အရှေ့တောင်အာရှတစ်ဝှမ်းတွင် တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ ပိုမိုပျံ့နှံ့လာနေကြောင်း ကျွမ်းကျင်သူများ ပြော

 1096

Pika (NP News) - စက်တင်ဘာ ၂၅


တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းအဖွဲ့များသည် အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းတွင် ပိုမိုပျံ့နှံ့လာနေပြီး ဖိလစ်ပိုင်၊ ဩစတြေးလျ နှင့် စင်ကာပူတို့ကဲ့သို့ နိုင်ငံများတွင် အခြေစိုက်စခန်းများ ထူထောင်နေလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဩစတြေးလျရဲတပ်ဖွဲ့သည် ဆစ်ဒနီမြို့တွင် ဝင်ရောက်စီးနင်းမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး တရုတ်အမျိုးသားကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းသည် တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် shadow banking system တစ်ခုကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆစ်ဒနီမြို့တွင် ဖမ်းဆီးခံရသော တရုတ်နိုင်ငံသား(၉)ဦးအနက် တစ်ဦးမှာ Steven Xin အမည်ရှိ အမျိုးသားဖြစ်ပြီး တရားမဝင်လောင်းကစားဂိမ်းများနှင့်် အခြားရာဇဝတ်မှုများအတွက် ပြီးခဲ့သည့်ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှာ ထောင်ဒဏ်(၁၈)နှစ်ချမှတ်ခံရသော မကာအို၏ လောင်းကစားဘုရင်ကြီး Alvin Chau ၏ သြစတြေးလျအခြေစိုက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ရာဇဝတ်မှုကွန်ရက်များသည် အရင်းအနှီးဘီလျံနှင့်ချီ၍ ရှိသည်ဟု ယုံကြည်ကြောင်း United States Institute of Peace (USIP)မှ မြန်မာနိုင်ငံအစီအစဉ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဂျေဆွန်တာဝါက ပြောကြားခဲ့သည်။

USIP သည် ၁၉၈၄ ခုနှစ်တွင် အမေရိကန်လွှတ်တော်မှ တည်ထောင်ခဲ့သည့် အမေရိကန်ဖက်ဒရယ်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ ဂျေဆွန်တာဝါ က "မြန်မာ့တပ်မတော်လက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ" ဟု ပြောခဲ့သည်။

အဆိုပါရာဇဝတ်ဂိုဏ်းများသည် လာအို နှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သော နိုင်ငံများတွင်လည်းရှိနေပြီး ကမ္ဘာတစ်ဝန်း ရှိ ဘဏ္ဍာရေးဌာနများကို ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ၎င်း က "အရှေ့ တောင်အာရှမှာရှိနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းကို ပျံ့နှံလာနေတယ်ဆိုတာ တွေ့မြင်နေရပါ တယ်။ အဲဒီဂိုဏ်းတွေဟာ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံပေါင်း(၅ဝ)ကျော်မှာဖြစ်ပွားနေတဲ့ လူကုန်ကူးမှုတွေမှာ ပါဝင် ပတ်သက်နေပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အေရွ႕ေတာင္အာရွတစ္ဝွမ္းတြင္ တ႐ုတ္ႏိုင္ငံမွ ရာဇဝတ္ဂိုဏ္းမ်ား ပိုမိုပ်ံ႕ႏွံ႔လာေနေၾကာင္း ကြၽမ္းက်င္သူမ်ား ေျပာ
Pika (NP News) - စက္တင္ဘာ ၂၅

တ႐ုတ္ႏိုင္ငံမွ ရာဇဝတ္ဂိုဏ္းအဖြဲ႕မ်ားသည္ အာရွ-ပစိဖိတ္ေဒသတစ္ဝွမ္းတြင္ ပိုမိုပ်ံ႕ႏွံ႔လာေနၿပီး ဖိလစ္ပိုင္၊ ဩစေၾတးလ် ႏွင့္ စင္ကာပူတို႔ကဲ့သို႔ ႏိုင္ငံမ်ားတြင္ အေျခစိုက္စခန္းမ်ား ထူေထာင္ေနလ်က္ရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။

၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ဩစေၾတးလ်ရဲတပ္ဖြဲ႕သည္ ဆစ္ဒနီၿမိဳ႕တြင္ ဝင္ေရာက္စီးနင္းမႈမ်ားကို ဆက္တိုက္ လုပ္ေဆာင္ခဲ့ၿပီး တ႐ုတ္အမ်ိဳးသားကိုးဦးကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။ ဩစေၾတးလ်ႏိုင္ငံရွိ ရာဇဝတ္ဂိုဏ္းသည္ တ႐ုတ္ရာဇဝတ္ဂိုဏ္းမ်ားအတြက္ shadow banking system တစ္ခုကို လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

ဆစ္ဒနီၿမိဳ႕တြင္ ဖမ္းဆီးခံရေသာ တ႐ုတ္ႏိုင္ငံသား(၉)ဦးအနက္ တစ္ဦးမွာ Steven Xin အမည္ရွိ အမ်ိဳးသားျဖစ္ၿပီး တရားမဝင္ေလာင္းကစားဂိမ္းမ်ားႏွင့္ အျခားရာဇဝတ္မႈမ်ားအတြက္ ၿပီးခဲ့သည့္ဇန္နဝါရီလတြင္ တ႐ုတ္ႏိုင္ငံမွာ ေထာင္ဒဏ္(၁၈)ႏွစ္ခ်မွတ္ခံရေသာ မကာအို၏ ေလာင္းကစားဘုရင္ႀကီး Alvin Chau ၏ ၾသစေၾတးလ်အေျခစိုက္ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ရာဇဝတ္မႈကြန္ရက္မ်ားသည္ အရင္းအႏွီးဘီလ်ံႏွင့္ခ်ီ၍ ရွိသည္ဟု ယုံၾကည္ေၾကာင္း United States Institute of Peace (USIP)မွ ျမန္မာႏိုင္ငံအစီအစဥ္အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာေဂ်ဆြန္တာဝါက ေျပာၾကားခဲ့သည္။

USIP သည္ ၁၉၈၄ ခုႏွစ္တြင္ အေမရိကန္လႊတ္ေတာ္မွ တည္ေထာင္ခဲ့သည့္ အေမရိကန္ဖက္ဒရယ္အဖြဲ႕အစည္း တစ္ခုျဖစ္ေၾကာင္း သိရသည္။ ေဂ်ဆြန္တာဝါ က "ျမန္မာ့တပ္မေတာ္လက္ေအာက္မွာရွိတဲ့ နယ္ျခားေစာင့္တပ္ဖြဲ႕ ေတြ၊ အျခားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔အတူ ျမန္မာႏိုင္ငံက ရာဇဝတ္ဂိုဏ္းေတြရွိတဲ့ နယ္ေျမေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ အဆင့္ကို ေရာက္ေနပါၿပီ" ဟု ေျပာခဲ့သည္။

အဆိုပါရာဇဝတ္ဂိုဏ္းမ်ားသည္ လာအို ႏွင့္ ကေမာၻဒီးယားတို႔ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္လည္းရွိေနၿပီး ကမာၻတစ္ဝန္း ရွိ ဘ႑ာေရးဌာနမ်ားကို ပစ္မွတ္ထားလုပ္ေဆာင္ေနေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။ ၎ က "အေရွ႕ ေတာင္အာရွမွာရွိေနတဲ့ တ႐ုတ္ရာဇဝတ္ဂိုဏ္းေတြဟာ ကမာၻတစ္ဝန္းကို ပ်ံ႕ႏွံလာေနတယ္ဆိုတာ ေတြ႕ျမင္ေနရပါ တယ္။ အဲဒီဂိုဏ္းေတြဟာ ေဒသအတြင္းမွာရွိတဲ့ ႏိုင္ငံေပါင္း(၅ဝ)ေက်ာ္မွာျဖစ္ပြားေနတဲ့ လူကုန္ကူးမႈေတြမွာ ပါဝင္ ပတ္သက္ေနပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.