Sierra Leone နိုင်ငံ၏ ရွေးကောက်ပွဲကို အမေရိကန်အစိုးရ ကြားဝင်စွက်ဖက်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေ

 629

Pika (NP News) - စက်တင်ဘာ ၂၁

Sierra Leone နိုင်ငံ၏ ရွေးကောက်ပွဲများတွင် အမေရိကန်အစိုးရ ကြားဝင်စွက်ဖက်နေကြောင်း အဆိုပါစွက်ဖက်မှုများက Sierra Leone နိုင်ငံ၏ ဒီမိုကရေစီကို ခြိမ်းခြောက်နေကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာ ကမ်ပိန်းကို ဦးဆောင်သူ Abdul Fatorma က ပြောကြားခဲ့သည်။

၎င်းက "အဲဒီ စွပ်စွဲပြောဆိုချက်တွေသာ မှန်ကန်မယ်ဆိုရင် ဒါဟာ ဒီမိုကရေစီအတွက် အလွန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါပဲ" ဟု ပြောခဲ့သည်။

အမေရိကန်သည် Sierra Leone နိုင်ငံ၏ ဇွန်လ(၂၄)ရက် ရွေးကောက်ပွဲရလဒ်များကိုဝင်ရောက်စွက်ဖက်နိုင်ရန်အတွက် Sierra Leone သမ္မတ Julius Maada Bio ကို ဖိအားပေးခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။

Julius Maada Bio က "ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်ကြေညာတဲ့အချိန်က ပြဿနာတွေ စတင်လာတဲ့အချိန်ပါပဲ။ Sierra Leone ရဲ့ရွေးကောက်ပွဲကော်မရှင်(ECSL) ဟာ တွက်ချက်မှုတွေ၊ ပေါင်းစပ်မှုတွေ နဲ့ အခြားလုပ်ငန်းစဉ်တွေအားလုံးကို လုပ်ဆောင်ပြီးပါပြီ။ ရွေးကောက်ပွဲရလဒ်တွေကို အမေရိကန် ဝင်ရောက်မစွက်ဖက်နိုင်ဖို့အတွက် လုပ်ဆောင်ကြဖို့ (ECSL) ကို တောင်းဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။

အတိုက်အခံပါတီများနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ၏ ဝေဖန်မှုများရှိနေသည့်ကြားက Julius Maada Bioသည် ဆန္ဒမဲ(၅၆ ဒသမ ၁၇) ရာခိုင်နှုန်းဖြင့် သမ္မတဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အာဖရိကနိုင်ငံများရှိ ရွေးကောက်ပွဲများကို အမေရိကန်က ဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များသည် ယခင်တည်းက ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲများတွင် အမေရိကန်က ပါဝင်ပတ်သက်နေသည်ဆိုသည့် တိုက်ရိုက်အထောက်အထားများမရှိသော်လည်း ၂ဝ၁၈ ခုနှစ် ဇင်ဘာဘွေနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံပါတီသမ္မတလောင်း Nelson Chamisa သည် အမေရိကန်ကို လိုလားကြောင်း သက်သေပြခဲ့ပြီး ၎င်း၏ မဲဆွယ်စည်းရုံးမှုများသည် အမျိုးသားဒီမိုကရက်တစ်အင်စတီကျူ(NDI) ကဲ့သို့သော အမေရိကန်၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်မှုများရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
Sierra Leone ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို အေမရိကန္အစိုးရ ၾကားဝင္စြက္ဖက္ၿပီး ဒီမိုကေရစီကို ၿခိမ္းေျခာက္ေန
Pika (NP News) - စက္တင္ဘာ ၂၁

