ကုလသမဂ္ဂအထွေထွေညီလာခံတွင် အစ္စရေးသံတမန်အစည်းအဝေးခန်းအတွင်းမှ နှင်ထုတ်ခံရ

 2076

Pika (NP News) - စက်တင်ဘာ ၂၁

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးအမြဲတမ်းကိုယ်စားလှယ် Gilad Erdan သည် စက်တင်ဘာလ(၁၉)ရက်က စတင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အီရန်သမ္မတ Ebrahim Raisi ၏ မိန့်ခွန်းပြောကြားမှုကို နှောင့်ယှက်မှုကြောင့် အစည်းအဝေးခန်းအတွင်းမှ နှင်ထုတ်ခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

အစည်းအဝေးခန်းအတွင်း Gilad Erdan သည် အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးချုပ်နှောင်ခံရမှုအတွင်း သေဆုံးသွားခဲ့သော အသက်(၂၂)နှစ်အရွယ် မာရှာအေမီနီ၏ ဓါတ်ပုံကို ကိုင်ဆောင်ထားခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်သည် ယူကရိန်းပဋိပက္ခကို ပိုမိုဆိုးဝါးလာအောင် တွန်းအားပေးနေပြီး ကမ္ဘာကြီးကို အမေရိကန်အလိုကျဖြစ်စေရေးလုပ်ဆောင်နေသော လုပ်ရပ်များသည် မအောင်မြင်ကြောင်း အီရန်သမ္မတ Ebrahim Raisi က ပြောဆိုခဲ့သည်။

အီရန်သမ္မတ၏ မိန့်ခွန်းပြောကြားမှုကို နှောင့်ယှက်မှုကြောင့် Gilad Erdan သည် အစည်းအဝေးခန်းအတွင်းမှ နှင်ထုတ်ခံခဲ့ရပြီး ၎င်းကို လုံခြုံရေးအစောင့်များက အဆောက်အဦးအတွင်းမှ ခေါ်ဆောင်သွားသည်ကို ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ခဲ့ရသည်။

ထို့အပြင် Gilad Erdan သည် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက "ကုလသမဂ္ဂလုံခြုံရေးတွေဟာ သူ့ကိုစကားပြောခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းခြင်းတွေတော့ မလုပ်ခဲ့ပါဘူး။ အခင်းဖြစ်ပွားရာနေရာကိုတော့ ပိတ်ဆို့ထားပါတယ်" ဟု ပြောခဲ့သည်။

Gilad Erdan က "ကျွန်တော် အမှန်တရားအတွက် တိုက်ပွဲဝင်နေတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့အကျင့်စာရိတ္တ ယိုယွင်းပျက်စီးနေတာတွေကို အမြဲတမ်းဖော်ထုတ်နေမှာပါ။ လူသတ်သမားတွေနဲ့ လူမျိုးရေးခွဲခြားတဲ့သူတွေကို ကော်ဇောနီခင်းပေးတဲ့သူတွေဟာ သူတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူရမှာပါ" ဟု တွစ်တာတွင်ရေးသားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အီရန်ရဲတပ်ဖွဲ့များသည် မသင့်လျော်သော အဝတ်အစားများ ဝတ်ဆင်သည်ဟုဆိုကာ အသက်(၂၂)နှစ်အရွယ် မာရှာအေမီနီကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးချုပ်နှောင်ခံရချိန်အတွင်း မာရှာအေမီနီသည် အချုပ်ခန်းအတွင်း သေဆုံးသွားခဲ့ပြီးနောက် အီရန်နိုင်ငံတစ်ဝှမ်းဆန္ဒပြပွဲများပေါ်လာကာ ဆန္ဒပြသူများ သေဆုံးမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများလည်းရှိခဲ့သည်။

Zawgyi Version;
ကုလသမဂၢအေထြေထြညီလာခံတြင္ အစၥေရးသံတမန္အစည္းအေဝးခန္းအတြင္းမွ ႏွင္ထုတ္ခံရ
Pika (NP News) - စက္တင္ဘာ ၂၁

ကုလသမဂၢဆိုင္ရာ အစၥေရးအၿမဲတမ္းကိုယ္စားလွယ္ Gilad Erdan သည္ စက္တင္ဘာလ(၁၉)ရက္က စတင္က်င္းပခဲ့သည့္ ကုလသမဂၢအေထြေထြညီလာခံတြင္ အီရန္သမၼတ Ebrahim Raisi ၏ မိန႔္ခြန္းေျပာၾကားမႈကို ေႏွာင့္ယွက္မႈေၾကာင့္ အစည္းအေဝးခန္းအတြင္းမွ ႏွင္ထုတ္ခံခဲ့ရၿပီး ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

