မူးယစ်ဆေး- ကုသရန်ခက်ခဲသော ကာလသားရောဂါများ၊ ဗီယက်နမ် ရိုစ်နှင့် ကမ္ဘာကျော်သည့် အမေရိကန်စစ်တပ်

 1821

Htay Oung (NP News) - စက်တင်ဘာ ၂၂

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်က ဖွင့်လှစ်ထားတဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ဆိုးလ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မရိန်းတပ်သား ၁၇ ယောက်ကို သံသယရှိတယ်လို့ BBC က ယမန်နေ့ ရေးသားပါတယ်။ တကယ်တော့ အမေရိကန်စစ်တပ်သွားလေရာ မူးယစ်ဆေးဝါးပြဿနာဟာ ဒွန်တွဲနေ ခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကို ကမ္ဘာသုံးဖြစ်လာအောင် စတင်သူက အမေရိကန် CIA ဖြစ်ပြီး၊ သုံးစွဲမှု အလေ့အထကို ဖြန့်ဖြူးသူ က အမေရိကန်စစ်သားများဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာ အပါအဝင် နိုင်ငံအတော်များများမှာ ကူးစက် ပျံ့နှံ့နေတဲ့ AIDS လို့ မြန်မာတို့သိနေကြတဲ့ HIV အပါအဝင် ကြောက်မက်ဖွယ် ကာလသားရောဂါကို ဖြန့်ဖြူသူဟာလည်း အမေရိကန်စစ်တပ်ပါပဲ။

ရှေးဘုရင်များလက်ထက် မြန်မာ-တရုတ် အပါအဝင် အာရှတိုက်နိုင်ငံများမှာ ဘိန်းစား ဘိန်းရှူခြင်း ဓလေ့ရှိခဲ့ ပေမယ့် တွင်ကျယ်ခြင်း မရှိခဲ့ပါဘူး၊ ၁၉၅၄ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်း လောနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံအတွင်း ကွန်မြူနစ်ဝါဒ တားဆီးရေးဆိုပြီး အင်ဒိုချိုင်းနား စစ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စစ်တိုက်ခဲ့ပါတယ်။

အဲဒီအချိန် မြန်မာနိုင်ငံဟာ ဖဆပလအစိုရလက်ထက် အင်းစိန်အထိ သိမ်းယူထားတဲ့ ရောင်စုံသူပုန်တို့ကို တပ်မတော်က ထပ်ချပ်မကွာ လိုက်လံ ရှင်းလင်းနေရဆဲကာလဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ် မော်စီတုန်းကို ရှုံးနိမ့်သွားတဲ့ ကူမင်တန် တရုတ်ဖြူတို့ဟာ ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာကြပါ တယ်။

ဂျင်နရယ် လီမီရဲ့တရုတ်ဖြူစစ်တပ်ကို ဝင်ငွေ တစ်ဖက်တစ်လမ်းရရှိအောင် ဘိန်းစိုက်ပျိုးစေပြီး ကမ္ဘာကို ဖြန့်ခဲ့ခြင်း ဖြင့် “ဘိန်းစား_ဦးရေ_တိုးပွားရေး” ကို စတင်ခဲ့သူက အမေရိကန် CIA ဖြစ်ပါတယ်။ လော-မြန်မာ-ထိုင်း ၃-နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသဟာ ဘိန်းနဲ့ ဘိန်းဖြူခေါ် ဟီးရိုးအင်း မူးယစ်ဆေးကို ကမ္ဘာ့အများဆုံး ထုတ်လုပ်ရာ နယ်မြေ ဖြစ်လာရခြင်းရဲ့ နိဒါန်းလို့ ဆိုနိုင်ပါတယ်။

