မှော်ဘီမြို့အားဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပန်းတစ်ပွင့်တောင်ကျောင်းတိုက်၌ အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပေါ်ခဲ့

 3827

NP News - စက်တင်ဘာ ၂၅

မှော်ဘီမြို့အားဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပန်းတစ်ပွင့်တောင်ကျောင်းတိုက်၌ အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမြေငလျင်သည် ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက်(၇)နာရီ (၂၀)မိနစ်အချိန်တွင် ကမ္ဘာအေးမြေလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၅)မိုင်ခန့် ကွာဝေးသော (မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက် (၅) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ဖြင့် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်ရှိ မြို့နယ်အချို့တွင် ခံစားခဲ့ရပြီး မှော်ဘီမြို့ရှိ ပန်းတစ်ပွင့်တောင်ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ မျက်နှာကျက်ပြိုကျမှုအပြင် အခြားသော ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

"အရင်နေ့တွေကလှုပ်တာက ပျက်စီးမှုတော့ရှိတယ်။ ဒီနေ့လှုပ်တာကပိုများတယ်။ ဗိမာန်ဆောင်(၂)ထပ်က မျက်နှာကျက်ရယ်၊ ဗိမာန်ဆိုင်းဘုတ်ရယ်ပြိုကျတယ်။ အုတ်တံတိုင်းလည်းပြိုတယ်။ စာသင်ဆောင်လည်း နည်းနည်းထိတယ်။ တောင်ပေါ်ဘုရားရင်ပြင်က အက်သွားတယ်။ ဒီနေ့နဲ့ဆို (၃)ရက်လောက်ရှိပြီ။ (၃)ရက်လုံးပျက်စီးမှုရှိတယ်"ဟု မှော်ဘီမြို့ခံတစ်ဦးက NP News ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၂၃)ရက်ညကလည်း အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်နှင့် ပဲခူးတို့တွင် ပျက်စီးမှုများ အနည်းငယ်စီရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ(၂၄)ရက်၊ ညနေ(၅)နာရီ (၄၄)မိနစ်အချိန်ကလည်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိ‌သော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

ငလျင်ဘေးသည် ကြိုတင်ခန့်မှန်း၍မရဘဲ အချိန်မ‌ရွေးဖြစ်ပေါ်နိုင်သည့် သဘာဝဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NP News ကို အကြံပြုပြောကြားထားသည်။

zawgyi version
ေမွာ္ဘီၿမိဳ႕အားဗဟိုျပဳ၍ လႈပ္ခတ္ခဲ့သည့္ငလ်င္ေၾကာင့္ ပန္းတစ္ပြင့္ေတာင္ေက်ာင္းတိုက္၌ အုတ္တံတိုင္းၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့
NP News - စက္တင္ဘာ ၂၅

ေမွာ္ဘီၿမိဳ႕အားဗဟိုျပဳ၍ လႈပ္ခတ္ခဲ့သည့္ငလ်င္ေၾကာင့္ ပန္းတစ္ပြင့္ေတာင္ေက်ာင္းတိုက္၌ အုတ္တံတိုင္းၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါေျမငလ်င္သည္ ယေန႔(စက္တင္ဘာလ ၂၅ ရက္) နံနက္(၇)နာရီ (၂၀)မိနစ္အခ်ိန္တြင္ ကမာၻေအးေျမလ်င္စခန္းမွ ေျမာက္-အေနာက္ေျမာက္ဘက္ (၂၅)မိုင္ခန႔္ ကြာေဝးေသာ (ေမွာ္ဘီၿမိဳ႕၏ ေျမာက္-အေနာက္ေျမာက္ဘက္ (၅) မိုင္ခန႔္ အကြာ) ေျမာက္လတၱီတြဒ္ (၁၇ ဒသမ ၁၉) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၅ ဒသမ ၉၈)ဒီဂရီ၊ အနက္ (၁၀)ကီလိုမီတာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄ ဒသမ ၀) အဆင့္ရွိ အင္အားအနည္းငယ္ျဖင့္ လႈပ္ခတ္ခဲ့ေၾကာင္း မိုးဇလမွထုတ္ျပန္ထားသည္။

ေျမငလ်င္လႈပ္ခတ္မႈကို ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ခံစားခဲ့ရၿပီး ေမွာ္ဘီၿမိဳ႕ရွိ ပန္းတစ္ပြင့္ေတာင္ေက်ာင္းတိုက္အတြင္းရွိ ဗုဒၶသာသနာျပဳတကၠသိုလ္၏ မ်က္ႏွာက်က္ၿပိဳက်မႈအျပင္ အျခားေသာ ထိခိုက္ပ်က္စီးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

"အရင္ေန႔ေတြကလႈပ္တာက ပ်က္စီးမႈေတာ့ရွိတယ္။ ဒီေန႔လႈပ္တာကပိုမ်ားတယ္။ ဗိမာန္ေဆာင္(၂)ထပ္က မ်က္ႏွာက်က္ရယ္၊ ဗိမာန္ဆိုင္းဘုတ္ရယ္ၿပိဳက်တယ္။ အုတ္တံတိုင္းလည္းၿပိဳတယ္။ စာသင္ေဆာင္လည္း နည္းနည္းထိတယ္။ ေတာင္ေပၚဘုရားရင္ျပင္က အက္သြားတယ္။ ဒီေန႔နဲ႔ဆို (၃)ရက္ေလာက္ရွိၿပီ။ (၃)ရက္လုံးပ်က္စီးမႈရွိတယ္"ဟု ေမွာ္ဘီၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာလ(၂၃)ရက္ညကလည္း အင္အားအသင့္အတင့္ရွိသည့္ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ရာ ရန္ကုန္ႏွင့္ ပဲခူးတို႔တြင္ ပ်က္စီးမႈမ်ား အနည္းငယ္စီရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စက္တင္ဘာလ(၂၄)ရက္၊ ညေန(၅)နာရီ (၄၄)မိနစ္အခ်ိန္ကလည္း တိုက္ႀကီးၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၈) မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄ ဒသမ ဝ) အဆင့္ရွိ အင္အားအနည္းငယ္ရွိ‌ေသာ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့သည္။

ငလ်င္ေဘးသည္ ႀကိဳတင္ခန႔္မွန္း၍မရဘဲ အခ်ိန္မ‌ေ႐ြးျဖစ္ေပၚႏိုင္သည့္ သဘာဝျဖစ္သည့္ အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ထားသင့္ေၾကာင္း ငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မ်ိဳးမင္းေထြးက NP News ကို အႀကံျပဳေျပာၾကားထားသည္။

Related news

© 2021. All rights reserved.