အဇာဘိုင်ဂျန်အစိုးရ၏ စစ်ဆင်ရေးများကြောင့် အနည်းဆုံးလူ(၂ဝဝ)သေဆုံးခဲ့ကြောင်း ခွဲထွက်ရေးအရာရှိတစ်ဦးပြော

 834

Pika (NP News) - စက်တင်ဘာ ၂၁

အဇာဘိုင်ဂျန်အစိုးရသည် အာမေးနီးယားလူမျိုး အများဆုံးနေထိုင်သော Nagorno-Karabakh ဒေသကို စစ်ဆင် ရေးများ စတင်လုပ်ဆောင်ပြီးနောက် တစ်ရက်အကြာတွင် သေဆုံးသူဦးရေမှာ အနည်းဆုံးလူ(၂၀၀)ရှိခဲ့ပြီး အခြား လူ (၄ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Nagorno-Karabakh ဒေသ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူ Gegham Stepanyan က "အဇာဘိုင်ဂျန် အစိုးရရဲ့စစ်ဆင်ရေးတွေကြောင့် အနည်းဆုံးလူ(၂ဝဝ)သေဆုံးခဲ့ပြီး အခြားလူ(၄ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်၊၊ သေဆုံးသူတွေထဲမှာ အနည်းဆုံး(၁၀)ဦးက အရပ်သားတွေဖြစ်ပြီး ၎င်းတို့ထဲက(၅)ဦးမှာ ကလေးတွေ ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev သည် ၎င်းတို့ဖက်မှ အသေအပျောက်စာရင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အတိအကျ ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိဘဲ အဆိုပါစစ်ဆင်ရေးအတွင်း ၎င်း၏ စစ်သား အချို့သေဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့်အချက်ကိုသာ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ(၁၉)ရက်က Nagorno-Karabakh ဒေသတွင် ရုရှား၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး အဖွဲ့ တစ်ဖွဲ့သည် ၎င်းတို့စီးလာသောယာဉ်ကို လက်နက်များဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား၏ ငြိမ်းချမ်းရေးတပ်ဖွဲ့သည် စောင့်ကြည့်ရေးစခန်းသို့ ပြန်လာစဉ်အချိန်အတွင်း အမည်မသိအကြမ်းဖက် သမားများက ၎င်းတို့စီးလာသောကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ကားပေါ်ပါလူအားလုံးသေဆုံးသွားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက် အတိအကျကို ထုတ်ပြန်ပြောကြား ခြင်းမျိုး မရှိကြောင်း သိရသည်။

ရုရှား နှင့် အဇာဘိုင်ဂျန်စုံစမ်းစစ်ဆေးရေးမှူးများသည် အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
အဇာဘိုင္ဂ်န္အစိုးရ၏ စစ္ဆင္ေရးမ်ားေၾကာင့္ အနည္းဆုံးလူ(၂ဝဝ)ေသဆုံးခဲ့ေၾကာင္း ခြဲထြက္ေရးအရာရွိတစ္ဦး ေျပာ
Pika (NP News) - စက္တင္ဘာ ၂၁

အဇာဘိုင္ဂ်န္အစိုးရသည္ အာေမးနီးယားလူမ်ိဳး အမ်ားဆုံးေနထိုင္ေသာ Nagorno-Karabakh ေဒသကို စစ္ဆင္ ေရးမ်ား စတင္လုပ္ေဆာင္ၿပီးေနာက္ တစ္ရက္အၾကာတြင္ ေသဆုံးသူဦးေရမွာ အနည္းဆုံးလူ(၂၀၀)ရွိခဲ့ၿပီး အျခား လူ (၄ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Nagorno-Karabakh ေဒသ လူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာသူ Gegham Stepanyan က "အဇာဘိုင္ဂ်န္ အစိုးရရဲ႕စစ္ဆင္ေရးေတြေၾကာင့္ အနည္းဆုံးလူ(၂ဝဝ)ေသဆုံးခဲ့ၿပီး အျခားလူ(၄ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါ တယ္၊၊ ေသဆုံးသူေတြထဲမွာ အနည္းဆုံး(၁၀)ဦးက အရပ္သားေတြျဖစ္ၿပီး ၎တို႔ထဲက(၅)ဦးမွာ ကေလးေတြ ျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev သည္ ၎တို႔ဖက္မွ အေသအေပ်ာက္စာရင္းႏွင့္ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္မ်ားကို အတိအက် ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိဘဲ အဆိုပါစစ္ဆင္ေရးအတြင္း ၎၏ စစ္သား အခ်ိဳ႕ေသဆုံးခဲ့ၿပီး အခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဆိုသည့္အခ်က္ကိုသာ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ စက္တင္ဘာလ(၁၉)ရက္က Nagorno-Karabakh ေဒသတြင္ ႐ုရွား၏ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရး အဖြဲ႕ တစ္ဖြဲ႕သည္ ၎တို႔စီးလာေသာယာဥ္ကို လက္နက္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

႐ုရွား၏ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕သည္ ေစာင့္ၾကည့္ေရးစခန္းသို႔ ျပန္လာစဥ္အခ်ိန္အတြင္း အမည္မသိအၾကမ္းဖက္ သမားမ်ားက ၎တို႔စီးလာေသာကားကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။ အဆိုပါ တိုက္ခိုက္ခံရမႈအတြင္း ကားေပၚပါလူအားလုံးေသဆုံးသြားခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ေသာ္လည္း ေသဆုံးသူအေရအတြက္ အတိအက်ကို ထုတ္ျပန္ေျပာၾကား ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။

႐ုရွား ႏွင့္ အဇာဘိုင္ဂ်န္စုံစမ္းစစ္ေဆးေရးမႉးမ်ားသည္ အခင္းျဖစ္ပြားရာေနရာသို႔သြားေရာက္ကာ စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.