ပုဂ္ဂလိကကျောင်းများ၌ နေ့စဥ် နိုင်ငံ‌တော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ရမည်ဟု နစက အသိပေး

 2305

ယွန်း (NP News) - စက်တင်ဘာ ၂၂

ပုဂ္ဂလိကကျောင်းများတွင် နေ့စဥ်နိုင်ငံတော်အလံအလေးပြုခြင်း နှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးမှ အသိပေးပြောထားသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စက်တင်ဘာ(၂၁)ရက်တွင် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီး ဌာနအစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဥ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ရန် ဒုဝန်ကြီးက အသိပေးပြောကြားထားသည်။

ထို့ပြင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်နှင့် မြန်မာ့ယဥ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့ သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရန် ဆက်လက်ပြောသည်။

ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများ အားလုံးကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များကိုလည်း နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့်အညီ တစ်ပြေးညီတူညီရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီဝါတွင်းကာလ၌ ဥပုသ် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရန် ဒေါက်တာဇော်မြင့်က အသိပေးပြောထားသည်။

ထို့ပြင် ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်းရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးကောက်ယူရန် နစက၏ ပညာရေးဝန်ကြီးဌာနက အဖွဲ့(၂)ဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြီးခဲ့သည့် သြဂုတ်လက ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
ပုဂၢလိကေက်ာင္းမ်ား၌ ေန႔စဥ္ ႏိုင္ငံ‌ေတာ္အလံအေလးျပဳျခင္းႏွင့္ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းတို႔ကို မပ်က္မကြက္ ေဆာင္႐ြက္ရမည္ဟု နစက အသိေပး
ယြန္း (NP News) - စက္တင္ဘာ ၂၂

ပုဂၢလိကေက်ာင္းမ်ားတြင္ ေန႔စဥ္ႏိုင္ငံေတာ္အလံအေလးျပဳျခင္း ႏွင့္ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းတို႔ကို မပ်က္မကြက္ေဆာင္႐ြက္ရန္ ပညာေရးဝန္ႀကီးဌာန ဒုဝန္ႀကီးမွ အသိေပးေျပာထားသည္။

ပညာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က စက္တင္ဘာ(၂၁)ရက္တြင္ ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ ၿမိဳ႕နယ္ သထုံလမ္းရွိ အဆင့္ျမင့္ပညာဦးစီး ဌာနအစည္းအေဝးခန္းမ၌ ပုဂၢလိကေက်ာင္း တည္ေထာင္သူမ်ား၊ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ပုဂၢလိကေက်ာင္းမ်ားအေနျဖင့္ ေန႔စဥ္ႏိုင္ငံေတာ္အလံအေလးျပဳျခင္း၊ ႏိုင္ငံေတာ္သီခ်င္း သီဆိုျခင္းတို႔ကို မပ်က္မကြက္ေဆာင္႐ြက္ရန္ ဒုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

ထို႔ျပင္ ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ေစရန္ႏွင့္ ျမန္မာ့ယဥ္ေက်းမႈ မပ်က္စီးေစရန္အတြက္ ျမန္မာစာ၊ ျမန္မာ့ သမိုင္းႏွင့္ ျမန္မာ့ပထဝီဝင္ဘာသာရပ္မ်ားကို ဥပေဒႏွင့္အညီ သင္ၾကားရန္ ဆက္လက္ေျပာသည္။

ပုဂၢလိကအေျခခံပညာ သင္႐ိုးသင္ေက်ာင္းမ်ား၊ ႏိုင္ငံတကာသင္႐ိုးၫႊန္းတမ္းသင္ အေျခခံပညာေက်ာင္းမ်ား အားလုံးေက်ာင္းဖြင့္ရက္၊ ေက်ာင္းပိတ္ရက္၊ စာေမးပြဲက်င္းပရက္မ်ားကိုလည္း ႏိုင္ငံေတာ္ကဖြင့္လွစ္သည့္ ေက်ာင္းမ်ားႏွင့္အညီ တစ္ေျပးညီတူညီရမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

အလားတူ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ားအားလုံး တစ္ေျပးညီဝါတြင္းကာလ၌ ဥပုသ္ တနဂၤေႏြေန႔တြင္ ေက်ာင္းပိတ္ရန္ ေဒါက္တာေဇာ္ျမင့္က အသိေပးေျပာထားသည္။

ထို႔ျပင္ ပုဂၢလိကေက်ာင္းမ်ား၌ ႏိုင္ငံေတာ္အလံ အေလးျပဳျခင္းရွိ၊ မရွိအပါအဝင္ သတင္းအခ်က္အလက္မ်ားကို ကြင္းဆင္းစစ္ေဆးေကာက္ယူရန္ နစက၏ ပညာေရးဝန္ႀကီးဌာနက အဖြဲ႕(၂)ဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္း ၿပီးခဲ့သည့္ ၾသဂုတ္လက ဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.