အဲဒီအစီအစဉ်ကို အတည်ပြုပေးခဲ့သူက အမေရိကန်သမ္မတ ထရူးမင်း ဖြစ်ပြီး မူးယစ်ဆေးဝါးများနဲ့ စစ်လက်နက် ခဲယမ်းများကို စစ်လေယာဉ်ကြီးများ အသုံးပြုပြီး အပြန်အလှန် သယ်ပို့ပေးတဲ့အထိ အကြံပက်စက်ခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲရောက် အမေရိကန်စစ်သားများအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ ထမင်းစားရေသောက်ကိစ္စ သာဖြစ်ခဲ့ပါတယ်။ အဲဒီအလေ့အထဟာ အမေရိကန်စစ်စခန်းများရှိရာ ကမ္ဘာအရပ်ရပ်မှာ ယနေ့တိုင် ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။

HIV ဗိုင်းရပ်စ်ဟာ AIDS (ခေါ်) ခုခံအား ကျဆင်းမှုရောဂါကို ဖြစ်ပွားစေပြီး ကုသရန်ခက်ခဲတဲ့ ခေတ်ပေါ် ကာလသား ရောဂါဖြစ်ပါတယ်။

ကနဦးအစ အာဖရိကတိုက် ဂရင်း_မန်းကီးခေါ် မျောက်ဝံတို့မှာ တွေ့ရှိရတဲ့ အဲဒီဗိုင်းရပ်စ်ဟာ အာဖရိကတိုက်ကို ဥရောပလူဖြူတို့ ကိုလိုနီအရှိန် အမြင့်တက်ဆုံး ၁၉၁ဝ ပြည့်နှစ်တည်းက ဥရောပတိုက်သားများထံ (တိရစ္ဆာန်မှ လူသို့) ကူးစက်နေပုံရပါတယ်။ ယခု ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်နေတဲ့ ဘယ်လ်ဂျီယန် ကိုလိုနီနိုင်ငံ အတွင်း ၁၉၅၉ ခုနှစ်မှာ စတင်တွေ့ရှိရပြီး လူသိမများဘဲ ထူးဆန်းရောဂါအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။

၁၉၈၁ ခုနှစ် အမေရိကန်နိုင်ငံမှာ ယနေ့ခေတ် AIDS ရောဂါစုလို့ အများသိကြတဲ့ ခုခံအားကျဆင်း လူနာကို တွေ့ရှိရ တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်မင်းသား ရော့ခ်_ဟတ်ဆန်ဟာ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်၊ ချောမောတဲ့ရုပ်ရည်။ ထူးချွန်တဲ့ သရုပ်ဆောင်မှုတို့ကြောင့် ကမ္ဘာကျော်ပါတယ်။ သူ့မှာ HIV ဗိုင်းရပ်စ်စွဲကပ်နေကြောင်း ရော့ခ်ဟတ်ဆန်ရဲ့ ထုတ်ပြန်ကြေညာမှုဟာ တစ်ကမ္ဘာလုံး စိတ်၀င်စားစရာဖြစ်ခဲ့ရပါတယ်။

၁၉၈၄ ခုနှစ် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူကို တွေ့ရှိရပြီး ၁၉၈၅ ခုနှစ်မှာ ခုခံအား ကျဆင်းမှုရောဂါနဲ့ ရော့်းဟတ်ဆန် ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရောဂါကို ယောက်ျားချင်း လိင်တူဆက်ဆံ သူများမှာသာ တွေ့ရှိရတဲ့ Gay Plague “ အခြောက်_ပလိပ်ရောဂါ” အဖြစ်သာ သတ်မှတ်ခဲ့ ကြပါတယ်

၁၉၆ဝ-၁၉၇၅ ခုနှစ်အထိ ထိုင်းနိုင်ငံဟာ အင်ဒိုချိုင်းနား စစ်ပွဲကာလ အမေရိကန်လေတပ်အခြေစိုက်စခန်းကို လက်ခံဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အပန်းဖြေ အနားယူလေ့ရှိတဲ့ အမေရိကန်စစ်သားများနဲ့အတူ မူးယစ်ဆေးဝါးနဲ့ ဆန်းကြယ် ခေတ်ပေါ် ကာလသားရောဂါများလည်း ပျံ့နှံ့လာခဲ့ပုံတယ်။ ၁၉၈၉ ခုနှစ် ဟောင်ကောင်ရောက် ဗီယက်နမ်ဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ ထူးခြား ဆစ်ဖလစ်ရောဂါကာလသားရောဂါကို စတင်ခြေရာခံမိကြပါတယ်။

