ဆန်စပါးအသင်းချုပ်က ဆန်စပါး သီးနှံအာမခံစနစ် နှင့် ဈေးကစားခြင်းထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်မည်

2015
NP News - စက်တင်ဘာ ၂၄
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စပါးဆိုင်ရာသီးနှံအာမခံ နှင့် ဆန်စပါးဈေးကစားမှုထိန်းချုပ်ရေး အစီအမံများကို ဆောင်ရွက်သွားမည်ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆန်စပါးအသင်းချုပ်က စက်တင်ဘာလ ၂၂ ရက်တွင်ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မိုးစပါးပေါ်ချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးတင်း ၁၀၀ အား အမျိုးအစားအလိုက် ဧည့်မထ/ ငစိန်ကို ငွေကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ငွေကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ငွေကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနှင့်ရာပဒေသာစပါးကို ငွေကျပ် ၁၆ သိန်းမှ ၁၈ အတွင်း ကြမ်းခင်းဈေးသတ်မှတ်ထားကြောင်းထုတ်ပြန်ထားသည်။
‘‘အခု စဉ်းစားထားတဲ့ ဈေးနှုန်းတွေက တောင်သူလယ်သမားတွေအတွက် ကုန်ကျစရိတ်အပေါ်မှာ အကျိုးအမြတ် အနည်းဆုံး ၅၀ ရာခိုင်နှုန်း။ တကယ်တမ်းတော့ မကပါဘူး။ အများကြီး ပိုပါတယ်’’ဟု ဦးရဲမင်းအောင်က ပြောသည်။
ဆန်စပါးသိုလှောင်ရောင်းချမှုများကို စနစ်တကျမှတ်တမ်းတင်ရန်နှင့် တောင်သူများမှ သီးနှံအာမခံစနစ်ဖြင့် အလွယ်တကူရောင်းချနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်းသိရသည်။
ပြည်တွင်းစား ဆန်ဈေးနှုန်းများကို မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန်သည့် ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်ဈေးကစားနေမှုများရှိနေ၍အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လဆန်းပိုင်းမှစတင်၍ ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခင်က တစ်အိတ်လျှင် ငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားသာရှိသည့် ဆန်ကြမ်းအမျိုးအစားများသည် ငွေကျပ် ၆၀,၀၀၀ ကျော်နှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၇၀,၀၀၀ ဝန်းကျင်မှ ငွေကျပ် ၁၅၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ရည်ညွှန်းဈေးနှုန်းများသတ်မှတ်ကာ ရောင်းသူနှင့်ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါးအရည်အသွေးအလိုက်၊ စပါးအစိုဓာတ်အလိုက် ဈေးနှုန်းသတ်မှတ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် အဆိုပါ ဈေးနှုန်းများဖြင့် ဝယ်ယူရန် အခက်အခဲရှိပါက အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များထံအသိပေးရန် နှင့် ရည်ညွှန်းဈေးထက်ပိုပြီး ဈေးပေးဝယ်ယူမှုများကို ဖော်ထုတ်တင်ပြရန် အသိပေးထုတ်ပြန်ထားကြောင်းသိရသည်။

