ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးငယ်များနေ့စဉ် သေဆုံးနေရ

 356

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ကူညီပေးမှုအားနည်းချက်တွေကြောင့် ကလေးငယ်များနေ့စဉ် သေဆုံးလျက်ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ Filippo Grandi က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

၎င်းက "ကျွန်တော်တို့ဟာ သေဆုံးမှုတွေကိုတားဆီးဖို့ လုပ်ဆောင်ရမယ်။ တိုက်ခိုက်မှုတွေကို အဆုံးသတ်ရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဆူဒန်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ မေလအလယ်ပိုင်းကနေ စက်တင်ဘာလအထိ ဝက်သက်ရောဂါအပြင် အာဟာရချို့တဲ့မှုတွေကြောင့် ကလေးငယ်ပေါင်း (၁၂၀၀)ကျော်သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းတည်းက ဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျန်းမာရေးအခြေနေတွေဆိုးရွားလာပြီး စိုးရိမ်မှုများဖြစ်စေခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆရာဝန်လိုအပ်ချက်၊ အသက်ကယ်ဆေးဝါးလုံလောက်မှုမရှိခြင်း နဲ့ ဆေးဘက်ဆိုင်ရာအရေးပေါ်ပစ္စည်းများမရှိခြင်းကြောင့် ပြည်သူတွေအခက်ခဲဖြစ်နေကြောင်း ဆိုပါတယ်။ ဒါ့ပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကျန်းမာရေး အဆောက်အဦးတွေကို တိုက်ခိုက်တာမျိုးတွေလည်းရှိနေကြောင်းဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ဒေသခံအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေဟာ ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတာတွေနဲ့ ရောဂါများထပ်မံမဖြစ်ပွားအောင်ကူညီပေးလျက်ရှိနေကြောင်း ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ နဲ့ အကူအညီလိုအပ်နေတဲ့သူတွေကိုဆေးဝါးကုသခွင့်ရအောင် ကူညီပေးဖို့ ဆူဒန်ပဋိပက္ခမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကိုတိုက်တွန်း တောင်းဆိုထားကြောင်းသိရပါတယ်။

ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ကူးစက်ရောဂါဖြစ်ပွားမှုတွေနဲ့ သေဆုံးမှုများ ထပ်မံမဖြစ်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ ဒါ့ပြင် ဆူဒန်နိုင်ငံမှာ ဒီနှစ်ကုန်အထိ မွေးကင်းစကလေးငယ်ပေါင်းထောင်ချီထပ်မံသေဆုံးမယ့် အလားလာတွေလည်းရှိနေကြောင်း UNICEF အဖွဲ့ကပြောပါတယ်။ ဆူဒန်မှာ ဆူဒန်စစ်တပ်နဲ့ RSF အဖွဲ့ကြား ဧပြီလ ၁၅ ရက်မှာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

zawgyi version
ဆူဒန္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ကေလးငယ္မ်ားေန႔စဥ္ ေသဆုံးေနရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

ဆူဒန္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ ပဋိပကၡေတြနဲ႔ ကမာၻ႔ႏိုင္ငံေတြရဲ႕ကူညီေပးမႈအားနည္းခ်က္ေတြေၾကာင့္ ကေလးငယ္မ်ားေန႔စဥ္ ေသဆုံးလ်က္ရွိေနေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မရွင္နာ Filippo Grandi က ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

၎က "ကြၽန္ေတာ္တို႔ဟာ ေသဆုံးမႈေတြကိုတားဆီးဖို႔ လုပ္ေဆာင္ရမယ္။ တိုက္ခိုက္မႈေတြကို အဆုံးသတ္ရမွာျဖစ္ပါတယ္"လို႔ ေျပာပါတယ္။

ဆူဒန္ႏိုင္ငံရွိ ဒုကၡသည္စခန္းေတြမွာ ေမလအလယ္ပိုင္းကေန စက္တင္ဘာလအထိ ဝက္သက္ေရာဂါအျပင္ အာဟာရခ်ိဳ႕တဲ့မႈေတြေၾကာင့္ ကေလးငယ္ေပါင္း (၁၂၀၀)ေက်ာ္ေသဆုံးခဲ့ရေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

ဆူဒန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဧၿပီလေနာက္ပိုင္းတည္းက ျဖစ္ပြားခဲ့တဲ့လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ က်န္းမာေရးအေျခေနေတြဆိုး႐ြားလာၿပီး စိုးရိမ္မႈမ်ားျဖစ္ေစခဲ့ေၾကာင္းသိရပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဆရာဝန္လိုအပ္ခ်က္၊ အသက္ကယ္ေဆးဝါးလုံေလာက္မႈမရွိျခင္း နဲ႔ ေဆးဘက္ဆိုင္ရာအေရးေပၚပစၥည္းမ်ားမရွိျခင္းေၾကာင့္ ျပည္သူေတြအခက္ခဲျဖစ္ေနေၾကာင္း ဆိုပါတယ္။ ဒါ့ျပင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြဟာ က်န္းမာေရး အေဆာက္အဦးေတြကို တိုက္ခိုက္တာမ်ိဳးေတြလည္းရွိေနေၾကာင္းဆိုပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အႀကီးအကဲက ေဒသခံအဖြဲ႕အစည္းေတြနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းေတြဟာ ဆူဒန္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ က်န္းမာေရးအေျခအေနဆိုး႐ြားေနတာေတြနဲ႔ ေရာဂါမ်ားထပ္မံမျဖစ္ပြားေအာင္ကူညီေပးလ်က္ရွိေနေၾကာင္း ေျပာပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းအေနနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို ကာကြယ္ေပးဖို႔ နဲ႔ အကူအညီလိုအပ္ေနတဲ့သူေတြကိုေဆးဝါးကုသခြင့္ရေအာင္ ကူညီေပးဖို႔ ဆူဒန္ပဋိပကၡမွာပါဝင္ေနတဲ့အဖြဲ႕အစည္းေတြကိုတိုက္တြန္း ေတာင္းဆိုထားေၾကာင္းသိရပါတယ္။

ဆူဒန္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ ကူးစက္ေရာဂါျဖစ္ပြားမႈေတြနဲ႔ ေသဆုံးမႈမ်ား ထပ္မံမျဖစ္ေအာင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ကူညီေထာက္ပံ့ေပးမႈေတြ လိုအပ္ေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ကေျပာပါတယ္။ ဒါ့ျပင္ ဆူဒန္ႏိုင္ငံမွာ ဒီႏွစ္ကုန္အထိ ေမြးကင္းစကေလးငယ္ေပါင္းေထာင္ခ်ီထပ္မံေသဆုံးမယ့္ အလားလာေတြလည္းရွိေနေၾကာင္း UNICEF အဖြဲ႕ကေျပာပါတယ္။ ဆူဒန္မွာ ဆူဒန္စစ္တပ္နဲ႔ RSF အဖြဲ႕ၾကား ဧၿပီလ ၁၅ ရက္မွာတိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားၾကားဝင္ေစ့စပ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.