STD လို့ ခေါ်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေမှာ ဆစ်ဖလစ် (ခေါ်) လိင်အင်္ဂါ ရေယုန်နဲ့ ဂနိုကျခြင်းတို့ ပါဝင်ပါတယ်။ ယောက်ျားလိင်တံ- မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ လိင်အင်္ဂါပေါ် (သို့မဟုတ်) အနီးတစ်ဝှိုက်တွင် အနာဖြစ်ခြင်း၊ တင်ပါးဆုံတစ်ဝှိုက် နာကျင်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ သမားရိုးကျ ကာလသားရောဂါ အချို့ သည်ပင်လျှင် ထိရောက်စွာ ကုသမှု မရှိလျှင် ရောဂါပိုး ယဉ်ပါးသွားပြီး ရောဂါဆန်းသွားခြင်း၊ မျိုးရိုးလိုက်ခြင်းမှ သားသမီး မရနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။

မူလက (ဆီးပူညောင်းကျ) ဂနိုကျခြင်း ကာလသားရောဂါကို တရုတ်တို့ ခေါ်တဲ့ “ဗီယက် နမ်_ရို့စ်” ဟာ ယောက်ျား လိင်တံမှာ ကြက်အအမောက်သဖွယ် နီနီရဲရဲ နှင်းဆီပွင့်လို ဆစ်ဖလစ်အနာအဖြစ် ကြောက်လန့်တကြား လူသိများ လာခဲ့ရပါတယ်။ ယောက်ျားအင်္ဂါ ထူးဆန်းကြွက်နို့ရောဂါကလည်း ဗီယက်နမ် စစ်မြေပြင်ရောက် အမေရိကန် စစ်သားများမှာ တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် အနောက်မီဒီယာများဟာ ဒီသတင်းကို ထိန်ချန် ထားကြတယ်လို့ ဆိုပါတယ်

၁၉၇၅ ခုနှစ်မှာ ထိုင်းအစိုးရက အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပိတ်ပစ်ခဲ့ပေမယ့် ငပွကြီးတို့ ပေးခဲ့တဲ့ အမွေ ကတော့ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ HIV ဗိုင်းရပ်စ်ဟာ ယောက်ျားချင်း လိင်တူ ဆက်ဆံသူများ သာမက ကျား နှင့် မ လိင်ကွဲဆက်ဆံသူများမှာပါ ကူးစက်နေပြီဖြစ်ပါတယ်။

ပြင်သစ်နဲ့ အမေရိကန်တို့ ကျူးကျော်ခံလိုက်ရတဲ့ နှစ် ၃ဝ ကြာ စစ်ပွဲအပြီး တောင်ဗီယက်နမ်နိုင်ငံမှာလည်း ငှက်ဖျား၊ အကျိတ်ပလိပ်ရောဂါ၊ အနာကြီးရောဂါ၊ တီ ဘီ၊ ကာလသားရောဂါ စသဖြင့် ရောဂါပေါင်းစုံနဲ့ ပြည့်တန်ဆာ ၃ဝဝဝဝဝ တို့ ပျံ့နှံ့ရာ တိုင်းပြည်အဖြစ် ကျန်ရစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ သိရှိရတယ်လို့ “အေပီ သတင်းအေဂျင်စီ” (21 March 1978) က ရေးသားပါတယ် ။