zawgyi version
ဆန္စပါးအသင္းခ်ဳပ္က ဆန္စပါး သီးႏွံအာမခံစနစ္ ႏွင့္ ေဈးကစားျခင္းထိန္းခ်ဳပ္ေရးအစီအမံမ်ား ေဆာင္႐ြက္မည္
NP News - စက္တင္ဘာ ၂၄
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ဆန္စပါးဆိုင္ရာသီးႏွံအာမခံ ႏွင့္ ဆန္စပါးေဈးကစားမႈထိန္းခ်ဳပ္ေရး အစီအမံမ်ားကို ေဆာင္႐ြက္သြားမည္ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
ဆန္စပါးအသင္းခ်ဳပ္က စက္တင္ဘာလ ၂၂ ရက္တြင္က်င္းပသည့္ လုပ္ငန္းညႇိႏႈိင္းအစည္း အေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယခုႏွစ္ မိုးစပါးေပၚခ်ိန္တြင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က စပါးတင္း ၁၀၀ အား အမ်ိဳးအစားအလိုက္ ဧည့္မထ/ ငစိန္ကို ေငြက်ပ္ ၁၃ သိန္းမွ ၁၅ သိန္းအတြင္း၊ ဧရာဝတီေပၚဆန္းကို ေငြက်ပ္ ၁၆ သိန္းမွ ၁၈ သိန္းအတြင္း၊ ေ႐ႊဘိုေပၚဆန္းကို ေငြက်ပ္ ၁၈ သိန္းမွ သိန္း ၂၀ အတြင္း၊ ဧရာမင္းႏွင့္ရာပေဒသာစပါးကို ေငြက်ပ္ ၁၆ သိန္းမွ ၁၈ အတြင္း ၾကမ္းခင္းေဈးသတ္မွတ္ထားေၾကာင္းထုတ္ျပန္ထားသည္။
‘‘အခု စဥ္းစားထားတဲ့ ေဈးႏႈန္းေတြက ေတာင္သူလယ္သမားေတြအတြက္ ကုန္က်စရိတ္အေပၚမွာ အက်ိဳးအျမတ္ အနည္းဆုံး ၅၀ ရာခိုင္ႏႈန္း။ တကယ္တမ္းေတာ့ မကပါဘူး။ အမ်ားႀကီး ပိုပါတယ္’’ဟု ဦးရဲမင္းေအာင္က ေျပာသည္။
ဆန္စပါးသိုေလွာင္ေရာင္းခ်မႈမ်ားကို စနစ္တက်မွတ္တမ္းတင္ရန္ႏွင့္ ေတာင္သူမ်ားမွ သီးႏွံအာမခံစနစ္ျဖင့္ အလြယ္တကူေရာင္းခ်ႏိုင္ရန္အတြက္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
ျပည္တြင္းစား ဆန္ေဈးႏႈန္းမ်ားကို ျမင့္တက္လာေအာင္ ရည္႐ြယ္ခ်က္ရွိရွိ မူမမွန္သည့္ ေရာင္းဝယ္မႈပုံစံမ်ိဳးျဖင့္ ဝင္ေရာက္ေဈးကစားေနမႈမ်ားရွိေန၍အေရးယူမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဇူလိုင္လဆန္းပိုင္းမွစတင္၍ ျပည္တြင္းဆန္ေဈးႏႈန္းျမင့္တက္ခဲ့ၿပီး ယခင္က တစ္အိတ္လွ်င္ ေငြက်ပ္ ၂၀,၀၀၀ မွ ၃၀,၀၀၀ ၾကားသာရွိသည့္ ဆန္ၾကမ္းအမ်ိဳးအစားမ်ားသည္ ေငြက်ပ္ ၆၀,၀၀၀ ေက်ာ္ႏွင့္ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္ ၇၀,၀၀၀ ဝန္းက်င္မွ ေငြက်ပ္ ၁၅၀,၀၀၀ ေက်ာ္အထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ရည္ၫႊန္းေဈးႏႈန္းမ်ားသတ္မွတ္ကာ ေရာင္းသူႏွင့္ဝယ္သူအၾကား စပါးအမ်ိဳးအစားအလိုက္၊ စပါးအရည္အေသြးအလိုက္၊ စပါးအစိုဓာတ္အလိုက္ ေဈးႏႈန္းသတ္မွတ္ညႇိႏႈိင္းေဆာင္႐ြက္ၾကရန္ႏွင့္ အဆိုပါ ေဈးႏႈန္းမ်ားျဖင့္ ဝယ္ယူရန္ အခက္အခဲရွိပါက အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ား၊ ကုန္စည္ဒိုင္မ်ားထံအသိေပးရန္ ႏွင့္ ရည္ၫႊန္းေဈးထက္ပိုၿပီး ေဈးေပးဝယ္ယူမႈမ်ားကို ေဖာ္ထုတ္တင္ျပရန္ အသိေပးထုတ္ျပန္ထားေၾကာင္းသိရသည္။