဖစ္သည့္ Scarlet Bueno ကေျပာၾကားခဲ့ေသာ္လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။

ဘတ္စ္ကာားတိမ္းေမွာက္မႈသည္ စက္တင္ဘာလ(၁၈)ရက္ နံနက္ပိုင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ပီ႐ူးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ေရးေအဂ်င္စီ (SUTRAN) က ေဖာ္ျပထားေသာ္လည္း ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ အေရအတြက္ အတိအက်ကို သတင္းထုတ္ျပန္ထားျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။

ဘတ္စ္ကားသည္ Ayacucho ၿမိဳ႕မွ Huancayo ၿမိဳ႕သို႔ သြားေနျခင္းျဖစ္ေၾကာင္း (SUTRAN) က ေျပာၾကားခဲ့သည္။ အဆိုပါမေတာ္တဆမႈမွာစက္တင္ဘာလ (၁၈)ရက္ နံနက္(၁)နာရီခြဲအခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားကေဖာ္ျပထားေသာ္လည္း ဘတ္စ္ကားကုမၸဏီႏွင့္ ရဲတပ္ဖြဲ႕မ်ားက မေတာ္တဆမႈျဖစ္ပြားရသည့္အခ်ိန္ကို အတည္ျပဳခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။

အေစာပိုင္း စုံစမ္းစစ္ေဆးမႈမ်ားအရ ဘတ္စ္ကားသည္ ေဘးကင္းေရးစစ္ေဆးျခင္းမ်ားကို လုပ္ေဆာင္ထားၿပီး မေတာ္တဆမႈအာမခံမ်ားကိုလည္း လုပ္ေဆာင္ထားပုံေပၚေၾကာင္း SUTRAN က ေျပာၾကားခဲ့သည္။

ပီ႐ူးႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈမ်ားမွာ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ၿပီးခဲ့သည့္ဇန္နဝါရီလက ႏိုင္ငံေျမာက္ပိုင္းတြင္ ဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၂၄)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.