အစဉ်လေးစားစွာဖြင့်
#HtayOung, #Oung
#အမေရိကန်စစ်တပ်နှင့်_မူးယစ်ဆေးဝါး #CIA #HIV #AIDS #ကူမင်တန်တရုတ်ဖြူ #ဘိန်းဖြူ_ဟီးရိုးအင်း #ကာလသားရောဂါ #ဗီယက်နမ်_ရို့စ် #ဆီးပူညောင်းကျ #ဆစ်ဖလစ်

Zawgyi Version;
မူးယစ္ေဆး- ကုသရန္ခက္ခဲေသာ ကာလသားေရာဂါမ်ား၊ ဗီယက္နမ္ ႐ိုစ္ႏွင့္ ကမာၻေက်ာ္သည့္ အေမရိကန္စစ္တပ္
Htay Oung (NP News) - စက္တင္ဘာ ၂၂

ေတာင္ကိုရီးယားႏိုင္ငံမွာ အေမရိကန္က ဖြင့္လွစ္ထားတဲ့ စစ္အေျခစိုက္စခန္းတစ္ခုကို ဆိုးလ္ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြစဥ္ မူးယစ္ေဆးဝါးမ်ားကို ေတြ႕ရွိခဲ့ၿပီး မရိန္းတပ္သား ၁၇ ေယာက္ကို သံသယရွိတယ္လို႔ BBC က ယမန္ေန႔ ေရးသားပါတယ္။ တကယ္ေတာ့ အေမရိကန္စစ္တပ္သြားေလရာ မူးယစ္ေဆးဝါးျပႆနာဟာ ဒြန္တြဲေန ခဲ့တာၾကာျမင့္လွၿပီျဖစ္ပါတယ္။

မူးယစ္ေဆးဝါးကို ကမာၻသုံးျဖစ္လာေအာင္ စတင္သူက အေမရိကန္ CIA ျဖစ္ၿပီး၊ သုံးစြဲမႈ အေလ့အထကို ျဖန္႔ျဖဴးသူ က အေမရိကန္စစ္သားမ်ားျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိ ျမန္မာ အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ကူးစက္ ပ်ံ႕ႏွံ႔ေနတဲ့ AIDS လို႔ ျမန္မာတို႔သိေနၾကတဲ့ HIV အပါအဝင္ ေၾကာက္မက္ဖြယ္ ကာလသားေရာဂါကို ျဖန္႔ျဖဴသူဟာလည္း အေမရိကန္စစ္တပ္ပါပဲ။

ေရွးဘုရင္မ်ားလက္ထက္ ျမန္မာ-တ႐ုတ္ အပါအဝင္ အာရွတိုက္ႏိုင္ငံမ်ားမွာ ဘိန္းစား ဘိန္းရႉျခင္း ဓေလ့ရွိခဲ့ ေပမယ့္ တြင္က်ယ္ျခင္း မရွိခဲ့ပါဘူး၊ ၁၉၅၄ ခုႏွစ္မွ စတင္ၿပီး အေမရိကန္ႏိုင္ငံဟာ ျမန္မာ့အိမ္နီးခ်င္း ေလာႏိုင္ငံ အပါအ၀င္ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံအတြင္း ကြန္ျမဴနစ္ဝါဒ တားဆီးေရးဆိုၿပီး အင္ဒိုခ်ိဳင္းနား စစ္ပြဲမွာ ကိုယ္တိုင္ကိုယ္က် ပါဝင္စစ္တိုက္ခဲ့ပါတယ္။

အဲဒီအခ်ိန္ ျမန္မာႏိုင္ငံဟာ ဖဆပလအစိုရလက္ထက္ အင္းစိန္အထိ သိမ္းယူထားတဲ့ ေရာင္စုံသူပုန္တို႔ကို တပ္မေတာ္က ထပ္ခ်ပ္မကြာ လိုက္လံ ရွင္းလင္းေနရဆဲကာလျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အၿပီး ကြန္ျမဴနစ္ ေမာ္စီတုန္းကို ရႈံးနိမ့္သြားတဲ့ ကူမင္တန္ တ႐ုတ္ျဖဴတို႔ဟာ ရွမ္းျပည္နယ္အတြင္း က်ဴးေက်ာ္ဝင္ေရာက္လာၾကပါ တယ္။

