Mobile Pay များ ခေတ္တရပ်ဆိုင်းမည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ် တစ်ခုတည်းသာဖြစ်ပြီး ကျန်လုပ်ငန်းများနှင့်မသက်ဆိုင်

 7978

NP News - စက်တင်ဘာ ၂၂

KBZ pay အပါအဝင် Mobile Pay များဖြင့် ငွေကြေးဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းမည်ဆိုသည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ်၏ ငွေလွှဲခြင်းလုပ်ငန်းစဥ်တစ်ခုတည်းကိုသာ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ထွက်ရှိပြီးသည့်နောက် လူမှုကွန်ယက်စာမျက်နှာပေါ်၌ K pay နှင့် Wave pay များ၏ ငွေလွှဲ ဝန်ဆောင်မှုများအား ခေတ္တရပ်ဆိုင်းမည်ဆိုသည့် နားလည်မှုလွဲမှားသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိတွင် Mobile Payment များနှင့်ပတ်သက်ပြီး kbz pay နှင့် wave pay များ၏ call center များအား ဆက်သွယ်မေးမြန်းရာ၌ ငွေလွှဲဝန်ဆောင်မှုအား ခေတ္တရပ်ဆိုင်းမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြား ခဲ့သည်။

"ကျွန်မတို့ kbz pay ကတော့ ထုတ်ပြန်ကြေညာထားတာမရှိပါဘူး။ တစ်စုံတစ်ရာ လုပ်ဆောင်မှုရှိပါက kbz pay ကနေ တရားဝင် အကြောင်းကြားပေးပါတယ်" ဟု call center မှ ဆိုသည်။

အွန်လိုင်းရှော့ပင်လုပ်ဆောင်သူများ နှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ဆောင်သူမျအကြား အလွန်စိုးရိန်နေကြပြီး အဆိုပါ Kpay , Wave pay ၏ ငွေလွှဲဝန်ဆောင်မှု ခေတ္တရပ်နားမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

"ရန်ကုန်မြို့တော်ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပဲ ငွေပေးချေလို့ မရတာပါ။ သူ့ဘဏ်က သူ့ Pay က်ို အဆင့်မြှင့်တာပါ။ တခြား Mobile payment တွေနဲ့ မဆိုင်ပါဘူး" ဟု အိုင်တီသမားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်ဘဏ်၏ ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် ၆ လချုပ်စာရင်းပိတ်ရန် ရှိသဖြင့် ဘဏ်၏ Payment Gateway မှ တစ်ဆင့် wave pay, KBZ pay များအပါအဝင် Mobile Payment ဖြင့် မည်သည့် ငွေပေး ချေခြင်းကိုမဆို ခေတ္တရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ထုတ်ပြန်ချက်အရ သိရ သည်။

စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီ မှစ၍ အောက်တိုဘာလ ၂ ရက်၊ နံနက် ၉ နာရီ ၃ဝ မိနစ်အထိ ရန်ကုန် မြို့တော်ဘဏ်၏ Payment Gateway မှ တစ်ဆင့် Mobile Payment ဖြင့် ငွေပေးချေခြင်းအား ခေတ္တရပ်ဆိုင်း မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
Mobile Pay မ်ား ေခတၱရပ္ဆိုင္းမည့္သတင္းမွာ ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္ တစ္ခုတည္းသာျဖစ္ၿပီး က်န္လုပ္ငန္းမ်ားႏွင့္မသက္ဆိုင္
NP News - စက္တင္ဘာ ၂၂

KBZ pay အပါအဝင္ Mobile Pay မ်ားျဖင့္ ေငြေၾကးဝန္ေဆာင္မႈမ်ား ေခတၱရပ္ဆိုင္းမည္ဆိုသည့္သတင္းမွာ ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္၏ ေငြလႊဲျခင္းလုပ္ငန္းစဥ္တစ္ခုတည္းကိုသာ ရပ္ဆိုင္းျခင္းျဖစ္ေၾကာင္း ၎ဘဏ္၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။

အဆိုပါ ထုတ္ျပန္ခ်က္ထြက္ရွိၿပီးသည့္ေနာက္ လူမႈကြန္ယက္စာမ်က္ႏွာေပၚ၌ K pay ႏွင့္ Wave pay မ်ား၏ ေငြလႊဲ ဝန္ေဆာင္မႈမ်ားအား ေခတၱရပ္ဆိုင္းမည္ဆိုသည့္ နားလည္မႈလြဲမွားသည့္ သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

လက္ရွိတြင္ Mobile Payment မ်ားႏွင့္ပတ္သက္ၿပီး kbz pay ႏွင့္ wave pay မ်ား၏ call center မ်ားအား ဆက္သြယ္ေမးျမန္းရာ၌ ေငြလႊဲဝန္ေဆာင္မႈအား ေခတၱရပ္ဆိုင္းမည္ဆိုသည္မွာ မဟုတ္မွန္ေၾကာင္း ေျပာၾကား ခဲ့သည္။

"ကြၽန္မတို႔ kbz pay ကေတာ့ ထုတ္ျပန္ေၾကညာထားတာမရွိပါဘူး။ တစ္စုံတစ္ရာ လုပ္ေဆာင္မႈရွိပါက kbz pay ကေန တရားဝင္ အေၾကာင္းၾကားေပးပါတယ္" ဟု call center မွ ဆိုသည္။

အြန္လိုင္းေရွာ့ပင္လုပ္ေဆာင္သူမ်ား ႏွင့္ ေငြလႊဲဝန္ေဆာင္မႈ လုပ္ေဆာင္သူမ်အၾကား အလြန္စိုးရိန္ေနၾကၿပီး အဆိုပါ Kpay , Wave pay ၏ ေငြလႊဲဝန္ေဆာင္မႈ ေခတၱရပ္နားမည္ဆိုသည့္သတင္းမွာ မဟုတ္မွန္ေၾကာင္း သိရသည္။

"ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ သူေတြပဲ ေငြေပးေခ်လို႔ မရတာပါ။ သူ႔ဘဏ္က သူ႔ Pay က္ို အဆင့္ျမႇင့္တာပါ။ တျခား Mobile payment ေတြနဲ႔ မဆိုင္ပါဘူး" ဟု အိုင္တီသမားတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္၏ ၂ဝ၂၃ - ၂ဝ၂၄ ခုႏွစ္ဘ႑ာႏွစ္အတြက္ ၆ လခ်ဳပ္စာရင္းပိတ္ရန္ ရွိသျဖင့္ ဘဏ္၏ Payment Gateway မွ တစ္ဆင့္ wave pay, KBZ pay မ်ားအပါအဝင္ Mobile Payment ျဖင့္ မည္သည့္ ေငြေပး ေခ်ျခင္းကိုမဆို ေခတၱရပ္ဆိုင္းရျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္လီမိတက္၏ ထုတ္ျပန္ခ်က္အရ သိရ သည္။

စက္တင္ဘာလ ၂၂ ရက္၊ ေန႔လည္ ၂ နာရီ မွစ၍ ေအာက္တိုဘာလ ၂ ရက္၊ နံနက္ ၉ နာရီ ၃ဝ မိနစ္အထိ ရန္ကုန္ ၿမိဳ႕ေတာ္ဘဏ္၏ Payment Gateway မွ တစ္ဆင့္ Mobile Payment ျဖင့္ ေငြေပးေခ်ျခင္းအား ေခတၱရပ္ဆိုင္း မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.