ချင်းတွင်းမြစ်အတွင်း၌ ကုန်တင်စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသူများရှိနေ

 922

မြူနစ် (NP News) - စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကုန်တင်စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသူများရှိနေကြောင်း သတင်းရရှိသည်။

၎င်းကုန်တင်စက်လှေသည် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းတွင် ခန္တီးမြို့ဘက်မှ ခုတ်မောင်းလာစဉ်အချိန် မောက္ကတော်ကျေးရွာအနီး၌ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက NP News ကို အတည်ပြုထားသည်။

“ဒီနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ထဲ မောက္ကတော်ရွာအနီးမှာလို့ ကြားပါတယ်။ အထက်ကနေ စုန်ဆင်းလာတဲ့ ကုန်တင်စက်လှေတစ်စီးလို့ ကြားပါတယ်။ ရေကြောင်းအရလည်းကောင်း၊ စက်လှေရဲ့ချို့ယွင်းမှုကြောင့်လည်းကောင်း ဝဲနဲ့ထိတွေ့ပြီးတော့ နစ်မြုပ်သွားပါတယ်။ အခြားမည်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့်မှ မဟုတ်ပါဘူး”ဟု စစ် ကိုင်းတိုင်းအစိုးရအဖွဲ့ပြောခွင့်ရ၊ သယံဇာတရေးရာဝန်ကြီး ဦတင်သန်းဝင်းက ပြောသည်။

လက်ရှိတွင် စက်လှေနစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မည်၍မည်မျှဆုံးရှုံးခဲ့သည်ကို လတ်တလော၌ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“ကြားကြားချင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ဆဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ ဘယ်သူတွေ ပါတယ်။ အရေအတွက်ဘယ်လောက်ဆိုတာလည်း မသိရသေးပါဘူး”ဟု ဦးတင်သန်းဝင်းက ပြောသည်။

ထိုသို့ နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် ဆရာ/ဆရာမများ၊ အဝေးသင်ကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ကြောင်း ကြားသိရသည်။

၎င်းကုန်တင်စက်လှေ နစ်မြုပ်မှုဖြစ်စဉ်အတွင်း လူဦးရေ(၁၀၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး စက်လှေနစ်မြုပ်မှုသတင်းနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

zawgyi version
ခ်င္းတြင္းျမစ္အတြင္း၌ ကုန္တင္စက္ေလွတစ္စီး နစ္ျမဳပ္မႈျဖစ္ပြားခဲ့ရာ ေပ်ာက္ဆုံးေနသူမ်ားရွိေန
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၉

စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္၊ ေမာကၠေတာ္ေက်း႐ြာအနီး ခ်င္းတြင္းျမစ္အတြင္း၌ ကုန္တင္စက္ေလွတစ္စီး နစ္ျမဳပ္မႈျဖစ္ပြားခဲ့ရာ ေပ်ာက္ဆုံးေနသူမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

၎ကုန္တင္စက္ေလွသည္ ယေန႔(စက္တင္ဘာလ ၁၉ ရက္)၊ နံနက္ပိုင္းတြင္ ခႏၲီးၿမိဳ႕ဘက္မွ ခုတ္ေမာင္းလာစဥ္အခ်ိန္ ေမာကၠေတာ္ေက်း႐ြာအနီး၌ နစ္ျမဳပ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူက NP News ကို အတည္ျပဳထားသည္။

“ဒီေန႔ မနက္ပိုင္းက ခ်င္းတြင္းျမစ္ထဲ ေမာကၠေတာ္႐ြာအနီးမွာလို႔ ၾကားပါတယ္။ အထက္ကေန စုန္ဆင္းလာတဲ့ ကုန္တင္စက္ေလွတစ္စီးလို႔ ၾကားပါတယ္။ ေရေၾကာင္းအရလည္းေကာင္း၊ စက္ေလွရဲ႕ခ်ိဳ႕ယြင္းမႈေၾကာင့္လည္းေကာင္း ဝဲနဲ႔ထိေတြ႕ၿပီးေတာ့ နစ္ျမဳပ္သြားပါတယ္။ အျခားမည္သူတစ္ဦးတစ္ေယာက္ရဲ႕ ပေယာဂေၾကာင့္မွ မဟုတ္ပါဘူး”ဟု စစ္ ကိုင္းတိုင္းအစိုးရအဖြဲ႕ေျပာခြင့္ရ၊ သယံဇာတေရးရာဝန္ႀကီး ဦတင္သန္းဝင္းက ေျပာသည္။

လက္ရွိတြင္ စက္ေလွနစ္ျမဳပ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိၿပီး မည္၍မည္မွ်ဆုံးရႈံးခဲ့သည္ကို လတ္တေလာ၌ ေျပာဆိုႏိုင္ျခင္း မရွိေသးေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

“ၾကားၾကားခ်င္း ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ေနပါတယ္။ ေဆာင္႐ြက္ဆဲျဖစ္ပါတယ္။ တာဝန္ရွိသူေတြက ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေနၾကပါတယ္။ ဘယ္သူေတြ ပါတယ္။ အေရအတြက္ဘယ္ေလာက္ဆိုတာလည္း မသိရေသးပါဘူး”ဟု ဦးတင္သန္းဝင္းက ေျပာသည္။

ထိုသို႔ နစ္ျမဳပ္ခဲ့သည့္ စက္ေလွေပၚတြင္ ဆရာ/ဆရာမမ်ား၊ အေဝးသင္ေက်ာင္းသားမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား ပါဝင္ေၾကာင္း ၾကားသိရသည္။

၎ကုန္တင္စက္ေလွ နစ္ျမဳပ္မႈျဖစ္စဥ္အတြင္း လူဦးေရ(၁၀၀)ေက်ာ္ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိၿပီး စက္ေလွနစ္ျမဳပ္မႈသတင္းႏွင့္ပတ္သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာ သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေပ။

Related news

© 2021. All rights reserved.