ငွေကြေးဖောင်းပွမှုများကို ထိန်းသိမ်းရန် ရုန်းကန်နေရခြင်းများကြောင့် မြန်မာနိုင်ငံတွင် စားသုံးဆီ ထောက်ပံ့ရေးကွင်းဆက်များ အခက်အခဲဖြစ်နေ

5432

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉
မြန်မာအစိုးရအာဏာပိုင်များသည် ငွေကြေးဖောင်းပွမှုများကို ထိန်းသိမ်းရန် ရုန်းကန်နေရခြင်းများကြောင့် ပြည်တွင်းစားသုံးဆီ ထောက်ပံ့မှုကွင်းဆက်အခက်အခဲဖြစ်ပွားခြင်း နှင့်တွေ့ကြုံနေရကြောင်း ဂျပန်နိုင်ငံအခြေစိုက်သတင်းဌာနက ဖော်ပြထားသည်။
ပြည်တွင်း ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းများကြောင့် အထူးသဖြင့် ပြည်ပမှ တင်သွင်းနေရသော ကုန်စည်များ အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်နေရာ အစိုးရအဖွဲ့တာဝန်ရှိသူများက စည်းကမ်းတင်းကြပ်သည့်နည်းလမ်းများဖြင့်တုံ့ပြန်ခဲ့ရာ စားသုံးဆီဈေးကွက် ကမောက်ကမဖြစ်လာစေခဲ့ကြောင်း သိရသည်။
စားသုံးဆီဈေးကွက်အတွင်းတွင် ဆီဈေးနှုန်းများသည် အစိုးရမှ သတ်မှတ်ထားသော ရည်ညွှန်း ဈေးနှုန်းများထက် နှစ်ဆဖြစ်နေရာ ပြည်သူများသည်ဆီရရှိရန်အတွက် တန်းစီ ဝယ်ယူမှုများ လုပ်ဆောင်ရကြောင်း သိရသည်။
ပြီးခဲ့သေ ာသြဂုတ်လအတွင်းတွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တရားဝင်လက်ကားရည်ညွှန်းဈေး တစ်ပိဿာ ၄၁၅၅ ကျပ် သတ်မှတ်ခဲ့သော်လည်း ဈေးကွက်တွင် ဆီတစ်ပိသာ ကျပ် တစ်သောင်းနီးပါးဖြစ်နေကြောင်းသိရသည်။
အစိုးရအာဏာပိုင်များသည် ဈေးနှုန်းထိန်းညှိမှုတွေကို ချိုးဖောက်နေသော စားသုံးဆီ လက်လီ/လက္ကားရောင်းချသူများကို သတင်းပေးပို့ကြရန် သုံးစွဲသူများကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
ဆီရောင်းကုန်သည်တစ်ဦးက ‘‘စားသုံးဆီအတွက် လက္ကားဈေးက ရည်ညွှန်းဈေးအထိ ကျဆင်းသွားခဲ့တယ်။ ဒါပေမယ့် စားသုံးဆီလက်ကျန်က အကန့်အသတ်ရှိတယ်" ဟု ပြောသည်။
မြန်မာဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း MEODA က ကုမ္ပဏီအလိုက် ရောင်းချပေးနေသော်လည်း ခွဲတမ်းမရသောလက်လီဆိုင်အချို့က အရောင်းပိတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဈေးနှုန်းများမြင့်တက်ရမှုဖြစ်ပွားရသော အဓိကအကြောင်းရာများထဲတွင် ပြည်တွင်းငွေကြေးဈေးနှုန်း ကျဆင်းခြင်းလည်း ပါဝင်နေပြီး၊ ပြည်တွင်းငွေကြေးဈေးနှုန်းကျဆင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်လာခဲ့ကာ ပြည်ပမှ တင်သွင်းသောကုန်စည်များကို ဈေးကြီးပေး တင်သွင်းခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ေငြေၾကးေဖာင္းပြမႈမ်ားကို ထိန္းသိမ္းရန္ ႐ုန္းကန္ေနရျခင္းမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္ စားသုံးဆီ ေထာက္ပံ့ေရးကြင္းဆက္မ်ား အခက္အခဲျဖစ္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉
