ရေကြီးရေလျှံမှုကြောင့် ယခုလအတွင်း ကလေးမြို့ရှိ ရပ်ကွက်(၆)ခုမှ ဒေသခံ(၁၀၀၀)ခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရဟုဆို

 470

ယွန်း(NP News) - စက်တင်ဘာ ၂၁

ယခုလ(စက်တင်ဘာလ)အတွင်း ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ရပ်ကွက်အချို့မှ ဒေသခံ (၁၀၀၀)ခန့် ဘေးလွတ်ရာရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

UNOCHA MYANMAR မှ စက်တင်ဘာလ(၂၀)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံအနောက်မြောက်ပိုင်း နှင့် အ‌‌‌ရှေ့တောင်ပိုင်းများတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများလည်း ဆက်လက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၁ ဒသမ ၉)သန်းကျော်ရှိကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများများလည်း ဆက်လက်ဖြစ်ပေါ်နေပြီး နေရပ်စွန့်ခွာသူများ၏ နေထိုင်ရေးကိုပိုမိုဆိုးရွာစေကာ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ(၈)ရက်တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်(၆)ခုရှိ လူ(၁၀၀၀)ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။

အလားတူ နိုင်ငံ၏အရှေ့တောင်ပိုင်းတွင် ဩဂုတ်လအတွင်း ရေဘေးသင့်ပြည်သူ (၈၀,၀၀၀) ကျော်ရှိခဲ့ပြီး အချို့ရေ ဘေးသင့်ပြည်သူများသည် နေအိမ်သို့ပြန်နိုင်ခဲ့သော်လည်း အများအပြားသည် ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ကာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် နိုင်ငံ၏အရှေ့တောင်ပိုင်းများတွင် ကန့်သတ်ချက်များတိုးလာခြင်းကြောင့် အကူအညီလိုအပ်သူများအား အရေးပါသည့်အကူအညီများပေးနိုင်ရန် အဟန့်အတားဖြစ်နေကြောင်း UNOCHA မှ အသိပေးထားသည်။

၂၀၂၃ ခုနှစ်အတွင်း လူဦးရေ(၅)သန်းကို လူသားချင်းစာနာမှုအကူအညီပေးရန်ဦးတည်ခဲ့ရာ ပထမနှစ်ဝက်အတွင်း (၁ ဒသမ ၈)သန်းကျော်ကို အကူအညီပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
ေရႀကီးေရလွ်ံမႈေၾကာင့္ ယခုလအတြင္း ကေလးၿမိဳ႕ရွိ ရပ္ကြက္(၆)ခုမွ ေဒသခံ(၁၀၀၀)ခန႔္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ရဟုဆို
ယြန္း(NP News) - စက္တင္ဘာ ၂၁

ယခုလ(စက္တင္ဘာလ)အတြင္း ေရႀကီးေရလွ်ံမႈေၾကာင့္ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕မွ ေဒသခံ (၁၀၀၀)ခန႔္ ေဘးလြတ္ရာေ႐ြ႕ေျပာင္းခဲ့ရေၾကာင္း သိရသည္။

UNOCHA MYANMAR မွ စက္တင္ဘာလ(၂၀)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ႏိုင္ငံအေနာက္ေျမာက္ပိုင္း ႏွင့္ အ‌‌‌ေရွ႕ေတာင္ပိုင္းမ်ားတြင္ လက္နက္ကိုင္ပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး အိုးအိမ္စြန႔္ခြာထြက္ေျပးရသူမ်ားႏွင့္အတူ အရပ္သားထိခိုက္ေသဆုံးမႈမ်ားလည္း ဆက္လက္ရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ ကုလသမဂၢ၏ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံတစ္ဝန္း၌ ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရ (၁ ဒသမ ၉)သန္းေက်ာ္ရွိေၾကာင္း UNOCHA မွ ထုတ္ျပန္ထားသည္။

မိုးသည္းထန္စြာ႐ြာသြန္း၍ ေရႀကီးေရလွ်ံမႈမ်ားမ်ားလည္း ဆက္လက္ျဖစ္ေပၚေနၿပီး ေနရပ္စြန႔္ခြာသူမ်ား၏ ေနထိုင္ေရးကိုပိုမိုဆိုး႐ြာေစကာ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ(၈)ရက္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ရပ္ကြက္(၆)ခုရွိ လူ(၁၀၀၀)ခန႔္ကို ေဘးကင္းရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း UNOCHA မွ ထုတ္ျပန္ထားသည္။

အလားတူ ႏိုင္ငံ၏အေရွ႕ေတာင္ပိုင္းတြင္ ဩဂုတ္လအတြင္း ေရေဘးသင့္ျပည္သူ (၈၀,၀၀၀) ေက်ာ္ရွိခဲ့ၿပီး အခ်ိဳ႕ေရ ေဘးသင့္ျပည္သူမ်ားသည္ ေနအိမ္သို႔ျပန္ႏိုင္ခဲ့ေသာ္လည္း အမ်ားအျပားသည္ ေ႐ႊ႕ေျပာင္းေနထိုင္ေနရဆဲျဖစ္ကာ အေရးေပၚအကူအညီမ်ား လိုအပ္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ကခ်င္ျပည္နယ္ႏွင့္ ႏိုင္ငံ၏အေရွ႕ေတာင္ပိုင္းမ်ားတြင္ ကန႔္သတ္ခ်က္မ်ားတိုးလာျခင္းေၾကာင့္ အကူအညီလိုအပ္သူမ်ားအား အေရးပါသည့္အကူအညီမ်ားေပးႏိုင္ရန္ အဟန႔္အတားျဖစ္ေနေၾကာင္း UNOCHA မွ အသိေပးထားသည္။

၂၀၂၃ ခုႏွစ္အတြင္း လူဦးေရ(၅)သန္းကို လူသားခ်င္းစာနာမႈအကူအညီေပးရန္ဦးတည္ခဲ့ရာ ပထမႏွစ္ဝက္အတြင္း (၁ ဒသမ ၈)သန္းေက်ာ္ကို အကူအညီေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.