သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာကား(၂)စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး စိုးရိမ်ဒဏ်ရာများရရှိ

685
သန့်ဇင်(NP News) - စက်တင်ဘာ ၂၃
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ လမ်းဆုံတစ်ခုတွင် ဆီဘောက်ဆာကား(၂)စီးတိုက်မိမှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်)၊ ည ၇နာရီ ၂၈မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ သန်လျင်ကျောက်တန်းလမ်းမပေါ်၊ GTC ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“တိုက်တာက ဆီဘောက်ဆာ(၂)စီးပါ။ မျက်နှာချင်းဆိုင်တိုက်တာတော့ မဟုတ်ဘူးခင်ဗျ။ တစောင်းတိုက်ထားတာတော့ တွေ့ပါတယ်”ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာကားယာဉ်မောင်းဖြစ်သည့် ကြို့ပင်ကောက်မြို့နယ်တွင် နေထိုင်သော အသက်(၃၈)နှစ်အရွယ် မောင်ဝေယံစိုးသည် ကားခေါင်းခန်းအတွင်းညပ်နေခဲ့ပြီး စိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားခေါင်းထဲမှာညှပ်နေတဲ့ ယာဉ်မောင်းတစ်ဦးက ဦးခေါင်းထိတယ်။ ဘယ်ဘက်လက်တွေထိတယ်။ ရင်ဘက်တွေဘာတွေကတော့ ပွန်းပဲ့ဒဏ်ရာတွေရှိမယ်။ ခြေထောက်လဲထိတယ်။ စိုးရိမ်ရပါတယ်။ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ဖြစ်စဥ်အား မီးလောင်မှုမဖြစ်စေရန် မီးသတ်တပ်ဖွဲ့မှ ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသားအား ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
သန္လ်င္ၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာကား(၂)စီး ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး စိုးရိမ္ဒဏ္ရာမ်ားရရွိ
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၃
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္ရွိ လမ္းဆုံတစ္ခုတြင္ ဆီေဘာက္ဆာကား(၂)စီးတိုက္မိမႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေ႐ႊေရာင္တြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔ (စက္တင္ဘာလ ၂၂ ရက္)၊ ည ၇နာရီ ၂၈မိနစ္အခ်ိန္တြင္ သန္လ်င္ၿမိဳ႕နယ္၊ သန္လ်င္ေက်ာက္တန္းလမ္းမေပၚ၊ GTC ေက်ာင္းေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
“တိုက္တာက ဆီေဘာက္ဆာ(၂)စီးပါ။ မ်က္ႏွာခ်င္းဆိုင္တိုက္တာေတာ့ မဟုတ္ဘူးခင္ဗ်။ တေစာင္းတိုက္ထားတာေတာ့ ေတြ႕ပါတယ္”ဟု ေ႐ႊေရာင္တြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဆီေဘာက္ဆာကားယာဥ္ေမာင္းျဖစ္သည့္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္(၃၈)ႏွစ္အ႐ြယ္ ေမာင္ေဝယံစိုးသည္ ကားေခါင္းခန္းအတြင္းညပ္ေနခဲ့ၿပီး စိုးရိမ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ကားေခါင္းထဲမွာညႇပ္ေနတဲ့ ယာဥ္ေမာင္းတစ္ဦးက ဦးေခါင္းထိတယ္။ ဘယ္ဘက္လက္ေတြထိတယ္။ ရင္ဘက္ေတြဘာေတြကေတာ့ ပြန္းပဲ့ဒဏ္ရာေတြရွိမယ္။ ေျခေထာက္လဲထိတယ္။ စိုးရိမ္ရပါတယ္။ အနီေရာင္အဆင့္ သတ္မွတ္ထားပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ျဖစ္စဥ္အား မီးေလာင္မႈမျဖစ္ေစရန္ မီးသတ္တပ္ဖြဲ႕မွ ႀကိဳတင္ကာကြယ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ဒဏ္ရာရရွိသူ အမ်ိဳးသားအား ေ႐ႊေရာင္တြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။