ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ Happy Water များ နောင်ချိုမြို့နယ်၌ ဖမ်းဆီးရမိ

 1563

Pearl (NP News) - စက်တင်ဘာ ၂၃

နောင်ချိုမြို့နယ်၌ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မကျည်းရေးကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မကျည်းရေးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟုန်ကျင်ဟုန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၅.၀၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟုန်ကျင်ဟုန် (၂၄)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း ၂၅၀၀ ေက်ာ္တန္ဖိုးရွိ Happy Water မ်ား ေနာင္ခ်ိဳၿမိဳ႕နယ္၌ ဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၃

ေနာင္ခ်ိဳၿမိဳ႕နယ္၌ ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း ၂၅၀၀ ေက်ာ္ တန္ဖိုးရွိ Happy Water မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၁ ရက္၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ မက်ည္းေရးေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ မက်ည္းေရးေက်း႐ြာအနီးတြင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာေဖြစဥ္ ဟုန္က်င္ဟုန္ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာ ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ စိတ္ေျပာင္းေဆးဝါး (Happy Water) အေလးခ်ိန္ ၅.၀၅ ကီလို(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၂၅၂၅ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဟုန္က်င္ဟုန္ (၂၄)ႏွစ္အား ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.