ခြောက်နှစ်အကြာတွင် ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြကစားရန် အသင်းကစားသမားများကို တိုက်တွန်းလိုက်တဲ့ အာဆင်နယ်နည်းပြ

 488

Pika (NP News) - စက်တင်ဘာ ၂ဝ

အာဆင်နယ်အသင်းသည် ခြောက်နှစ်ကြာပြီးမှ ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အသင်းကစားသမားများကို အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြကစားကြရန် နည်းပြအာတီတာက တိုက်တွန်းတောင်းဆိုခဲ့ ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် စက်တင်ဘာလ(၂ဝ)ရက် ညတွင် PSV အသင်း နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို အကြိတ် အနယ်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ PSV အသင်း နှင့် ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းသည် အိမ်ကွင်း ကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်ကို ၂ဝ၁၇ ခုနှစ်နောက်ပိုင်း အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲစဉ်သည် နည်းပြအာတီတာ၏ အာဆင်နယ်နည်းပြအဖြစ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံး တာဝန်ယူရမည့် ကစားပွဲလည်းဖြစ်ကြောင်းလည်း သိရသည်။ အာတီတာက "ကျွန်တော်တို့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကစားဖို့အတွက် အများကြီးဖြတ်ကျော်လာခဲ့ရပြီးပါပြီ။ ကျွန်တော် အာဆင်နယ်အသင်းမှာ ကစားခဲ့ဖူးပြီး အမှတ်တရတွေလည်း ရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ချန်ပီယံလိဂ်တွင် ပြန်လည်ကစားရခြင်းအတွက် ဂုဏ်ယူကာ စိတ်လှုပ်ရှားမိကြောင်း နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။

အာတီတာက "တကယ်ကို ဂုဏ်ယူပြီး စိတ်လှုပ်ရှားမိပါတယ်။ ချန်ပီယံလိဂ်မှာ မကစားခဲ့ရတာ အချိန်အတော်ကြာပြီဖြစ်ပြီး ဒီပွဲက ကျွန်တော့်အတွက် အာဆင်နယ်နည်းပြအဖြစ် ပထမဆုံးတာဝန်ယူဖူးတဲ့ ချန်ပီယံလိဂ်ပွဲပါ။ ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့် ရခဲ့ပါပြီ။ ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြကစားသွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ေျခာက္ႏွစ္အၾကာတြင္ ခ်န္ပီယံလိဂ္မွာ ျပန္ကစားခြင့္ရခဲ့ၿပီးေနာက္ အေကာင္းဆုံးေျခစြမ္းျပကစားရန္ အသင္းကစားသမားမ်ားကို တိုက္တြန္းလိုက္တဲ့ အာဆင္နယ္နည္းျပ
Pika (NP News) - စက္တင္ဘာ ၂ဝ

အာဆင္နယ္အသင္းသည္ ေျခာက္ႏွစ္ၾကာၿပီးမွ ခ်န္ပီယံလိဂ္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းကစားသမားမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ ေျခစြမ္းျပကစားၾကရန္ နည္းျပအာတီတာက တိုက္တြန္းေတာင္းဆိုခဲ့ ေၾကာင္း သိရသည္။

အာဆင္နယ္အသင္းသည္ စက္တင္ဘာလ(၂ဝ)ရက္ ညတြင္ PSV အသင္း ႏွင့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို အႀကိတ္ အနယ္ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္သည္။ PSV အသင္း ႏွင့္ ကစားမည့္ပြဲတြင္ အာဆင္နယ္အသင္းသည္ အိမ္ကြင္း ကစားရမည္ျဖစ္ၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္ကို ၂ဝ၁၇ ခုႏွစ္ေနာက္ပိုင္း အိမ္ရွင္အျဖစ္ ပထမဆုံးအႀကိမ္ လက္ခံက်င္းပ ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါပြဲစဥ္သည္ နည္းျပအာတီတာ၏ အာဆင္နယ္နည္းျပအျဖစ္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ပထမဆုံး တာဝန္ယူရမည့္ ကစားပြဲလည္းျဖစ္ေၾကာင္းလည္း သိရသည္။ အာတီတာက "ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ကစားဖို႔အတြက္ အမ်ားႀကီးျဖတ္ေက်ာ္လာခဲ့ရၿပီးပါၿပီ။ ကြၽန္ေတာ္ အာဆင္နယ္အသင္းမွာ ကစားခဲ့ဖူးၿပီး အမွတ္တရေတြလည္း ရွိခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ခ်န္ပီယံလိဂ္တြင္ ျပန္လည္ကစားရျခင္းအတြက္ ဂုဏ္ယူကာ စိတ္လႈပ္ရွားမိေၾကာင္း နည္းျပအာတီတာက ထုတ္ေဖာ္ေျပာခဲ့သည္။

အာတီတာက "တကယ္ကို ဂုဏ္ယူၿပီး စိတ္လႈပ္ရွားမိပါတယ္။ ခ်န္ပီယံလိဂ္မွာ မကစားခဲ့ရတာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး ဒီပြဲက ကြၽန္ေတာ့္အတြက္ အာဆင္နယ္နည္းျပအျဖစ္ ပထမဆုံးတာဝန္ယူဖူးတဲ့ ခ်န္ပီယံလိဂ္ပြဲပါ။ ကြၽန္ေတာ္တို႔ အမ်ားႀကီးႀကိဳးစားခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ခ်န္ပီယံလိဂ္မွာ ျပန္ကစားခြင့္ ရခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔အေကာင္းဆုံးျဖစ္ေအာင္ ေျခစြမ္းျပကစားသြားမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.