ပြည်မြို့အဝင်တွင် ကားတစ်စီးမှ ဆိုင်ကယ်အားတိုက်ပြေးခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့

1445
သန့်ဇင် (NP News) - စက်တင်ဘာ ၂၁
ပဲခူးတိုင်း၊ ပြည်မြို့အဝင်လမ်းတွင် ကားမှဆိုင်ကယ်အားတိုက်၍ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူအမျိုး သမီးတွင် ထိခိုက်ဒဏ်များရရှိခဲ့ကြောင်း ပရဟိတပါရမီလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နံနက် ၉နာရီအချိန်တွင် ပြည်မြို့၊ မှော်ဇာလမ်းထိပ် ပြည်-ပေါက်ခေါင်းလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ အစ်မက ပေါက်ခေါင်းကနေ ပြည်ကိုလာတာပါ။ အဲဒီနေရာရောက်တော့ ကားကတိုက်ပြီးထွက်ပြေးသွားတယ်လို့ ပြောတယ်ဗျ”ဟု ပရဟိတပါရမီလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၀)ဝန်းကျင်အရွယ်ကျောင်းဆရာမတစ်ဦးသည် ခြေလက်ကျိုး ဒဏ်ရာများအပြင် ပြင်ပထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်းသိရသည်။
“ဒဏ်ရာရတဲ့အမျိုးသမီးက ကျောင်းဆရာမလို့တော့သိရတယ်ဗျ။ ဘယ်ညာလက်(၂)ဖက်ကျိုးတယ်။ ညာဘက်ပေါင်ကျိုးတယ်။ သွား(၃)ချောင်းလဲကျိုးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ပရဟိတပါရမီလူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“အရင်တုန်းကလဲ ဖြစ်ကြတယ်။ ဒါပေမယ့် ဒီရက်ပိုင်းတော့ ဖြစ်တာများနေတယ်ဗျ။ ပြီးခဲ့တဲ့အပက်ကလဲ ကားနဲ့ဆိုင်ကယ်နဲ့ပဲတိုက်တာ။ အဲဒီတုန်းက ကောင်လေးကလဲ သေတယ်ဗျ။ အဲဒီဘက်လမ်းမပေါ်မှာပဲဖြစ်ကြတာပါ” ဟု အထက်ပါလူမှုကူညီရေးအသင်းက ထပ်မံပြောသည်။
၂ဝ၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပြည်မြို့အဝင်ရှိ ပြည်-ပေါက်ခေါင်းလမ်းပေါ်၌ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ(၃)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕အဝင္တြင္ ကားတစ္စီးမွ ဆိုင္ကယ္အားတိုက္ေျပးခဲ့ရာ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္စြာရရွိခဲ့
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၁
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕အဝင္လမ္းတြင္ ကားမွဆိုင္ကယ္အားတိုက္၍ ထြက္ေျပးသြားသျဖင့္ ဆိုင္ကယ္ေမာင္းႏွင္သူအမ်ိဳး သမီးတြင္ ထိခိုက္ဒဏ္မ်ားရရွိခဲ့ေၾကာင္း ပရဟိတပါရမီလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၁ ရက္)၊ နံနက္ ၉နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕၊ ေမွာ္ဇာလမ္းထိပ္ ျပည္-ေပါက္ေခါင္းလမ္းမေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အတိုက္ခံရတဲ့ အစ္မက ေပါက္ေခါင္းကေန ျပည္ကိုလာတာပါ။ အဲဒီေနရာေရာက္ေတာ့ ကားကတိုက္ၿပီးထြက္ေျပးသြားတယ္လို႔ ေျပာတယ္ဗ်”ဟု ပရဟိတပါရမီလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၃၀)ဝန္းက်င္အ႐ြယ္ေက်ာင္းဆရာမတစ္ဦးသည္ ေျခလက္က်ိဳး ဒဏ္ရာမ်ားအျပင္ ျပင္ပထိခိုက္ဒဏ္ရာအမ်ားအျပားရရွိခဲ့ေၾကာင္းသိရသည္။
“ဒဏ္ရာရတဲ့အမ်ိဳးသမီးက ေက်ာင္းဆရာမလို႔ေတာ့သိရတယ္ဗ်။ ဘယ္ညာလက္(၂)ဖက္က်ိဳးတယ္။ ညာဘက္ေပါင္က်ိဳးတယ္။ သြား(၃)ေခ်ာင္းလဲက်ိဳးသြားတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီးအား ပရဟိတပါရမီလူမႈကူညီေရးအသင္းမွ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
“အရင္တုန္းကလဲ ျဖစ္ၾကတယ္။ ဒါေပမယ့္ ဒီရက္ပိုင္းေတာ့ ျဖစ္တာမ်ားေနတယ္ဗ်။ ၿပီးခဲ့တဲ့အပက္ကလဲ ကားနဲ႔ဆိုင္ကယ္နဲ႔ပဲတိုက္တာ။ အဲဒီတုန္းက ေကာင္ေလးကလဲ ေသတယ္ဗ်။ အဲဒီဘက္လမ္းမေပၚမွာပဲျဖစ္ၾကတာပါ” ဟု အထက္ပါလူမႈကူညီေရးအသင္းက ထပ္မံေျပာသည္။
၂ဝ၂၃ ခုႏွစ္ စက္တင္ဘာလအတြင္း ျပည္ၿမိဳ႕အဝင္ရွိ ျပည္-ေပါက္ေခါင္းလမ္းေပၚ၌ ယာဥ္တိုက္မႈမ်ားေၾကာင့္ ေသဆုံးသူ(၃)ဦးထိ ရွိခဲ့ေၾကာင္း သိရသည္။