ကနေဒါနဲ့ အိန္ဒိယကြား သံတမန်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် ကနေဒါနိုင်ငံသားများကို ဗီဇာဆိုင်းငံ့လိုက်ကြောင်း အိန္ဒိယအစိုးရပြော

 602

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

အိန္ဒိယအစိုးရဟာ စက်တင်ဘာ ၂၁ ရက်က စတင်ပြီး ကနေဒါနိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ အိန္ဒိယခွဲထွက်ရေးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ကနေဒါ နဲ့ အိန္ဒိယနိုင်ငံကြား သံတမန်ဆက်ဆံရေးတင်းမာမှုတွေရှိလာခဲ့ကာ သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရက "စက်တင်ဘာ ၂၁ ရက်က စတင်ပြီး ကနေဒါနိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့လိုက်ပါတယ်။ နောက်ထပ် သတိပေးချက်တွေလည်း ထုတ်ပြန်ပေးသွားမယ်" လို့ ပြောပါတယ်။

ကနေဒါနိုင်ငံ Vancouver မြို့မှာ ဆစ်ခွဲထွက်ရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုနောက်ကွယ်မှာ အိန္ဒိယအစိုးရ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ၊အပြန်အလှန် ပြစ်တင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ နိုင်ငံရေးဆန်တဲ့ အမုန်းတရားတွေ၊ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့အတွက် ကနေဒါနိုင်ငံရှိအိန္ဒိယနိုင်ငံသားများရဲ့ဘေးကင်းရေးကို စိုးရိမ်မိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က "အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေဟာ ကနေဒါနိုင်ငံရှိအိန္ဒိယ သံတမန်တွေနဲ့ အိန္ဒိယလူအဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်" လို့ပြောပါတယ်။

ကနေဒါ ပြည်သူများဘေကင်းရေးဝန်ကြီးဌာန ဝန်ကြီးကတော့ အိန္ဒိယအစိုးရရဲ့စွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ထားပြီး ကနေဒါနိုင်ငံက ဘေးကင်းလုံခြုံမှုရှိတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို ခွဲထွက်ရေးသမားတစ်ဦးဖြစ်တဲ့ Nijjar ဟာ ဆစ်ဘာသာရေးအဆောက်အဦးအပြင်ဘက်မှာ မျက်နှာဖုံးဝတ်ထားတဲ့သေနတ်သမားနှစ်ဦးရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ လူသတ်မှုကျူးလွန်ဖို့ ကြံစည်မှုအပြင် အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်းကြောင့် အိန္ဒိယအစိုးရက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ခွဲထွက်ရေးခေါင်းဆောင်လည်းဖြစ်ပါတယ်။

အိန္ဒိယအစိုးရတာဝန်ရှိသူများက ကနေဒါအာဏာပိုင်တွေဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်သူများ၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူတွေကို နိုင်ငံအတွင်း လွတ်လပ်စွာနေထိုင်ခွင့်ပေးလျက်ရှိနေကြောင်း ဝေဖန်ထားပါတယ်။

ကနေဒါအစိုးရဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ ခွဲထွက်ရေးသမား အနည်းဆုံး ၉ ဦးကို လက်ခံထားကြောင်း၊ အဲဒီခွဲထွက်ရေးသမားတွေဟာ ကနေဒါနိုင်ငံအတွင်းရှိ အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ကြံဖို့ ကြံစည်နေသူများဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

Zawgyi Version;
ကေနဒါနဲ႔ အိႏၵိယၾကား သံတမန္ေရးတင္းမာမႈေတြျဖစ္ခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံသားမ်ားကို ဗီဇာဆိုင္းငံ့လိုက္ေၾကာင္း အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

အိႏၵိယအစိုးရဟာ စက္တင္ဘာ ၂၁ ရက္က စတင္ၿပီး ကေနဒါႏိုင္ငံသားေတြကို ဗီဇာဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ကေနဒါႏိုင္ငံမွာ ေနထိုင္တဲ့ အိႏၵိယခြဲထြက္ေရးေခါင္းေဆာင္လုပ္ႀကံသတ္ျဖတ္ခံရၿပီးေနာက္ ကေနဒါ နဲ႔ အိႏၵိယႏိုင္ငံၾကား သံတမန္ဆက္ဆံေရးတင္းမာမႈေတြရွိလာခဲ့ကာ သံတမန္ေတြကို အျပန္အလွန္ႏွင္ထုတ္ခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယအစိုးရက "စက္တင္ဘာ ၂၁ ရက္က စတင္ၿပီး ကေနဒါႏိုင္ငံသားေတြကို ဗီဇာဆိုင္းငံ့လိုက္ပါတယ္။ ေနာက္ထပ္ သတိေပးခ်က္ေတြလည္း ထုတ္ျပန္ေပးသြားမယ္" လို႔ ေျပာပါတယ္။

