လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ အရပ်သား(၆)ဦးအနက် (၁)ဦးသေဆုံးခဲ့

 1321

မြူနစ် (NP News) - စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၆)ဦးအနက် (၁)ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက NP News ကို ပြောသည်။

အမည်မသိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် CS ဟိုတယ်ရှေ့သို့ လာရောက်ကာ ဗုံးတပ်ဆင်ထားသည့် ဆိုင်ကယ်အား ရပ်ထားခဲ့ကြောင်း သိရသည်။

“နယူးအာရှတည်းခိုခန်းနဲ့ CS ဟိုတယ်ရဲ့အရှေ့မှာ ဆိုင်ကယ်နဲ့အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ကလာပြီးတော့ ဗုံးထောင်သွားတာ။ သိပ်မကြာဘူး ဗုံးပေါက်ကွဲမှုဖြစ်သွားတယ်။ နယူးအာရှတည်းခိုခန်းအနီးမှာ အအေးထိုင်သောက်နေတဲ့သူတွေရော၊ CS ဟိုတယ်ရှေ့မှာ ရှိတဲ့သူရော စုစုပေါင်း (၆)ဦးလောက် ဒဏ်ရာရသွားတယ်။ အဲဒီအထဲမှာ တစ်ဦးက ဆုံးသွားတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ဆက်လက်ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား (၆)ဦးအနက် တစ်ဦးသေဆုံးခဲ့သည့်အပြင် Mark II ကားတစ်စီးနှင့် Prado ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ထို့ပြင် CS ဟိုတယ်၏ အရှေ့တံခါးမှန် နှင့် ပထမထပ်ရှိ မှန်များသည်လည်း ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

“တာဝန်ရှိတဲ့သူတွေတော့‌ရောက်လာပြီ။ လူနာတင်ကားနဲ့ ကူညီ‌ပေးတဲ့သူတွေလည်း ရောက်လာပြီး ထိခိုက်တဲ့သူတွေကို ဆေးရုံကိုပို့လိုက်ကြပါပြီ။ ဗုံးကတစ်ကြိမ်ပဲပေါက်တာ။ တော်တော်ကိုပြင်းတယ်။ ဆိုင်ကယ်တစ်စီးလုံးတစ်စစီဖြစ်သွားတယ်”ဟု လားရှိုးမြို့ခံက ထပ်မံပြောသည်။

ပြီးခဲ့သည့် ကာလများအတွင်း၌ လားရှိုးမြို့ပေါ်ရှိ Sunny ဟိုတယ်ရှေ့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။

zawgyi version
လားရႈိးၿမိဳ႕ရွိ CS ဟိုတယ္ေရွ႕၌ ဆိုင္ကယ္ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရသူ အရပ္သား(၆)ဦးအနက္ (၁)ဦးေသဆုံးခဲ့
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၉

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕ရွိ CS ဟိုတယ္ေရွ႕၌ ဆိုင္ကယ္ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရသူ အရပ္သား (၆)ဦးအနက္ (၁)ဦးေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၁၉ ရက္)၊ ညေန ၅ နာရီခြဲအခ်ိန္ခန႔္တြင္ လားရႈိးၿမိဳ႕ရွိ CS ဟိုတယ္ေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

အမည္မသိ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးသည္ CS ဟိုတယ္ေရွ႕သို႔ လာေရာက္ကာ ဗုံးတပ္ဆင္ထားသည့္ ဆိုင္ကယ္အား ရပ္ထားခဲ့ေၾကာင္း သိရသည္။

“နယူးအာရွတည္းခိုခန္းနဲ႔ CS ဟိုတယ္ရဲ႕အေရွ႕မွာ ဆိုင္ကယ္နဲ႔အမ်ိဳးသားႏွစ္ေယာက္၊ အမ်ိဳးသမီးတစ္ေယာက္ကလာၿပီးေတာ့ ဗုံးေထာင္သြားတာ။ သိပ္မၾကာဘူး ဗုံးေပါက္ကြဲမႈျဖစ္သြားတယ္။ နယူးအာရွတည္းခိုခန္းအနီးမွာ အေအးထိုင္ေသာက္ေနတဲ့သူေတြေရာ၊ CS ဟိုတယ္ေရွ႕မွာ ရွိတဲ့သူေရာ စုစုေပါင္း (၆)ဦးေလာက္ ဒဏ္ရာရသြားတယ္။ အဲဒီအထဲမွာ တစ္ဦးက ဆုံးသြားတယ္”ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆက္လက္ေျပာသည္။

အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ အရပ္သား (၆)ဦးအနက္ တစ္ဦးေသဆုံးခဲ့သည့္အျပင္ Mark II ကားတစ္စီးႏွင့္ Prado ကားတစ္စီး ထိခိုက္ပ်က္စီးမႈရွိေၾကာင္း သိရသည္။

ထို႔ျပင္ CS ဟိုတယ္၏ အေရွ႕တံခါးမွန္ ႏွင့္ ပထမထပ္ရွိ မွန္မ်ားသည္လည္း ပ်က္စီးထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

“တာဝန္ရွိတဲ့သူေတြေတာ့‌ေရာက္လာၿပီ။ လူနာတင္ကားနဲ႔ ကူညီ‌ေပးတဲ့သူေတြလည္း ေရာက္လာၿပီး ထိခိုက္တဲ့သူေတြကို ေဆး႐ုံကိုပို႔လိုက္ၾကပါၿပီ။ ဗုံးကတစ္ႀကိမ္ပဲေပါက္တာ။ ေတာ္ေတာ္ကိုျပင္းတယ္။ ဆိုင္ကယ္တစ္စီးလုံးတစ္စစီျဖစ္သြားတယ္”ဟု လားရႈိးၿမိဳ႕ခံက ထပ္မံေျပာသည္။

ၿပီးခဲ့သည့္ ကာလမ်ားအတြင္း၌ လားရႈိးၿမိဳ႕ေပၚရွိ Sunny ဟိုတယ္ေရွ႕တြင္လည္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ဖူးၿပီး လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာဆိုေနၾကသည္။

Related news

© 2021. All rights reserved.