ဂ်င္နရယ္ လီမီရဲ႕တ႐ုတ္ျဖဴစစ္တပ္ကို ဝင္ေငြ တစ္ဖက္တစ္လမ္းရရွိေအာင္ ဘိန္းစိုက္ပ်ိဳးေစၿပီး ကမာၻကို ျဖန္႔ခဲ့ျခင္း ျဖင့္ “ဘိန္းစား_ဦးေရ_တိုးပြားေရး” ကို စတင္ခဲ့သူက အေမရိကန္ CIA ျဖစ္ပါတယ္။ ေလာ-ျမန္မာ-ထိုင္း ၃-ႏိုင္ငံ ဆုံရာ ေ႐ႊႀတိဂံေဒသဟာ ဘိန္းနဲ႔ ဘိန္းျဖဴေခၚ ဟီး႐ိုးအင္း မူးယစ္ေဆးကို ကမာၻ႔အမ်ားဆုံး ထုတ္လုပ္ရာ နယ္ေျမ ျဖစ္လာရျခင္းရဲ႕ နိဒါန္းလို႔ ဆိုႏိုင္ပါတယ္။

အဲဒီအစီအစဥ္ကို အတည္ျပဳေပးခဲ့သူက အေမရိကန္သမၼတ ထ႐ူးမင္း ျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ားနဲ႔ စစ္လက္နက္ ခဲယမ္းမ်ားကို စစ္ေလယာဥ္ႀကီးမ်ား အသုံးျပဳၿပီး အျပန္အလွန္ သယ္ပို႔ေပးတဲ့အထိ အႀကံပက္စက္ခဲ့ပါတယ္။

ဗီယက္နမ္စစ္ပြဲေရာက္ အေမရိကန္စစ္သားမ်ားအတြင္း မူးယစ္ေဆးဝါး သုံးစြဲျခင္းဟာ ထမင္းစားေရေသာက္ကိစၥ သာျဖစ္ခဲ့ပါတယ္။ အဲဒီအေလ့အထဟာ အေမရိကန္စစ္စခန္းမ်ားရွိရာ ကမာၻအရပ္ရပ္မွာ ယေန႔တိုင္ ပ်ံ႕ႏွံ႔ေနဆဲ ျဖစ္ပါတယ္။

HIV ဗိုင္းရပ္စ္ဟာ AIDS (ေခၚ) ခုခံအား က်ဆင္းမႈေရာဂါကို ျဖစ္ပြားေစၿပီး ကုသရန္ခက္ခဲတဲ့ ေခတ္ေပၚ ကာလသား ေရာဂါျဖစ္ပါတယ္။

ကနဦးအစ အာဖရိကတိုက္ ဂရင္း_မန္းကီးေခၚ ေမ်ာက္ဝံတို႔မွာ ေတြ႕ရွိရတဲ့ အဲဒီဗိုင္းရပ္စ္ဟာ အာဖရိကတိုက္ကို ဥေရာပလူျဖဴတို႔ ကိုလိုနီအရွိန္ အျမင့္တက္ဆုံး ၁၉၁ဝ ျပည့္ႏွစ္တည္းက ဥေရာပတိုက္သားမ်ားထံ (တိရစာၦန္မွ လူသို႔) ကူးစက္ေနပုံရပါတယ္။ ယခု ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံျဖစ္ေနတဲ့ ဘယ္လ္ဂ်ီယန္ ကိုလိုနီႏိုင္ငံ အတြင္း ၁၉၅၉ ခုႏွစ္မွာ စတင္ေတြ႕ရွိရၿပီး လူသိမမ်ားဘဲ ထူးဆန္းေရာဂါအျဖစ္သာ သတ္မွတ္ခဲ့ၾကပါတယ္။

