မြောက်ကိုရီးယားဘောလုံးအသင်းက လေးနှစ်အတွင်း နိုင်ငံတကာပွဲများကို ပထမဆုံးအကြိမ် ပြန်ကစားမည်

878

Pika (NP News) - စက်တင်ဘာ ၁၉
မြောက်ကိုရီးယားသည် ၎င်း၏ နိုင်ငံနယ်စပ်များကို လေးနှစ်ကြာ ပိတ်ထားခဲ့ပြီးနောက် နောက်ဆုံးတွင် မြောက်ကိုရီးယားအမျိုးသား ဘောလုံးအသင်းသည် နိုင်ငံတကာပွဲများကို ပထမဆုံးအကြိမ် ပြန်လည်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားအမျိုးသားဘောလုံးအသင်းသည် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ၂ဝ၁၉ ခုနှစ်ကုန်တွင် ကစားခဲ့သော လက်ဘနွန်အသင်းနှင့် သရေကျခဲ့သည့်အာရှခြေစစ်ပွဲပြီးတည်းက လက်ရှိအချိန်ထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် Asian Games များပြီးကတည်းက မြောက်ကိုရီးယားသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမျိုုးမရှိခဲ့သည့်အပြင် ၂ဝ၂ဝ ခုနှစ် တိုကျိုအိုလံပစ်၊ ၂ဝ၂၂ ခုနှစ် ပေကျင်းအိုလံပစ်နှင့် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိအချိန်တွင် မြောက်ကိုရီးယားမှ အားကစားသမားများသည် တရုတ်နိုင်ငံ Hangzhou မြို့တွင် ကျင်းပမည့် Asian Games ပြိုင်ပွဲများတွင် ဂျူဒို၊ ဘောလုံးနှင့် ဘော်လီဘောကစားရန် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရသည်။
Asian Games ပြိုင်ပွဲများတွင် မြောက်ကိုရီးယားက အကောင်းဆုံးစွမ်းဆောင်ပြနိုင်သည့် အားကစားမှာ ဘောလုံးအားကစားဖြစ်ကြောင်းလည်း သိရသည်။
ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရပြီးနောက် Asian Games ပြိုင်ပွဲများကို တရုတ်နိုင်ငံ Hangzhou မြို့တွင် စက်တင်ဘာလ(၂၃)ရက်မှ အောက်တိုဘာလ(၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ေျမာက္ကိုရီးယားေဘာလုံးအသင္းက ေလးႏွစ္အတြင္း ႏိုင္ငံတကာပြဲမ်ားကို ပထမဆုံးအႀကိမ္ ျပန္ကစားမည္
Pika (NP News) - စက္တင္ဘာ ၁၉
ေျမာက္ကိုရီးယားသည္ ၎၏ ႏိုင္ငံနယ္စပ္မ်ားကို ေလးႏွစ္ၾကာ ပိတ္ထားခဲ့ၿပီးေနာက္ ေနာက္ဆုံးတြင္ ေျမာက္ကိုရီးယားအမ်ိဳးသား ေဘာလုံးအသင္းသည္ ႏိုင္ငံတကာပြဲမ်ားကို ပထမဆုံးအႀကိမ္ ျပန္လည္ကစားမည္ျဖစ္ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားအမ်ိဳးသားေဘာလုံးအသင္းသည္ ၂ဝ၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ၂ဝ၁၉ ခုႏွစ္ကုန္တြင္ ကစားခဲ့ေသာ လက္ဘႏြန္အသင္းႏွင့္ သေရက်ခဲ့သည့္အာရွေျခစစ္ပြဲၿပီးတည္းက လက္ရွိအခ်ိန္ထိ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
၂ဝ၁၈ ခုႏွစ္ Asian Games မ်ားၿပီးကတည္းက ေျမာက္ကိုရီးယားသည္ ႏိုင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းမ်ိဳုးမရွိခဲ့သည့္အျပင္ ၂ဝ၂ဝ ခုႏွစ္ တိုက်ိဳအိုလံပစ္၊ ၂ဝ၂၂ ခုႏွစ္ ေပက်င္းအိုလံပစ္ႏွင့္ ၂ဝ၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမ်ားတြင္ ပါဝင္ကစားခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေျမာက္ကိုရီးယားမွ အားကစားသမားမ်ားသည္ တ႐ုတ္ႏိုင္ငံ Hangzhou ၿမိဳ႕တြင္ က်င္းပမည့္ Asian Games ၿပိဳင္ပြဲမ်ားတြင္ ဂ်ဴဒို၊ ေဘာလုံးႏွင့္ ေဘာ္လီေဘာကစားရန္ စာရင္းသြင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။
Asian Games ၿပိဳင္ပြဲမ်ားတြင္ ေျမာက္ကိုရီးယားက အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္သည့္ အားကစားမွာ ေဘာလုံးအားကစားျဖစ္ေၾကာင္းလည္း သိရသည္။
ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ တစ္ႏွစ္ေ႐ႊ႕ဆိုင္းခဲ့ရၿပီးေနာက္ Asian Games ၿပိဳင္ပြဲမ်ားကို တ႐ုတ္ႏိုင္ငံ Hangzhou ၿမိဳ႕တြင္ စက္တင္ဘာလ(၂၃)ရက္မွ ေအာက္တိုဘာလ(၈)ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။