ျမန္မာအစိုးရအာဏာပိုင္မ်ားသည္ ေငြေၾကးေဖာင္းပြမႈမ်ားကို ထိန္းသိမ္းရန္ ႐ုန္းကန္ေနရျခင္းမ်ားေၾကာင့္ ျပည္တြင္းစားသုံးဆီ ေထာက္ပံ့မႈကြင္းဆက္အခက္အခဲျဖစ္ပြားျခင္း ႏွင့္ေတြ႕ႀကဳံေနရေၾကာင္း ဂ်ပန္ႏိုင္ငံအေျခစိုက္သတင္းဌာနက ေဖာ္ျပထားသည္။
ျပည္တြင္း က်ပ္ေငြတန္ဖိုး က်ဆင္းျခင္းမ်ားေၾကာင့္ အထူးသျဖင့္ ျပည္ပမွ တင္သြင္းေနရေသာ ကုန္စည္မ်ား အပါအဝင္ ကုန္ပစၥည္းေဈးႏႈန္းေတြ ျမင့္တက္ေနရာ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက စည္းကမ္းတင္းၾကပ္သည့္နည္းလမ္းမ်ားျဖင့္တုံ႔ျပန္ခဲ့ရာ စားသုံးဆီေဈးကြက္ ကေမာက္ကမျဖစ္လာေစခဲ့ေၾကာင္း သိရသည္။
စားသုံးဆီေဈးကြက္အတြင္းတြင္ ဆီေဈးႏႈန္းမ်ားသည္ အစိုးရမွ သတ္မွတ္ထားေသာ ရည္ၫႊန္း ေဈးႏႈန္းမ်ားထက္ ႏွစ္ဆျဖစ္ေနရာ ျပည္သူမ်ားသည္ဆီရရွိရန္အတြက္ တန္းစီ ဝယ္ယူမႈမ်ား လုပ္ေဆာင္ရေၾကာင္း သိရသည္။
ၿပီးခဲ့ေသ ာၾသဂုတ္လအတြင္းတြင္ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက တရားဝင္လက္ကားရည္ၫႊန္းေဈး တစ္ပိႆာ ၄၁၅၅ က်ပ္ သတ္မွတ္ခဲ့ေသာ္လည္း ေဈးကြက္တြင္ ဆီတစ္ပိသာ က်ပ္ တစ္ေသာင္းနီးပါးျဖစ္ေနေၾကာင္းသိရသည္။
အစိုးရအာဏာပိုင္မ်ားသည္ ေဈးႏႈန္းထိန္းညႇိမႈေတြကို ခ်ိဳးေဖာက္ေနေသာ စားသုံးဆီ လက္လီ/လကၠားေရာင္းခ်သူမ်ားကို သတင္းေပးပို႔ၾကရန္ သုံးစြဲသူမ်ားကို တိုက္တြန္းေတာင္းဆိုထားေၾကာင္း သိရသည္။
ဆီေရာင္းကုန္သည္တစ္ဦးက ‘‘စားသုံးဆီအတြက္ လကၠားေဈးက ရည္ၫႊန္းေဈးအထိ က်ဆင္းသြားခဲ့တယ္။ ဒါေပမယ့္ စားသုံးဆီလက္က်န္က အကန႔္အသတ္ရွိတယ္" ဟု ေျပာသည္။
ျမန္မာဆီကုန္သည္ ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း MEODA က ကုမၸဏီအလိုက္ ေရာင္းခ်ေပးေနေသာ္လည္း ခြဲတမ္းမရေသာလက္လီဆိုင္အခ်ိဳ႕က အေရာင္းပိတ္ထားေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ေဈးႏႈန္းမ်ားျမင့္တက္ရမႈျဖစ္ပြားရေသာ အဓိကအေၾကာင္းရာမ်ားထဲတြင္ ျပည္တြင္းေငြေၾကးေဈးႏႈန္း က်ဆင္းျခင္းလည္း ပါဝင္ေနၿပီး၊ ျပည္တြင္းေငြေၾကးေဈးႏႈန္းက်ဆင္းျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈမ်ားျဖစ္လာခဲ့ကာ ျပည္ပမွ တင္သြင္းေသာကုန္စည္မ်ားကို ေဈးႀကီးေပး တင္သြင္းခဲ့ရေၾကာင္း သိရသည္။