ရန်ကုန် နှင့် ပဲခူးတို့တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့

 8721

ယွန်း (NP News) - စက်တင်ဘာ ၂၄

ရန်ကုန် နှင့် ပဲခူးတို့တွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် စက်တင်ဘာလ(၂၃)ရက်၊ ည(၈)နာရီ (၅၄)မိနစ်အချိန်ခန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော ပဲခူးမြို့၏ အနောက် တောင်ဘက် (၁၂) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆ ဒသမ ၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကို အဓိကအားဖြင့် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ ဗိုလ်တထောင် ၊ မရမ်းကုန်း ၊ အင်းစိန်၊ ရွှေပြည်သာ နှင့် ထောက်ကြံ့မြို့နယ်များ အပါအဝင် ရန်ကုန်ရှိမြို့နယ်အများအပြား နှင့် ပဲခူးမြို့တို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။

“အင်အားကတော့ (၅ ဒသမ ၁)ပေါ့။ အဓိကကတော့ ရန်ကုန်နဲ့ ပဲခူးကိုလှုပ်သွားတာ။ အခုထိတော့ အပျက်အစီးသတင်းမကြားရသေးဘူး။ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ရယ်၊ ပဲခူးရယ်ပေါ့။ အခြားအဖျားခတ်သွားတာတွေဘာတွေလည်း မကြားမိသေးဘူး” ဟု ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NP News ကိုပြောသည်။

အဆိုပါ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၂)လမ်းနှင့် စံပြ(၃)လမ်းရှိ အထပ်မြင့်တိုက်နှစ်လုံး တိမ်းစောင်းမှုများရှိခဲ့ပြီး ပဲခူးမြို့ရှိ ဘုန်ကြီးကျောင်းတစ်ခုတွင်လည်း ပျက်စီးမှုအနည်းငယ်စီရှိခဲ့သည်။

“ငလျင်ကတော့ ကြိုပြီးတော့ပြောလို့မရဘူး။ အချိန်မ‌ရွေးဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးတစ်မျိုးဖြစ်တယ်။ ဒါကြောင့် ငလျင်လှုပ်ရှားမှုကို မကြာခဏတွေ့ ကြုံရတဲ့ဒေသ ငလျင်လှုပ်ရှားမှုဖြစ်ပေါ်တဲ့ ပြတ်ရွေ့တွေရှိတဲ့ဒေသတွေမှာ ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေလုပ်ထားရမယ်။ အချိန်မရွေးလှုပ်ခတ်နိုင်တယ်ဆိုပေမယ့်တွေးကြောက်နေဖို့မလိုပါဘူး။ ကြိုတင်ပြင် ဆင်ထားတာက အကောင်းဆုံးပါပဲ” ဟု ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြုပြောကြားထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ရေလှောင်တမံများနှင့် ဆက်စပ်အ ဆောက်အအုံများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ညတွင်းချင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ ႏွင့္ ပဲခူးတို႔တြင္ အင္အားအသင့္အတင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့
ယြန္း (NP News) - စက္တင္ဘာ ၂၄

ရန္ကုန္ ႏွင့္ ပဲခူးတို႔တြင္ အင္အားအသင့္အတင့္ရွိသည့္ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

အဆိုပါငလ်င္သည္ စက္တင္ဘာလ(၂၃)ရက္၊ ည(၈)နာရီ (၅၄)မိနစ္အခ်ိန္ခန႔္တြင္ ကမာၻေအးေျမငလ်င္စခန္းမွ အေရွ႕ေျမာက္ဘက္ (၂၇) မိုင္ခန္႔ကြာေဝးေသာ ပဲခူးၿမိဳ႕၏ အေနာက္ ေတာင္ဘက္ (၁၂) မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ (၁၇ ဒသမ ၂၃) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီ တြဒ္ (၉၆ ဒသမ ၃၂) ဒီဂရီ၊ အနက္ (၁၀) ကီလိုမီတာကို ဗဟိုျပဳ၍လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

ငလ်င္ဒဏ္ကို အဓိကအားျဖင့္ ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ ကမာ႐ြတ္၊ လႈိင္၊ ဗိုလ္တေထာင္ ၊ မရမ္းကုန္း ၊ အင္းစိန္၊ ေ႐ႊျပည္သာ ႏွင့္ ေထာက္ႀကံ့ၿမိဳ႕နယ္မ်ား အပါအဝင္ ရန္ကုန္ရွိၿမိဳ႕နယ္အမ်ားအျပား ႏွင့္ ပဲခူးၿမိဳ႕တို႔တြင္ သိသာစြာခံစားခဲ့ရေၾကာင္း သိရသည္။

“အင္အားကေတာ့ (၅ ဒသမ ၁)ေပါ့။ အဓိကကေတာ့ ရန္ကုန္နဲ႔ ပဲခူးကိုလႈပ္သြားတာ။ အခုထိေတာ့ အပ်က္အစီးသတင္းမၾကားရေသးဘူး။ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕ရယ္၊ ပဲခူးရယ္ေပါ့။ အျခားအဖ်ားခတ္သြားတာေတြဘာေတြလည္း မၾကားမိေသးဘူး” ဟု ငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မ်ိဳးမင္းေထြးက NP News ကိုေျပာသည္။

အဆိုပါ ငလ်င္ေၾကာင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ စံျပရပ္ကြက္၊ စံျပ(၂)လမ္းႏွင့္ စံျပ(၃)လမ္းရွိ အထပ္ျမင့္တိုက္ႏွစ္လုံး တိမ္းေစာင္းမႈမ်ားရွိခဲ့ၿပီး ပဲခူးၿမိဳ႕ရွိ ဘုန္ႀကီးေက်ာင္းတစ္ခုတြင္လည္း ပ်က္စီးမႈအနည္းငယ္စီရွိခဲ့သည္။

“ငလ်င္ကေတာ့ ႀကိဳၿပီးေတာ့ေျပာလို႔မရဘူး။ အခ်ိန္မ‌ေ႐ြးျဖစ္ေပၚႏိုင္တဲ့သဘာဝေဘးတစ္မ်ိဳးျဖစ္တယ္။ ဒါေၾကာင့္ ငလ်င္လႈပ္ရွားမႈကို မၾကာခဏေတြ႕ ႀကဳံရတဲ့ေဒသ ငလ်င္လႈပ္ရွားမႈျဖစ္ေပၚတဲ့ ျပတ္ေ႐ြ႕ေတြရွိတဲ့ေဒသေတြမွာ ႀကိဳတင္ၿပီးေတာ့ ျပင္ဆင္မႈေတြလုပ္ထားရမယ္။ အခ်ိန္မေ႐ြးလႈပ္ခတ္ႏိုင္တယ္ဆိုေပမယ့္ေတြးေၾကာက္ေနဖို႔မလိုပါဘူး။ ႀကိဳတင္ျပင္ ဆင္ထားတာက အေကာင္းဆုံးပါပဲ” ဟု ေဒါက္တာယဥ္မ်ိဳးမင္းေထြးက အႀကံျပဳေျပာၾကားထားသည္။

ငလ်င္လႈပ္ခတ္မႈေၾကာင့္ လွည္းကူးၿမိဳ႕နယ္အတြင္းရွိ ေရေလွာင္တမံမ်ားႏွင့္ ဆက္စပ္အ ေဆာက္အအုံမ်ားကို သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ညတြင္းခ်င္းစစ္ေဆးေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.