ကေနဒါႏိုင္ငံ Vancouver ၿမိဳ႕မွာ ဆစ္ခြဲထြက္ေရးေခါင္းေဆာင္ လုပ္ႀကံသတ္ျဖတ္ခံရမႈေနာက္ကြယ္မွာ အိႏၵိယအစိုးရ ပါဝင္ေနတယ္လို႔ စြပ္စြဲခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ၊အျပန္အလွန္ ျပစ္တင္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ကေနဒါႏိုင္ငံမွာ ႏိုင္ငံေရးဆန္တဲ့ အမုန္းတရားေတြ၊ ရာဇဝတ္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြရွိေနတဲ့အတြက္ ကေနဒါႏိုင္ငံရွိအိႏၵိယႏိုင္ငံသားမ်ားရဲ႕ေဘးကင္းေရးကို စိုးရိမ္မိေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနကဆိုပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန က "အိႏၵိယအစိုးရကို ဆန႔္က်င္တဲ့အဖြဲ႕အစည္းေတြဟာ ကေနဒါႏိုင္ငံရွိအိႏၵိယ သံတမန္ေတြနဲ႔ အိႏၵိယလူအဖြဲ႕အစည္းကို ၿခိမ္းေျခာက္ေနတယ္" လို႔ေျပာပါတယ္။

ကေနဒါ ျပည္သူမ်ားေဘကင္းေရးဝန္ႀကီးဌာန ဝန္ႀကီးကေတာ့ အိႏၵိယအစိုးရရဲ႕စြပ္စြဲေျပာဆိုမႈေတြကို ျငင္းဆန္ထားၿပီး ကေနဒါႏိုင္ငံက ေဘးကင္းလုံၿခဳံမႈရွိတဲ့ႏိုင္ငံျဖစ္ေၾကာင္း သိရပါတယ္။

ဆစ္ဘာသာေရးေခါင္းေဆာင္တစ္ဦးျဖစ္သလို ခြဲထြက္ေရးသမားတစ္ဦးျဖစ္တဲ့ Nijjar ဟာ ဆစ္ဘာသာေရးအေဆာက္အဦးအျပင္ဘက္မွာ မ်က္ႏွာဖုံးဝတ္ထားတဲ့ေသနတ္သမားႏွစ္ဦးရဲ႕လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ၎ဟာ လူသတ္မႈက်ဴးလြန္ဖို႔ ႀကံစည္မႈအျပင္ အၾကမ္းဖက္မႈမ်ားက်ဴးလြန္ခဲ့ျခင္းေၾကာင့္ အိႏၵိယအစိုးရက ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ခြဲထြက္ေရးေခါင္းေဆာင္လည္းျဖစ္ပါတယ္။

အိႏၵိယအစိုးရတာဝန္ရွိသူမ်ားက ကေနဒါအာဏာပိုင္ေတြဟာ အိႏၵိယအစိုးရကို ဆန႔္က်င္သူမ်ား၊ အၾကမ္းဖက္လုပ္ရပ္မ်ား က်ဴးလြန္ခဲ့သူေတြကို ႏိုင္ငံအတြင္း လြတ္လပ္စြာေနထိုင္ခြင့္ေပးလ်က္ရွိေနေၾကာင္း ေဝဖန္ထားပါတယ္။

ကေနဒါအစိုးရဟာ အိႏၵိယအစိုးရကို ဆန႔္က်င္ေနတဲ့ ခြဲထြက္ေရးသမား အနည္းဆုံး ၉ ဦးကို လက္ခံထားေၾကာင္း၊ အဲဒီခြဲထြက္ေရးသမားေတြဟာ ကေနဒါႏိုင္ငံအတြင္းရွိ အိႏၵိယႏိုင္ငံသားေတြကို ပစ္မွတ္ထားလုပ္ႀကံဖို႔ ႀကံစည္ေနသူမ်ားျဖစ္ေၾကာင္း ေဝဖန္ထားပါတယ္။

Related news

© 2021. All rights reserved.