အစည္းအေဝးခန္းအတြင္း Gilad Erdan သည္ အီရန္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က ရဲတပ္ဖြဲ႕မ်ား၏ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရမႈအတြင္း ေသဆုံးသြားခဲ့ေသာ အသက္(၂၂)ႏွစ္အ႐ြယ္ မာရွာေအမီနီ၏ ဓါတ္ပုံကို ကိုင္ေဆာင္ထားခဲ့ေၾကာင္းလည္း သိရသည္။

အေမရိကန္သည္ ယူကရိန္းပဋိပကၡကို ပိုမိုဆိုးဝါးလာေအာင္ တြန္းအားေပးေနၿပီး ကမာၻႀကီးကို အေမရိကန္အလိုက်ျဖစ္ေစေရးလုပ္ေဆာင္ေနေသာ လုပ္ရပ္မ်ားသည္ မေအာင္ျမင္ေၾကာင္း အီရန္သမၼတ Ebrahim Raisi က ေျပာဆိုခဲ့သည္။

အီရန္သမၼတ၏ မိန႔္ခြန္းေျပာၾကားမႈကို ေႏွာင့္ယွက္မႈေၾကာင့္ Gilad Erdan သည္ အစည္းအေဝးခန္းအတြင္းမွ ႏွင္ထုတ္ခံခဲ့ရၿပီး ၎ကို လုံၿခဳံေရးအေစာင့္မ်ားက အေဆာက္အဦးအတြင္းမွ ေခၚေဆာင္သြားသည္ကို ဗီဒီယိုမွတ္တမ္းတစ္ခုတြင္ ေတြ႕ခဲ့ရသည္။

ထို႔အျပင္ Gilad Erdan သည္ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရေၾကာင္း မီဒီယာအမ်ားအျပားက ေဖာ္ျပခဲ့သည္။ ကုလသမဂၢေျပာေရးဆိုခြင့္ရွိသူက "ကုလသမဂၢလုံၿခဳံေရးေတြဟာ သူ႔ကိုစကားေျပာခဲ့ပါတယ္။ သူ႔ကို ဖမ္းဆီးထိန္းသိမ္းျခင္းေတြေတာ့ မလုပ္ခဲ့ပါဘူး။ အခင္းျဖစ္ပြားရာေနရာကိုေတာ့ ပိတ္ဆို႔ထားပါတယ္" ဟု ေျပာခဲ့သည္။

Gilad Erdan က "ကြၽန္ေတာ္ အမွန္တရားအတြက္ တိုက္ပြဲဝင္ေနတာကို ဘယ္ေတာ့မွ ရပ္တန႔္မွာ မဟုတ္ပါဘူး။ ကုလသမဂၢရဲ႕အက်င့္စာရိတၱ ယိုယြင္းပ်က္စီးေနတာေတြကို အၿမဲတမ္းေဖာ္ထုတ္ေနမွာပါ။ လူသတ္သမားေတြနဲ႔ လူမ်ိဳးေရးခြဲျခားတဲ့သူေတြကို ေကာ္ေဇာနီခင္းေပးတဲ့သူေတြဟာ သူတို႔ရဲ႕လုပ္ရပ္အတြက္ တာဝန္ယူရမွာပါ" ဟု တြစ္တာတြင္ေရးသားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက အီရန္ရဲတပ္ဖြဲ႕မ်ားသည္ မသင့္ေလ်ာ္ေသာ အဝတ္အစားမ်ား ဝတ္ဆင္သည္ဟုဆိုကာ အသက္(၂၂)ႏွစ္အ႐ြယ္ မာရွာေအမီနီကို ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရခ်ိန္အတြင္း မာရွာေအမီနီသည္ အခ်ဳပ္ခန္းအတြင္း ေသဆုံးသြားခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံတစ္ဝွမ္းဆႏၵျပပြဲမ်ားေပၚလာကာ ဆႏၵျပသူမ်ား ေသဆုံးမႈမ်ားႏွင့္ ဖမ္းဆီးထိန္းသိမ္းခံရမႈမ်ားလည္းရွိခဲ့သည္။

Related news

© 2021. All rights reserved.