(၃)နှစ်ကြာရပ်နားထားခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ပြန်လည်ကျင်းပမည်

 2078

ယွန်း (NP News) - စက်တင်ဘာ ၂၃

(၃)နှစ်ကြာရပ်နားထားခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ရိုးရာအစဥ်အလာမပျောက်ပျက်စေရန်အတွက် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ(၂၁)ရက်မှ (၂၇)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်(၂၀၂၃)တွင် ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

“၂၀၁၉ က နောက်ဆုံးလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာက ကိုဗစ်(၁၉)တွေ၊ နိုင်ငံရေးတွေနဲ့ဆိုတော့ မကျင်းပဖြစ်ခဲ့ဘူး။ ဒီနှစ်မှာတော့ အစိုးရကနေ ပြန်လည်ပြီး ကျင်းပမယ်ဆိုတော့ အားလုံးက ပြန်လည်ပြီး လုပ်ကိုင်ဆောင်ရွက်ကြတာပေါ့”ဟု ရှမ်းပြည်နည်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးပုံပျံပွဲတော်ကို ပြန်လည်ကျင်းပရခြင်းသည် ရိုးရာအစဥ်အလာများမပျောက်ပျက်စေရေးနှင့် တိုင်းရင်း သားလူမှုစီးပွားရေးများကို ပြန်လည်မြှင့်တင်စေရေးအပြင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများကိုဖော်ဆောင်မြှင့်တင်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ပွဲတော်၌ နေ့ပိုင်းတွင် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းနှင့် အရုပ်အုပ်စုမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံပွဲတော်တွင် ပါဝင်မည့် စုစုပေါင်းမီးပုံးပျံအရေအတွက်ကို နိုဝင်ဘာလ(၂၁)ရက်မတိုင်မီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
(၃)ႏွစ္ၾကာရပ္နားထားခဲ့သည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို ျပန္လည္က်င္းပမည္
ယြန္း (NP News) - စက္တင္ဘာ ၂၃

(၃)ႏွစ္ၾကာရပ္နားထားခဲ့သည့္ ေတာင္ႀကီးတန္ေဆာင္တိုင္႐ိုးရာမီးပုံးပ်ံပြဲေတာ္ကို ႐ိုးရာအစဥ္အလာမေပ်ာက္ပ်က္ေစရန္အတြက္ ျပန္လည္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါမီးပုံးပ်ံပြဲေတာ္ကို လာမည့္ ႏိုဝင္ဘာလ(၂၁)ရက္မွ (၂၇)ရက္အထိ (၇)ရက္တိုင္တိုင္ အေဝရာမီးပုံးပ်ံကြင္းတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ်‌ေ
တာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းထံမွ သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္႐ိုးရာမီးပုံးပ်ံပြဲေတာ္ကို ၿပီးခဲ့သည့္ (၂၀၁၉)ခုႏွစ္တြင္ ေနာက္ဆုံးက်င္းပခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္(၂၀၂၃)တြင္ ျပန္လည္က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။

“၂၀၁၉ က ေနာက္ဆုံးလုပ္ခဲ့တာပါ။ ေနာက္ပိုင္းမွာက ကိုဗစ္(၁၉)ေတြ၊ ႏိုင္ငံေရးေတြနဲ႔ဆိုေတာ့ မက်င္းပျဖစ္ခဲ့ဘူး။ ဒီႏွစ္မွာေတာ့ အစိုးရကေန ျပန္လည္ၿပီး က်င္းပမယ္ဆိုေတာ့ အားလုံးက ျပန္လည္ၿပီး လုပ္ကိုင္ေဆာင္႐ြက္ၾကတာေပါ့”ဟု ရွမ္းျပည္နည္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းထံမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးပုံပ်ံပြဲေတာ္ကို ျပန္လည္က်င္းပရျခင္းသည္ ႐ိုးရာအစဥ္အလာမ်ားမေပ်ာက္ပ်က္ေစေရးႏွင့္ တိုင္းရင္း သားလူမႈစီးပြားေရးမ်ားကို ျပန္လည္ျမႇင့္တင္ေစေရးအျပင္ ျပည္တြင္း၊ ျပည္ပခရီးသြားလုပ္ငန္းမ်ားကိုေဖာ္ေဆာင္ျမႇင့္တင္ႏိုင္ေရးအတြက္ က်င္းပရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အဆိုပါ ပြဲေတာ္၌ ေန႔ပိုင္းတြင္ ေျခ(၂)ေခ်ာင္း၊ ေျခ(၄)ေခ်ာင္းႏွင့္ အ႐ုပ္အုပ္စုမီးပုံးပ်ံမ်ားကို လႊတ္တင္သြားမည္ျဖစ္ၿပီး ညပိုင္းတြင္ ညမီးႀကီးမီးပုံးပ်ံႏွင့္ စိန္နားပန္မီးပုံပ်ံမ်ားကို လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မီးပုံးပ်ံပြဲေတာ္တြင္ ပါဝင္မည့္ စုစုေပါင္းမီးပုံးပ်ံအေရအတြက္ကို ႏိုဝင္ဘာလ(၂၁)ရက္မတိုင္မီ ထပ္မံထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.