မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ Boeing 737-400 လေယာဉ်ဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်ကို ပထမဆုံးအကြိမ် ပျံသန်းပြေးဆွဲ

2028

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁
မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines သည် ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ်ခရီးစဉ်တွင် ကုန်စည် စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပို့ဆောင်ရေးခရီးစဉ်တွင် အသုံးပြုမည့် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ကုန်ပစ္စည်းတန်ချိန်စုစုပေါင်း ၁၈ တန်အထိ တင်ဆောင်ပျံသန်းနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ထိုင်းနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေးလေယာဉ်ပျံသန်းမှုအပြင် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း ထပ်မံတိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းသည် မြန်မာနိုင်ငံ ၏ ပို့ကုန်သွင်းကုန်များတိုးမြှင့်နိုင်မည်ဖြစ်သလို နိုင်ငံ စီးပွားရေးတိုးတက်မှုများအတွက် ကူညီပံ့ပိုးပေးမှုများစွာရှိလာနိုင်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားသောကာလအတွင်း မြန်မာလေကြောင်းလိုင်းများသည် ပြည်ပနိုင်ငံများသို့ လေကြောင်းပျံသန်းပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်တွင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ Boeing 737-400 ေလယာဥ္ျဖင့္ ေလေၾကာင္းကုန္စည္ပို႔ေဆာင္ေရး ခရီးစဥ္ကို ပထမဆုံးအႀကိမ္ ပ်ံသန္းေျပးဆြဲ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁
ျမန္မာအမ်ိဳးသားေလေၾကာင္း Myanmar National Airlines သည္ ပထမဦးဆုံး ေလေၾကာင္းကုန္စည္ပို႔ေဆာင္ေရးခရီးစဥ္အျဖစ္ Boeing 737-400 အမ်ိဳးအစား ကုန္တင္ေလယာဥ္ျဖင့္ စက္တင္ဘာ ၁၉ ရက္တြင္ ထိုင္းႏိုင္ငံ ဗန္ေကာက္ၿမိဳ႕သို႔ စတင္ပ်ံသန္းေျပးဆြဲခဲ့ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံသို႔ ပထမဦးဆုံးပ်ံသန္းသည့္ ကုန္တင္ေလယာဥ္ခရီးစဥ္တြင္ ကုန္စည္ စုစုေပါင္းတန္ခ်ိန္ ၁၅ ဒသမ ၉ တန္ သယ္ယူပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ ျမန္မာအမ်ိဳးသားေလေၾကာင္းသည္ ခရီးသည္တင္ေလယာဥ္ခရီးစဥ္မ်ားကိုသာ ပ်ံသန္းေျပးဆြဲလ်က္ရွိရာမွ ေလေၾကာင္းျဖင့္ ကုန္စည္မ်ားသယ္ယူပို႔ေဆာင္ေရးကိုပါ တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေလေၾကာင္းကုန္စည္ပို႔ေဆာင္ေရး ခရီးစဥ္မ်ားကိုပါ ေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း သိရသည္။
အဆိုပါ ကုန္စည္ပို႔ေဆာင္ေရးခရီးစဥ္တြင္ အသုံးျပဳမည့္ Boeing 737-400 အမ်ိဳးအစား ကုန္တင္ေလယာဥ္သည္ ျမန္မာႏိုင္ငံသို႔ စက္တင္ဘာ ၁၅ ရက္တြင္ ေရာက္ရွိလာခဲ့ေၾကာင္း ကုန္ပစၥည္းတန္ခ်ိန္စုစုေပါင္း ၁၈ တန္အထိ တင္ေဆာင္ပ်ံသန္းႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
ျမန္မာအမ်ိဳးသားေလေၾကာင္းအေနျဖင့္ ထိုင္းႏိုင္ငံသို႔ ကုန္စည္ပို႔ေဆာင္ေရးေလယာဥ္ပ်ံသန္းမႈအျပင္ ကုန္တင္ေလယာဥ္ခရီးစဥ္မ်ားကို ေဒသတြင္းႏိုင္ငံမ်ားျဖစ္ၾကသည့္ တ႐ုတ္၊ စင္ကာပူ၊ ေဟာင္ေကာင္၊ မေလးရွား ႏွင့္ အိႏၵိယႏိုင္ငံတို႔ကိုလည္း ထပ္မံတိုးခ်ဲ႕ပ်ံသန္းေျပးဆြဲႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း သိရသည္။
Boeing 737-400 အမ်ိဳးအစား ကုန္တင္ေလယာဥ္သည္ ပုံမွန္ေလေၾကာင္းခရီးစဥ္တြင္ သယ္ေဆာင္၍မရေသာ Dangerous Goods မ်ားလည္း ပို႔ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ကုန္စည္ပို႔ေဆာင္ေရးခရီးစဥ္မ်ားကို တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲျခင္းသည္ ျမန္မာႏိုင္ငံ ၏ ပို႔ကုန္သြင္းကုန္မ်ားတိုးျမႇင့္ႏိုင္မည္ျဖစ္သလို ႏိုင္ငံ စီးပြားေရးတိုးတက္မႈမ်ားအတြက္ ကူညီပံ့ပိုးေပးမႈမ်ားစြာရွိလာႏိုင္ေၾကာင္း သိရသည္။ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားေသာကာလအတြင္း ျမန္မာေလေၾကာင္းလိုင္းမ်ားသည္ ျပည္ပႏိုင္ငံမ်ားသို႔ ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ား ရပ္ဆိုင္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။