လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် NSPNC နှင့် RCSS တို့ တွေ့ဆုံဆွေးနွေး

 656

မျိုးကြီး (NP News) - စက်တင်ဘာ ၂၂

လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် နစက၏ NSPNC နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်သောအဖွဲ့နှင့် ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ စဝ်စိုင်းငင်း ဦးဆောင်သောအဖွဲ့တို့သည် ယမန်နေ့(စက်တင်ဘာ ၂၁ ရက်) တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရန်၊ လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုထားပြီး ရွေးကောက်ပွဲအား ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းပြုစု၍ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများ နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍လည်း NSPNC နှင့် RCSS အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်) တွင်လည်း နစက၏ NSPNC နှင့် RCSS ကြားတွင် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို အခြေခံကာ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

Zawgyi Version;
လက္နက္ကိုင္အဖြဲ႕မ်ားရွိရာ ေဒသမ်ား၌ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ NSPNC ႏွင့္ RCSS တို႔ ေတြ႕ဆုံေဆြးေႏြး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၂

လက္နက္ကိုင္အဖြဲ႕မ်ားရွိရာ ေဒသမ်ား၌ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ နစက၏ NSPNC ႏွင့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ RCSS တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

NSPNC မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းႏိုင္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ရွမ္ျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)မွ စဝ္စိုင္းငင္း ဦးေဆာင္ေသာအဖြဲ႕တို႔သည္ ယမန္ေန႔(စက္တင္ဘာ ၂၁ ရက္) တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံရာ၌ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိရာ ေဒသမ်ားတြင္ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီ မိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ ပူးေပါင္းေဆာင္႐ြက္ရန္၊ လူသားခ်င္းစာနာမႈအကူအညီေပးအပ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ကိစၥရပ္မ်ားကို ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရအေနျဖင့္ အေထြေထြေ႐ြးေကာက္ပြဲအား ျပန္လည္က်င္းပေပးမည္ဟု ကတိျပဳထားၿပီး ေ႐ြးေကာက္ပြဲအား ၂ဝ၂၄ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ယူၿပီးမွသာ မဲစာရင္းျပဳစု၍ က်င္းပသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားသည္။

ထို႔ျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂ဝဝ၈ ခုႏွစ္)တြင္ ျပင္ဆင္သင့္သည့္ပုဒ္မမ်ား ႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ စီးပြားေရးဆိုင္ရာလိုအပ္ခ်က္မ်ားႏွင့္ပတ္သက္၍လည္း NSPNC ႏွင့္ RCSS အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယေန႔(စက္တင္ဘာ ၂၂ ရက္) တြင္လည္း နစက၏ NSPNC ႏွင့္ RCSS ၾကားတြင္ ဆက္လက္ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။

ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ RCSS သည္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ကို အေျခခံကာ ပဋိပကၡမ်ားကို ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ ေျဖရွင္းေဆာင္႐ြက္သြားမည္ဟု ေၾကညာထားသည္။

Related news

© 2021. All rights reserved.