ခြောက်နှစ်ကြာပြီးနောက် ကစားခဲ့သော ချန်ပီယံလိဂ်အဖွင့်ပွဲကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ

 601

Pika (NP News) - စက်တင်ဘာ ၂၁

အာဆင်နယ်အသင်းသည် PSV အသင်းနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် (၄)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နောက် အာဆင်နယ်နည်းပြအာတီသည် အသင်းကစားသမားများ၏ ခြေစွမ်းများ နှင့် စွမ်းဆောင်ရည်များကို ချီုးကျူးပြောဆိုခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ကစားပွဲကို (၆)နှစ်အကြာမှ ပြန်လည်ကစားခွင့်ရခဲ့ပြီး ၎င်းတို့၏ ပွဲဦးထွက် ပွဲစဉ်ကို ယခုကဲ့သို့ ဂိုးဖြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ PSV အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်း တောင်ပံကစားသမားဆာကာသည် ပွဲချိန်(၈)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူးလီဆန်ဒရိုထရိုးဆက် သည် ပွဲချိန်(၂ဝ)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့နောက် အာဆင်နယ်တိုက်စစ်မှူး ဂျီဆပ်သည် ပွဲချိန်(၃၈) တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမား အိုဒီဂါ့သည် ပွဲချိန်(၇ဝ)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် (၄)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်နည်းပြအာတီတာ က "ချန်ပီယံလိဂ်မှာ ဒီလိုပျော်ရွှင်စရာ ညမျိုးမရခဲ့တာ အချိန်အတော်ကြာပါပြီ။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်တို့ ရှိသင့်တဲ့နေရာမှာ ရှိနေခဲ့ပြီးတဲ့ နောက်မှာတော့ ချန်ပီယံလိဂ်ကို အကောင်းဆုံးပုံစံနဲ့ စတင်ခဲ့ပါပြီ။ ဒီအဆင့်မှာ ဆက်ရှိနေနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ေျခာက္ႏွစ္ၾကာၿပီးေနာက္ ကစားခဲ့ေသာ ခ်န္ပီယံလိဂ္အဖြင့္ပြဲကို အႏိုင္ရရွိခဲ့ၿပီးေနာက္ အသင္းကစားသမားေတြရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးေျပာဆိုလိုက္တဲ့ အာဆင္နယ္နည္းျပ
Pika (NP News) - စက္တင္ဘာ ၂၁

အာဆင္နယ္အသင္းသည္ PSV အသင္းႏွင့္ကစားခဲ့ေသာ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ (၄)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီး ေနာက္ အာဆင္နယ္နည္းျပအာတီသည္ အသင္းကစားသမားမ်ား၏ ေျခစြမ္းမ်ား ႏွင့္ စြမ္းေဆာင္ရည္မ်ားကို ခ်ီဳးက်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။

အာဆင္နယ္အသင္းသည္ ခ်န္ပီယံလိဂ္ကစားပြဲကို (၆)ႏွစ္အၾကာမွ ျပန္လည္ကစားခြင့္ရခဲ့ၿပီး ၎တို႔၏ ပြဲဦးထြက္ ပြဲစဥ္ကို ယခုကဲ့သို႔ ဂိုးျဖတ္ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ PSV အသင္းႏွင့္ ကစားခဲ့သည့္ပြဲတြင္ အာဆင္နယ္အသင္း ေတာင္ပံကစားသမားဆာကာသည္ ပြဲခ်ိန္(၈)မိနစ္တြင္ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး တိုက္စစ္မႉးလီဆန္ဒ႐ိုထ႐ိုးဆက္ သည္ ပြဲခ်ိန္(၂ဝ)မိနစ္တြင္ တစ္ဂိုးထပ္မံသြင္းယူခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ အာဆင္နယ္တိုက္စစ္မႉး ဂ်ီဆပ္သည္ ပြဲခ်ိန္(၃၈) တတိယေျမာက္ဂိုးကို ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီး ကြင္းလယ္ကစားသမား အိုဒီဂါ့သည္ ပြဲခ်ိန္(၇ဝ)မိနစ္တြင္ တစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီးေနာက္ (၄)ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

အာဆင္နယ္နည္းျပအာတီတာ က "ခ်န္ပီယံလိဂ္မွာ ဒီလိုေပ်ာ္႐ႊင္စရာ ညမ်ိဳးမရခဲ့တာ အခ်ိန္အေတာ္ၾကာပါၿပီ။ ဒီပြဲနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တကယ္ကို စိတ္လႈပ္ရွားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ရွိသင့္တဲ့ေနရာမွာ ရွိေနခဲ့ၿပီးတဲ့ ေနာက္မွာေတာ့ ခ်န္ပီယံလိဂ္ကို အေကာင္းဆုံးပုံစံနဲ႔ စတင္ခဲ့ပါၿပီ။ ဒီအဆင့္မွာ ဆက္ရွိေနႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားသြားမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.