နေပြည်တော်တွင် EV တက္ကစီ ဝန်ဆောင်မှုစတင် စမ်းသပ်ပြေးဆွဲ
 1517
NP News - စက်တင်ဘာ ၂၁
နေပြည်တော်တွင် EV တက္ကစီ (၁၀)စီးဖြင့် ခရီးသွားဝန်ဆောင်မှုများစတင်စမ်းသပ်ပြေးဆွဲနေကြောင်း EV Net Taxi လုပ်ငန်းမှ သိရသည်။
ခရီးအကွာအဝေးအလိုက် ကီလိုမီတာဖြင့် ယာဉ်စီးခပေးချေရမည်ဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ဝန်းကျင်မြို့နယ်များကို စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
“တက္ကစီ ငှားရမ်းလိုသူတွေအနေနဲ့ နေအိမ်တွေကနေ မိနစ်၂၀ခန့် ကြိုတင်ဖုန်းဆက်ပြီး ငှားရမ်းနိုင်ပါတယ်။ စတက်တက်ချင်းကျပ်(၁၅၀၀)၊ အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ်(၅၀၀)၊ မနက်၉နာရီကနေ ၆နာရီအတွင်း ဆိုရင်တော့ တစ်ကီလိုကို ကျပ်(၁၀၀၀) နှုန်းနဲ့ ပြေးဆွဲနေတယ်” EV Net Taxi မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော်တွင် စတင်စမ်းသပ်ပြေးဆွဲခြင်းဖြစ်ပြီး မကြာမီရန်ကုန်မြို့တွင် ပြေးဆွဲရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
zawgyi version
NP News - စက်တင်ဘာ ၂၁
Related news
© 2021. All rights reserved.