ထိုင်းနိုင်ငံရဲ့ပထမဆုံး Pop Mart ဆိုင်ဖွင့်ပွဲမှာ limited edition ဖြစ်တဲ့ အရုပ်ကို ဝယ်ယူဖို့ လူရာနဲ့ချီ တန်းစီ စောင့်ခဲ့ရ

2654

ရောင်နီ (NP News) - စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) က ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ထိုင်ဝမ် အရုပ် ကုမ္ပဏီ Pop Mart စတိုးဆိုင်ဖွင့်ပွဲမှာ ရောင်းချတဲ့ Limited edition အရုပ်ကို ဝယ်ယူဖို့ လုရာနဲ့ချီတဲ့ လူအုပ်ကြီးက တန်းစီ စောင့်ခဲ့ရပါတယ်။
ဒါ့အပြင် အလုအယက်ဝယ်ယူကြလို့ စျေးဝယ်သူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် ဟောင်ကောင်အရုပ်ကုမ္ပဏီ Pop Mart ဟာ ထိုင်းနိုင်ငံမှာ ၎င်းရဲ့ပထမဆုံး အထင်ကရ စတိုးဆိုင်ကို ရာမ ၁ လမ်းရှိ CentralWorld ရှော့ပင်းမောလ်မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ ၎င်းရဲ့အထူးဖွင့်ပွဲနေ့ပရိုမိုးရှင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၎င်းရဲ့ Skull Panda အရုပ်ကို Limited edition အနေနဲ့ ရောင်းချခဲ့ပါတယ်။ အမြင့် ၁၄ စင်တီမီတာရှိတဲ့ အဆိုပါအရုပ်ကို စုစုပေါင်း အရေအတွက် ၁၄ဝ သာ ရောင်းချခဲ့တာပါ။
အရုပ်ကို "Skull Panda Hoar Frost Le Coeur de Neige" လို့ လူသိများပြီး တန်ကြေးတစ်ခုကို ၆၉၉ဝ ဘတ် ရှိပါတယ်။ အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) က ရာနဲ့ချီတဲ့ ဈေးဝယ်သူတွေဟာ အဆိုပါ စတိုးဆိုင်ရှေ့မှာ တစ်ညလုံး တန်းစီပြီး စောင့်ဆိုင်းဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အချို့လူတွေကတော့ Limited အရုပ်ကို စျေးကြီးကြီးနဲ့ ပြန်လည်ရောင်းချဖို့ ဝယ်ယူကြတယ်လို့ သိရပါတယ်။
အဆိုပါအရုပ်ကို ဝယ်ယူဖို့အတွက် တန်းစီဖို့ လူကိုတောင် Facebook မှာ အငှားခေါ်ကြပြီး အဲဒီလို တန်းစီခြင်းအတွက် ငှားခဟာ ဘတ် ၄ဝဝ မှ ၁ဝဝဝ ဘတ်အထိ ပေါက်စျေး ရှိခဲ့ပါတယ်။
ဟောင်ကောင်စတော့အိတ်ချိန်းကုမ္ပဏီ Pop Mart ဟာ ဒီဇိုင်နာအရုပ်တွေကိုသာ ရောင်းချခြင်းကြောင့် လူချမ်းသာအသိုင်းအဝိုင်းအကြား လူသိများပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံရဲ႕ပထမဆုံး Pop Mart ဆိုင္ဖြင့္ပြဲမွာ limited edition ျဖစ္တဲ့ အ႐ုပ္ကို ဝယ္ယူဖို႔ လူရာနဲ႔ခ်ီ တန္းစီ ေစာင့္ခဲ့ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) က ပထမဆုံး ဖြင့္လွစ္ခဲ့တဲ့ ထိုင္ဝမ္ အ႐ုပ္ ကုမၸဏီ Pop Mart စတိုးဆိုင္ဖြင့္ပြဲမွာ ေရာင္းခ်တဲ့ Limited edition အ႐ုပ္ကို ဝယ္ယူဖို႔ လုရာနဲ႔ခ်ီတဲ့ လူအုပ္ႀကီးက တန္းစီ ေစာင့္ခဲ့ရပါတယ္။
ဒါ့အျပင္ အလုအယက္ဝယ္ယူၾကလို႔ ေစ်းဝယ္သူအမ်ားအျပား ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္။
နာမည္ေက်ာ္ ေဟာင္ေကာင္အ႐ုပ္ကုမၸဏီ Pop Mart ဟာ ထိုင္းႏိုင္ငံမွာ ၎ရဲ႕ပထမဆုံး အထင္ကရ စတိုးဆိုင္ကို ရာမ ၁ လမ္းရွိ CentralWorld ေရွာ့ပင္းေမာလ္မွာ တရားဝင္ ဖြင့္လွစ္ခဲ့ပါတယ္။ ၎ရဲ႕အထူးဖြင့္ပြဲေန႔ပ႐ိုမိုးရွင္းရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ၎ရဲ႕ Skull Panda အ႐ုပ္ကို Limited edition အေနနဲ႔ ေရာင္းခ်ခဲ့ပါတယ္။ အျမင့္ ၁၄ စင္တီမီတာရွိတဲ့ အဆိုပါအ႐ုပ္ကို စုစုေပါင္း အေရအတြက္ ၁၄ဝ သာ ေရာင္းခ်ခဲ့တာပါ။
အ႐ုပ္ကို "Skull Panda Hoar Frost Le Coeur de Neige" လို႔ လူသိမ်ားၿပီး တန္ေၾကးတစ္ခုကို ၆၉၉ဝ ဘတ္ ရွိပါတယ္။ အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) က ရာနဲ႔ခ်ီတဲ့ ေဈးဝယ္သူေတြဟာ အဆိုပါ စတိုးဆိုင္ေရွ႕မွာ တစ္ညလုံး တန္းစီၿပီး ေစာင့္ဆိုင္းဝယ္ယူခဲ့ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕လူေတြကေတာ့ Limited အ႐ုပ္ကို ေစ်းႀကီးႀကီးနဲ႔ ျပန္လည္ေရာင္းခ်ဖို႔ ဝယ္ယူၾကတယ္လို႔ သိရပါတယ္။
အဆိုပါအ႐ုပ္ကို ဝယ္ယူဖို႔အတြက္ တန္းစီဖို႔ လူကိုေတာင္ Facebook မွာ အငွားေခၚၾကၿပီး အဲဒီလို တန္းစီျခင္းအတြက္ ငွားခဟာ ဘတ္ ၄ဝဝ မွ ၁ဝဝဝ ဘတ္အထိ ေပါက္ေစ်း ရွိခဲ့ပါတယ္။
ေဟာင္ေကာင္စေတာ့အိတ္ခ်ိန္းကုမၸဏီ Pop Mart ဟာ ဒီဇိုင္နာအ႐ုပ္ေတြကိုသာ ေရာင္းခ်ျခင္းေၾကာင့္ လူခ်မ္းသာအသိုင္းအဝိုင္းအၾကား လူသိမ်ားပါတယ္။