၁၉၈၁ ခုႏွစ္ အေမရိကန္ႏိုင္ငံမွာ ယေန႔ေခတ္ AIDS ေရာဂါစုလို႔ အမ်ားသိၾကတဲ့ ခုခံအားက်ဆင္း လူနာကို ေတြ႕ရွိရ တယ္လို႔ မွတ္တမ္းမ်ားအရ သိရွိရပါတယ္။

ေဟာလိဝုဒ္႐ုပ္ရွင္မင္းသား ေရာ့ခ္_ဟတ္ဆန္ဟာ ေယာက္်ားပီသတဲ့ ခႏၶာကိုယ္၊ ေခ်ာေမာတဲ့႐ုပ္ရည္။ ထူးခြၽန္တဲ့ သ႐ုပ္ေဆာင္မႈတို႔ေၾကာင့္ ကမာၻေက်ာ္ပါတယ္။ သူ႔မွာ HIV ဗိုင္းရပ္စ္စြဲကပ္ေနေၾကာင္း ေရာ့ခ္ဟတ္ဆန္ရဲ႕ ထုတ္ျပန္ေၾကညာမႈဟာ တစ္ကမာၻလုံး စိတ္၀င္စားစရာျဖစ္ခဲ့ရပါတယ္။

၁၉၈၄ ခုႏွစ္ ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ HIV ဗိုင္းရပ္စ္ ကူးစက္ခံရသူကို ေတြ႕ရွိရၿပီး ၁၉၈၅ ခုႏွစ္မွာ ခုခံအား က်ဆင္းမႈေရာဂါနဲ႔ ေရာ့္းဟတ္ဆန္ ကြယ္လြန္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေရာဂါကို ေယာက္်ားခ်င္း လိင္တူဆက္ဆံ သူမ်ားမွာသာ ေတြ႕ရွိရတဲ့ Gay Plague “ အေျခာက္_ပလိပ္ေရာဂါ” အျဖစ္သာ သတ္မွတ္ခဲ့ ၾကပါတယ္

၁၉၆ဝ-၁၉၇၅ ခုႏွစ္အထိ ထိုင္းႏိုင္ငံဟာ အင္ဒိုခ်ိဳင္းနား စစ္ပြဲကာလ အေမရိကန္ေလတပ္အေျခစိုက္စခန္းကို လက္ခံဖြင့္လွစ္ခြင့္ျပဳခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ အပန္းေျဖ အနားယူေလ့ရွိတဲ့ အေမရိကန္စစ္သားမ်ားနဲ႔အတူ မူးယစ္ေဆးဝါးနဲ႔ ဆန္းၾကယ္ ေခတ္ေပၚ ကာလသားေရာဂါမ်ားလည္း ပ်ံ႕ႏွံ႔လာခဲ့ပုံတယ္။ ၁၉၈၉ ခုႏွစ္ ေဟာင္ေကာင္ေရာက္ ဗီယက္နမ္ဒုကၡသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးရဲ႕ ထူးျခား ဆစ္ဖလစ္ေရာဂါကာလသားေရာဂါကို စတင္ေျခရာခံမိၾကပါတယ္။

STD လို႔ ေခၚတဲ့ လိင္ဆက္ဆံရာမွ ကူးစက္တဲ့ ေရာဂါေတြမွာ ဆစ္ဖလစ္ (ေခၚ) လိင္အဂၤါ ေရယုန္နဲ႔ ဂႏိုက်ျခင္းတို႔ ပါဝင္ပါတယ္။ ေယာက္်ားလိင္တံ- မိန္းမကိုယ္မွ အရည္ဆင္းျခင္း၊ လိင္အဂၤါေပၚ (သို႔မဟုတ္) အနီးတစ္ဝႈိက္တြင္ အနာျဖစ္ျခင္း၊ တင္ပါးဆုံတစ္ဝႈိက္ နာက်င္ျခင္းတို႔ကို ျဖစ္ေစတတ္ပါတယ္။ သမား႐ိုးက် ကာလသားေရာဂါ အခ်ိဳ႕ သည္ပင္လွ်င္ ထိေရာက္စြာ ကုသမႈ မရွိလွ်င္ ေရာဂါပိုး ယဥ္ပါးသြားၿပီး ေရာဂါဆန္းသြားျခင္း၊ မ်ိဳး႐ိုးလိုက္ျခင္းမွ သားသမီး မရႏိုင္တဲ့အထိ ျဖစ္တတ္ပါတယ္။

