ဒိန်းမတ်နိုင်ငံမှ ယူကရိန်းသို့ ကူညီထောက်ပံ့ပေးခဲ့သော တင့်ကားအများစုမှာ ချို့ယွင်းချက်များရှိနေဟုဆို

 945

Pika (NP News) - စက်တင်ဘာ ၂၃

ဒိန်းမတ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ကူညီပံ့ပိုးပေးထားသော ဂျာမနီထုတ် Leopard 1 တင့်ကားးများ၏ (၅၀)ရာခိုင်နှုန်းကျော်မှာ ချို့ယွင်းမှုများရှိနေကြောင်း ဒိန်းမတ်ချန်နယ် TV 2 ကဖော်ပြခဲ့သည်။

ဂျာမနီကပေးပို့ခဲ့သော တင့်ကားများသည် ချို့ယွင်းမှုများရှိနေခြင်းကြောင့် ယူကရိန်းဘက်က ပယ်ချခဲ့ကြောင်းသိရသည်။ ဒိန်းမတ်နိုင်ငံက ကူညီပံ့ပိုးပေးပို့ခဲ့သော တင့်ကားအစီးရေ(၂၀)တွင် (၁၂)စီးမှာ ပြဿနာများရှိနေသည်ဆိုသည့်အချက်ကို ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က အတည်ပြုခဲ့ကြောင်းသိရသည်။ ချို့ယွင်းမှုအနည်းငယ်ရှိနေသော တင့်ကား(၁၀)စီးမှာ ယူကရိန်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး အခြားတင့်ကား(၁၀)စီးမှာ ပိုလန်နိုင်ငံတွင် ဆက်ရှိနေဆဲဖြစ်ကာ ၎င်းတို့အနက်မှ အနည်းဆုံး(၂)စီးမှာ ချို့ယွင်းမှုအများအပြားရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် ယူကရိန်းသို့ ဂျာမနီထုတ် Leopard 1 တင့်ကားအမျိုးအစား အစီးရေ(၁၀၀)ခန့် ကူညီပံ့ပိုးပေးရန်အတွက် ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံတို့နှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း တင့်ကားများတွင် ပါဝင်သော စက်သေနတ်များ ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ယူကရိန်းသို့ တင့်ကားများပေးပို့မှုမှာ နှောင့်နှေးခဲ့ရကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ဇူလိုင်လအစောပိုင်းတွင်ပြောကြားခဲ့သည်။

ဂျာမနီက ကူညီပံ့ပိုးပေးခဲ့သော Leopard 1 တင့်ကား(၁၀)စီးကို ချို့ယွင်းချက်များရှိနေခြင်းကြောင့် လက်ခံရယူရန် ယူကရိန်းအစိုးရက ငြင်းဆိုခဲ့ကြောင်း Der Spiegel သတင်းဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးရန်အတွက် တင့်ကားအနည်းဆုံး(၆)စီးကို ပြတိုက်ထဲမှ ထုတ်ယူခဲ့ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ယခုလအစောပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။

zawgyi version
ဒိန္းမတ္ႏိုင္ငံမွ ယူကရိန္းသို႔ ကူညီေထာက္ပံ့ေပးခဲ့ေသာ တင့္ကားအမ်ားစုမွာ ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနဟုဆို
Pika (NP News) - စက္တင္ဘာ ၂၃

ဒိန္းမတ္ႏိုင္ငံမွ ယူကရိန္းႏိုင္ငံသို႔ ကူညီပံ့ပိုးေပးထားေသာ ဂ်ာမနီထုတ္ Leopard 1 တင့္ကားးမ်ား၏ (၅၀)ရာခိုင္ႏႈန္းေက်ာ္မွာ ခ်ိဳ႕ယြင္းမႈမ်ားရွိေနေၾကာင္း ဒိန္းမတ္ခ်န္နယ္ TV 2 ကေဖာ္ျပခဲ့သည္။

ဂ်ာမနီကေပးပို႔ခဲ့ေသာ တင့္ကားမ်ားသည္ ခ်ိဳ႕ယြင္းမႈမ်ားရွိေနျခင္းေၾကာင့္ ယူကရိန္းဘက္က ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ဒိန္းမတ္ႏိုင္ငံက ကူညီပံ့ပိုးေပးပို႔ခဲ့ေသာ တင့္ကားအစီးေရ(၂၀)တြင္ (၁၂)စီးမွာ ျပႆနာမ်ားရွိေနသည္ဆိုသည့္အခ်က္ကို ဒိန္းမတ္ကာကြယ္ေရးဝန္ႀကီး Troels Lund Poulsen က အတည္ျပဳခဲ့ေၾကာင္းသိရသည္။ ခ်ိဳ႕ယြင္းမႈအနည္းငယ္ရွိေနေသာ တင့္ကား(၁၀)စီးမွာ ယူကရိန္းႏိုင္ငံသို႔ေရာက္ရွိေနၿပီျဖစ္ၿပီး အျခားတင့္ကား(၁၀)စီးမွာ ပိုလန္ႏိုင္ငံတြင္ ဆက္ရွိေနဆဲျဖစ္ကာ ၎တို႔အနက္မွ အနည္းဆုံး(၂)စီးမွာ ခ်ိဳ႕ယြင္းမႈအမ်ားအျပားရွိေနေၾကာင္း ၎ကေျပာၾကားခဲ့သည္။

ဒိန္းမတ္ႏိုင္ငံသည္ ယူကရိန္းသို႔ ဂ်ာမနီထုတ္ Leopard 1 တင့္ကားအမ်ိဳးအစား အစီးေရ(၁၀၀)ခန႔္ ကူညီပံ့ပိုးေပးရန္အတြက္ ဂ်ာမနီႏိုင္ငံ၊ ပိုလန္ႏိုင္ငံတို႔ႏွင့္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း တင့္ကားမ်ားတြင္ ပါဝင္ေသာ စက္ေသနတ္မ်ား ျပဳျပင္မြမ္းမံျခင္းႏွင့္ ပတ္သက္သည့္ နည္းပညာပိုင္းဆိုင္ရာျပႆနာမ်ားေၾကာင့္ ယူကရိန္းသို႔ တင့္ကားမ်ားေပးပို႔မႈမွာ ေႏွာင့္ေႏွးခဲ့ရေၾကာင္း ဒိန္းမတ္ကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ဇူလိုင္လအေစာပိုင္းတြင္ေျပာၾကားခဲ့သည္။

ဂ်ာမနီက ကူညီပံ့ပိုးေပးခဲ့ေသာ Leopard 1 တင့္ကား(၁၀)စီးကို ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနျခင္းေၾကာင့္ လက္ခံရယူရန္ ယူကရိန္းအစိုးရက ျငင္းဆိုခဲ့ေၾကာင္း Der Spiegel သတင္းဌာနက ယခုသီတင္းပတ္အေစာပိုင္းတြင္ ေဖာ္ျပခဲ့သည္။ ထို႔ျပင္ ယူကရိန္းစစ္သားမ်ားကို ေလ့က်င့္ေပးရန္အတြက္ တင့္ကားအနည္းဆုံး(၆)စီးကို ျပတိုက္ထဲမွ ထုတ္ယူခဲ့ေၾကာင္း ဒိန္းမတ္ကာကြယ္ေရးဝန္ႀကီး ယခုလအေစာပိုင္းတြင္ ဝန္ခံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.