မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရ

 8865

Pearl (NP News)- စက်တင်ဘာ ၂၅

မန္တလေးမြို့ရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၅ရက်)၊ နံနက် (၇)နာရီခွဲ အချိန်ခန့်တွင် မန္တ‌လေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အကွက်(၄၇၉)၊ ရာမရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါရာမရပ်ရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်းဝင်းအတွင်းသို့ ကျောင်းရှေ့လမ်းအတိုင်း တောင်မှမြောက်သို့ လူ (၃)ဦးစီးနင်းလာသည့် ဆိုင်ကယ်(၁)စီးပေါ်မှ လက်ပစ်ဗုံး (၂)လုံး ကျောင်းဝင်းအတွင်းပစ်ပေါက်၍ စစ်ကိုင်း-မန္တလေးကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ပေါက်တိုက်ခိုက်သည့် လက်ပစ်ဗုံး (၂)လုံးသည် ပေါက်ကွဲမှုမရှိသည့်အတွက် အဆိုပါ ဗုံးများ ရှင်းလင်းရန်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Mahar Private High School Facebook Page မှလည်း "မိဘများခင်ဗျာ 25-9-2023 ရက်နေ့(Monday) 1-ရက်ကျောင်းပိတ်ပါကြောင်း ကျောင်းသားမိဘများအား လေးစားစွာ အသိ ပေးအပ်ပါသည်"ဟု ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အလားတူ နံနက် (၇) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ "TEL" ကိုယ်ပိုင်အထက်တန်းကျောင်းအား ဆိုင်ကယ်စီးလာသည့် အမျိုးသား(၂)ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး ကိုယ်ပိုင်ကျောင်း၏ အဆောက်အဦးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ ကိုယ္ပိုင္အထက္တန္းေက်ာင္း(၂)ေက်ာင္း လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္ခံရ
Pearl (NP News)- စက္တင္ဘာ ၂၅

မႏၲေလးၿမိဳ႕ရွိ မဟာကိုယ္ပိုင္အထက္တန္းေက်ာင္း လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္ခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၂၅ရက္)၊ နံနက္ (၇)နာရီခြဲ အခ်ိန္ခန႔္တြင္ မႏၲ‌ေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳနယ္၊ တမၸဝတီရပ္ကြက္၊ အကြက္(၄၇၉)၊ ရာမရပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆိုပါရာမရပ္ရွိ မဟာကိုယ္ပိုင္အထက္တန္းေက်ာင္းဝင္းအတြင္းသို႔ ေက်ာင္းေရွ႕လမ္းအတိုင္း ေတာင္မွေျမာက္သို႔ လူ (၃)ဦးစီးနင္းလာသည့္ ဆိုင္ကယ္(၁)စီးေပၚမွ လက္ပစ္ဗုံး (၂)လုံး ေက်ာင္းဝင္းအတြင္းပစ္ေပါက္၍ စစ္ကိုင္း-မႏၲေလးကားလမ္းဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ေပါက္တိုက္ခိုက္သည့္ လက္ပစ္ဗုံး (၂)လုံးသည္ ေပါက္ကြဲမႈမရွိသည့္အတြက္ အဆိုပါ ဗုံးမ်ား ရွင္းလင္းရန္အတြက္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Mahar Private High School Facebook Page မွလည္း "မိဘမ်ားခင္ဗ်ာ 25-9-2023 ရက္ေန႔(Monday) 1-ရက္ေက်ာင္းပိတ္ပါေၾကာင္း ေက်ာင္းသားမိဘမ်ားအား ေလးစားစြာ အသိ ေပးအပ္ပါသည္"ဟု ထုတ္ျပန္ထားသည္ကိုေတြ႕ရသည္။

အလားတူ နံနက္ (၇) နာရီ (၁၅) မိနစ္အခ်ိန္ခန္႔တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာေအာင္ ေျမအေရွ႕ရပ္ကြက္ရွိ "TEL" ကိုယ္ပိုင္အထက္တန္းေက်ာင္းအား ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသား(၂)ဦးမွ လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ရာ ေက်ာင္းေရွ႕တြင္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ အခ်ိဳ႕ရွိခဲ့ၿပီး ကိုယ္ပိုင္ေက်ာင္း၏ အေဆာက္အဦးအနည္းငယ္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.