Sierra Leone ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲမ်ားတြင္ အေမရိကန္အစိုးရ ၾကားဝင္စြက္ဖက္ေနေၾကာင္း အဆိုပါစြက္ဖက္မႈမ်ားက Sierra Leone ႏိုင္ငံ၏ ဒီမိုကေရစီကို ၿခိမ္းေျခာက္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ လူ႔အခြင့္အေရး ဖြံ႕ၿဖိဳးတိုးတက္ေရး ႏိုင္ငံတကာ ကမ္ပိန္းကို ဦးေဆာင္သူ Abdul Fatorma က ေျပာၾကားခဲ့သည္။

၎က "အဲဒီ စြပ္စြဲေျပာဆိုခ်က္ေတြသာ မွန္ကန္မယ္ဆိုရင္ ဒါဟာ ဒီမိုကေရစီအတြက္ အလြန္ဆိုး႐ြားတဲ့ ၿခိမ္းေျခာက္မႈတစ္ခုပါပဲ" ဟု ေျပာခဲ့သည္။

အေမရိကန္သည္ Sierra Leone ႏိုင္ငံ၏ ဇြန္လ(၂၄)ရက္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကိုဝင္ေရာက္စြက္ဖက္ႏိုင္ရန္အတြက္ Sierra Leone သမၼတ Julius Maada Bio ကို ဖိအားေပးခဲ့သည္ဟု စြပ္စြဲခံထားရေၾကာင္း သိရသည္။

Julius Maada Bio က "ေ႐ြးေကာက္ပြဲရလဒ္ေတြကို ထုတ္ျပန္ေၾကညာတဲ့အခ်ိန္က ျပႆနာေတြ စတင္လာတဲ့အခ်ိန္ပါပဲ။ Sierra Leone ရဲ႕ေ႐ြးေကာက္ပြဲေကာ္မရွင္(ECSL) ဟာ တြက္ခ်က္မႈေတြ၊ ေပါင္းစပ္မႈေတြ နဲ႔ အျခားလုပ္ငန္းစဥ္ေတြအားလုံးကို လုပ္ေဆာင္ၿပီးပါၿပီ။ ေ႐ြးေကာက္ပြဲရလဒ္ေတြကို အေမရိကန္ ဝင္ေရာက္မစြက္ဖက္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ၾကဖို႔ (ECSL) ကို ေတာင္းဆိုခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

အတိုက္အခံပါတီမ်ားႏွင့္ ႏိုင္ငံတကာ ေလ့လာေစာင့္ၾကည့္သူမ်ား၏ ေဝဖန္မႈမ်ားရွိေနသည့္ၾကားက Julius Maada Bioသည္ ဆႏၵမဲ(၅၆ ဒသမ ၁၇) ရာခိုင္ႏႈန္းျဖင့္ သမၼတဒုတိယသက္တမ္းအတြက္ ထပ္မံေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အာဖရိကႏိုင္ငံမ်ားရွိ ေ႐ြးေကာက္ပြဲမ်ားကို အေမရိကန္က ဝင္ေရာက္စြက္ဖက္ခဲ့သည္ဆိုသည့္ စြပ္စြဲခ်က္မ်ားသည္ ယခင္တည္းက ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေ႐ြးေကာက္ပြဲမ်ားတြင္ အေမရိကန္က ပါဝင္ပတ္သက္ေနသည္ဆိုသည့္ တိုက္႐ိုက္အေထာက္အထားမ်ားမရွိေသာ္လည္း ၂ဝ၁၈ ခုႏွစ္ ဇင္ဘာေဘြႏိုင္ငံ သမၼတေ႐ြးေကာက္ပြဲတြင္ အတိုက္အခံပါတီသမၼတေလာင္း Nelson Chamisa သည္ အေမရိကန္ကို လိုလားေၾကာင္း သက္ေသျပခဲ့ၿပီး ၎၏ မဲဆြယ္စည္း႐ုံးမႈမ်ားသည္ အမ်ိဳးသားဒီမိုကရက္တစ္အင္စတီက်ဴ(NDI) ကဲ့သို႔ေသာ အေမရိကန္၏ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ဆက္စပ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.