ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့စစ်လက်နက်အစီအစဉ်များကို ပိုမိုကောင်းမွန်အောင်ကူညီပေးမယ်ဆိုရင် တိုက်ရိုက်ရန်စမှုအဖြစ် ရှုမြင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး

 595

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့စစ်လက်နက်အစီအစဉ်များကို ပိုမိုကောင်းမွန်အောင် ကူညီထောက်ပံ့ပေးမယ်ဆိုရင် အဲဒီလုပ်ရပ်အပေါ် တိုက်ရိုက်ရန်စမှုအဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း၊ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားသမ္မတက "မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား စစ်လက်နက်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့်စာချုပ်တွေ ချုပ်ဆိုမယ်ရင် ယူကရိန်းရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက တောင်ကိုရီးယားကိုလည်း ခြိမ်းခြောက်နေတာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ယုံကြည်မှုမရှိသလိုမျိုး လုပ်ဆောင်နေတယ်။ ရုရှားဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာမျိုးတွေ လုပ်နေတဲ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ နိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းများ လက်ခံရယူနေတယ်" လို့ ပြောပါတယ်။

ကုသလမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေကြာင်း တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ရာ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုမြင့်တက်စေခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ကိုရီးယားကျွန်းဆွယ်အတွင်း တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပွားလျက်ရှိနေကာ ဒုံးကျည်စမ်းသပ်မှုတွေမကြာခဏ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံအေနနဲ႔ ေျမာက္ကိုရီးယားရဲ႕စစ္လက္နက္အစီအစဥ္မ်ားကို ပိုမိုေကာင္းမြန္ေအာင္ကူညီေပးမယ္ဆိုရင္ တိုက္႐ိုက္ရန္စမႈအျဖစ္ ရႈျမင္သြားမယ္လို႔ ေတာင္ကိုရီးယားသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

႐ုရွားႏိုင္ငံအေနနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕စစ္လက္နက္အစီအစဥ္မ်ားကို ပိုမိုေကာင္းမြန္ေအာင္ ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ အဲဒီလုပ္ရပ္အေပၚ တိုက္႐ိုက္ရန္စမႈအျဖစ္ မွတ္ယူသြားမွာျဖစ္ေၾကာင္း၊ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က ကုလသမဂၢအေထြေထြညီလာခံမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ႐ုရွားသမၼတပူတင္ အပါအဝင္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားနဲ႔ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေဆာင္႐ြက္ဖို႔ အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားသမၼတက "ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္လက္နက္အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္မယ့္စာခ်ဳပ္ေတြ ခ်ဳပ္ဆိုမယ္ရင္ ယူကရိန္းရဲ႕ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးကို ၿခိမ္းေျခာက္႐ုံသာမက ေတာင္ကိုရီးယားကိုလည္း ၿခိမ္းေျခာက္ေနတာမ်ိဳးျဖစ္တယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ ၎က "႐ုရွားဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေပမယ့္ ကမာၻ႔ၿငိမ္းခ်မ္းေရးကို ယုံၾကည္မႈမရွိသလိုမ်ိဳး လုပ္ေဆာင္ေနတယ္။ ႐ုရွားဟာအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံကို တိုက္ခိုက္တာမ်ိဳးေတြ လုပ္ေနတဲ့အျပင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္ေနတဲ့ ႏိုင္ငံထံကေန စစ္လက္နက္ပစၥည္းမ်ား လက္ခံရယူေနတယ္" လို႔ ေျပာပါတယ္။

ကုသလမဂၢလုံၿခဳံေရးေကာင္စီျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္ေနၾကာင္း ေတာင္ကိုရီးယားသမၼတက ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ရာ အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား စိုးရိမ္မႈျမင့္တက္ေစခဲ့ေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားဟာ လက္ရွိအခ်ိန္မွာ ကိုရီးယားကြၽန္းဆြယ္အတြင္း ေတာင္ကိုရီးယား၊ အေမရိကန္ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရးတင္းမာမႈေတြ ျဖစ္ပြားလ်က္ရွိေနကာ ဒုံးက်ည္စမ္းသပ္မႈေတြမၾကာခဏ လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.