မူလက (ဆီးပူေညာင္းက်) ဂႏိုက်ျခင္း ကာလသားေရာဂါကို တ႐ုတ္တို႔ ေခၚတဲ့ “ဗီယက္ နမ္_႐ို႕စ္” ဟာ ေယာက္်ား လိင္တံမွာ ၾကက္အအေမာက္သဖြယ္ နီနီရဲရဲ ႏွင္းဆီပြင့္လို ဆစ္ဖလစ္အနာအျဖစ္ ေၾကာက္လန္႔တၾကား လူသိမ်ား လာခဲ့ရပါတယ္။ ေယာက္်ားအဂၤါ ထူးဆန္းႂကြက္ႏို႔ေရာဂါကလည္း ဗီယက္နမ္ စစ္ေျမျပင္ေရာက္ အေမရိကန္ စစ္သားမ်ားမွာ ေတြ႕ရွိရေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ေပမယ့္ အေနာက္မီဒီယာမ်ားဟာ ဒီသတင္းကို ထိန္ခ်န္ ထားၾကတယ္လို႔ ဆိုပါတယ္

၁၉၇၅ ခုႏွစ္မွာ ထိုင္းအစိုးရက အေမရိကန္ေလတပ္အေျခစိုက္စခန္းကို ပိတ္ပစ္ခဲ့ေပမယ့္ ငပြႀကီးတို႔ ေပးခဲ့တဲ့ အေမြ ကေတာ့ ဆက္လက္ရွင္သန္ေနခဲ့ပါတယ္။ HIV ဗိုင္းရပ္စ္ဟာ ေယာက္်ားခ်င္း လိင္တူ ဆက္ဆံသူမ်ား သာမက က်ား ႏွင့္ မ လိင္ကြဲဆက္ဆံသူမ်ားမွာပါ ကူးစက္ေနၿပီျဖစ္ပါတယ္။

ျပင္သစ္နဲ႔ အေမရိကန္တို႔ က်ဴးေက်ာ္ခံလိုက္ရတဲ့ ႏွစ္ ၃ဝ ၾကာ စစ္ပြဲအၿပီး ေတာင္ဗီယက္နမ္ႏိုင္ငံမွာလည္း ငွက္ဖ်ား၊ အက်ိတ္ပလိပ္ေရာဂါ၊ အနာႀကီးေရာဂါ၊ တီ ဘီ၊ ကာလသားေရာဂါ စသျဖင့္ ေရာဂါေပါင္းစုံနဲ႔ ျပည့္တန္ဆာ ၃ဝဝဝဝဝ တို႔ ပ်ံ႕ႏွံ႔ရာ တိုင္းျပည္အျဖစ္ က်န္ရစ္ခဲ့ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ထံမွ သိရွိရတယ္လို႔ “ေအပီ သတင္းေအဂ်င္စီ” (21 March 1978) က ေရးသားပါတယ္ ။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #Oung
#အေမရိကန္စစ္တပ္ႏွင့္_မူးယစ္ေဆးဝါး #CIA #HIV #AIDS #ကူမင္တန္တ႐ုတ္ျဖဴ #ဘိန္းျဖဴ_ဟီး႐ိုးအင္း #ကာလသားေရာဂါ #ဗီယက္နမ္_႐ို႕စ္ #ဆီးပူေညာင္းက် #ဆစ္ဖလစ္

Related news

© 2021. All rights reserved.