ယဥ်ကျေးမှုဖလှယ်ရေး အပါအဝင် ကဏ္ဍသုံးခု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး မြန်မာ-ကာတာနှစ်နိုင်ငံထပ်မံဆွေးနွေး

 632

ယွန်း (NP News) - စက်တင်ဘာ ၂၁

ယဥ်ကျေးမှုဖလှယ်ရေး အပါအဝင် ကဏ္ဍသုံးခု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို မြန်မာ-ကာတာနှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး၊ ယာယီတာဝန်ခံ ဒေါက်တာရာရှစ်အက်ဘ်ဒူလာ အမ်အေအယ်လ်-ကူဝါရီအား စက်တင်ဘာလ(၂၀)ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဥ် မြန်မာ- ကာတာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကုန်သွယ်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ယဥ်ကျေးမှုဖလှယ်ရေးစသည့် ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကိုလည်း ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဥ်များကို အကောင် အထည်ဖော်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ နှင့် ကုလသမဂ္ဂမူဘောင်တို့အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလားတူ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းပြေးဆွဲနိုင်ရေးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လက နှစ်နိုင်ငံဆွေးနွေးမှုများရှိခဲ့ပြီး စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြှင့်သွားရေးတို့ကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။

zawgyi version
ယဥ္ေက်းမႈဖလွယ္ေရး အပါအဝင္ က႑သုံးခု၌ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး ျမန္မာ-ကာတာႏွစ္ႏိုင္ငံထပ္မံေဆြးေႏြး
ယြန္း (NP News) - စက္တင္ဘာ ၂၁

ယဥ္ေက်းမႈဖလွယ္ေရး အပါအဝင္ က႑သုံးခု၌ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးကို ျမန္မာ-ကာတာႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြသည္ ကာတာသံ႐ုံး၊ ယာယီတာဝန္ခံ ေဒါက္တာရာရွစ္အက္ဘ္ဒူလာ အမ္ေအအယ္လ္-ကူဝါရီအား စက္တင္ဘာလ(၂၀)ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံစဥ္ ျမန္မာ- ကာတာႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုတိုးျမႇင့္ေရးကို ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ကုန္သြယ္ေရး အပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ယဥ္ေက်းမႈဖလွယ္ေရးစသည့္ က႑မ်ားတြင္ ႏွစ္ႏိုင္ငံအက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ားျမႇင့္တင္ရန္လည္း ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ သိရသည္။

ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးရန္ရွိသည့္ သေဘာတူစာခ်ဳပ္မ်ားကိုလည္း ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ဆက္လက္ေဖာ္ေဆာင္ေရးႏွင့္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံေရးဆိုင္ရာလုပ္ငန္းစဥ္မ်ားကို အေကာင္ အထည္ေဖာ္ေရး ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေဒသတြင္း ႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ အထူးသျဖင့္ အာဆီယံ-အာရပ္ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ ႏွင့္ ကုလသမဂၢမူေဘာင္တို႔ေအာက္မွ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

အလားတူ ျမန္မာႏိုင္ငံႏွင့္ ကာတာႏိုင္ငံတို႔အၾကား ေလေၾကာင္းလိုင္းမ်ား ျပန္လည္ ပ်ံသန္းေျပးဆြဲႏိုင္ေရးကိုလည္း ၿပီးခဲ့သည့္ ဇူလိုင္လက ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ားရွိခဲ့ၿပီး စြမ္းအင္၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္ေရးတိုးျမႇင့္သြားေရးတို႔ကိုလည္း ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ၾကသည္။

Related news

© 2021. All rights reserved.