အမေရိကန်ထံမှ အကူအညီမရရှိဘူးဆိုလျှင် စစ်ပွဲရှုံးလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ သတိပေး
1283
Pika(NP News) - စက်တင်ဘာ ၂၅
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းတို့နိုင်ငံအနေဖြင့် ရုရှားတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်ရန်အတွက် အမေရိကန်နိုင်ငံထံမှ အကူအညီများ ဆက်လက်ရယူသွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အမေရိကန် အထက်လွှတ်တော်ခေါင်းဆောင် Chuck Schumer က ထုတ်ဖော်ပြောခဲ့သည်။
Chuck Schumer က "အမေရိကန်ထံကနေ စစ်ရေးအကူအညီတွေ ဆက်လက်မရရှိတော့ဘူးဆိုရင် စစ်ပွဲကို ရှုံးသွား လိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီး က ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရသည် ယူကရိန်းကို စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ နောက်ထပ်(၂၄)ဘီလျံကို ခွင့်ပြုပေးရန် လွှတ်တော်ကို တောင်းဆိုခဲ့ပြီး အဆိုပါအဆိုပြုချက်ကို ရီပတ်ဘလစ်ကန်အမတ်များက ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။
ရီပတ်ဘလစ်ကန်ပါတီမှ အထက်လွှတ်တော်အမတ်များနှင့် ကိုယ်စားလှယ် (၂)ဒါဇင်ခန့်သည် ရန်ပုံငွေ ခွဲဝေမှုများ နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ နှင့် ယူကရိန်းတန်ပြန်ထိုးစစ်ဆင်မှု တိုးတက်မှုများအကြောင်း ပါဝင် သည့် စာတစ်စောင်ကို အမေရိကန်အစိုးရထံ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါစာထဲတွင် "အမေရိကန်နိုင်ငံသားတွေဟာ သူတို့ရဲ့ပိုက်ဆံတွေ ဘယ်ကိုရောက်သွားတယ်ဆိုတာကို သိဖို့ ထိုက်တန်ပါတယ်။ ယူကရိန်းတန်ပြန်ထိုးစစ်က ဘယ်လိုတွေဖြစ်နေပြီလဲ" ဟု ရေးသားထားသည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှုများကို နှစ်ဖက်ပါတီများက ထောက်ခံမှုများ ဆက်လက် ရှိနေ သော်လည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကီဗင်မက်ကာသီသည် ၎င်း၏ ပါတီအတွင်း ခုခံပြောဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကီဗင်မက်ကာသီသည် ဝါရှင်တန်ဒီစီမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း တရားဝင်အောက်လွှတ်တော် အစည်းအဝေး ကျင်းပရမည့်အစား ယူကရိန်းသမ္မတဇီလန်စကီး နှင့် သီးသန့်တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းသည် ၎င်း၏ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားဖက်မှပြင်းထန်သော ခုခံမှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရသော်လည်း နယ်မြေသိမ်းပိုက်ခြင်းမျိုးလည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
Zawgyi Version;
အေမရိကန္ထံမွ အကူအညီမရရွိဘူးဆိုလွ်င္ စစ္ပြဲရႈံးလိမ့္မည္ျဖစ္ေၾကာင္း ယူကရိန္းသမၼတ သတိေပး Pika(NP News) - စက္တင္ဘာ ၂၅
ယူကရိန္းသမၼတဇီလန္စကီးက ၎တို႔ႏိုင္ငံအေနျဖင့္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားကို ဆက္လက္တိုက္ခိုက္ရန္အတြက္ အေမရိကန္ႏိုင္ငံထံမွ အကူအညီမ်ား ဆက္လက္ရယူသြားရမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု အေမရိကန္ အထက္လႊတ္ေတာ္ေခါင္းေဆာင္ Chuck Schumer က ထုတ္ေဖာ္ေျပာခဲ့သည္။
Chuck Schumer က "အေမရိကန္ထံကေန စစ္ေရးအကူအညီေတြ ဆက္လက္မရရွိေတာ့ဘူးဆိုရင္ စစ္ပြဲကို ရႈံးသြား လိမ့္မယ္လို႔ ယူကရိန္းသမၼတဇီလန္စကီး က ေျပာခဲ့ပါတယ္" ဟု ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အစိုးရသည္ ယူကရိန္းကို စစ္ေရးအကူအညီမ်ား ဆက္လက္ပံ့ပိုးေပးရန္အတြက္ အေမရိကန္ေဒၚလာ ေနာက္ထပ္(၂၄)ဘီလ်ံကို ခြင့္ျပဳေပးရန္ လႊတ္ေတာ္ကို ေတာင္းဆိုခဲ့ၿပီး အဆိုပါအဆိုျပဳခ်က္ကို ရီပတ္ဘလစ္ကန္အမတ္မ်ားက ကန႔္ကြက္ခဲ့ေၾကာင္းလည္း သိရသည္။
ရီပတ္ဘလစ္ကန္ပါတီမွ အထက္လႊတ္ေတာ္အမတ္မ်ားႏွင့္ ကိုယ္စားလွယ္ (၂)ဒါဇင္ခန႔္သည္ ရန္ပုံေငြ ခြဲေဝမႈမ်ား ႏွင့္ပတ္သက္ၿပီး ၎တို႔၏ စိုးရိမ္ပူပန္မႈမ်ား ႏွင့္ ယူကရိန္းတန္ျပန္ထိုးစစ္ဆင္မႈ တိုးတက္မႈမ်ားအေၾကာင္း ပါဝင္ သည့္ စာတစ္ေစာင္ကို အေမရိကန္အစိုးရထံ ေပးပို႔ခဲ့ေၾကာင္း သိရသည္။
အဆိုပါစာထဲတြင္ "အေမရိကန္ႏိုင္ငံသားေတြဟာ သူတို႔ရဲ႕ပိုက္ဆံေတြ ဘယ္ကိုေရာက္သြားတယ္ဆိုတာကို သိဖို႔ ထိုက္တန္ပါတယ္။ ယူကရိန္းတန္ျပန္ထိုးစစ္က ဘယ္လိုေတြျဖစ္ေနၿပီလဲ" ဟု ေရးသားထားသည္။
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ေငြေၾကးေထာက္ပံ့မႈမ်ားကို ႏွစ္ဖက္ပါတီမ်ားက ေထာက္ခံမႈမ်ား ဆက္လက္ ရွိေန ေသာ္လည္း အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ကီဗင္မက္ကာသီသည္ ၎၏ ပါတီအတြင္း ခုခံေျပာဆိုမႈမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း အေမရိကန္မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။
ကီဗင္မက္ကာသီသည္ ဝါရွင္တန္ဒီစီၿမိဳ႕သို႔ သြားေရာက္ခဲ့သည့္ခရီးစဥ္အတြင္း တရားဝင္ေအာက္လႊတ္ေတာ္ အစည္းအေဝး က်င္းပရမည့္အစား ယူကရိန္းသမၼတဇီလန္စကီး ႏွင့္ သီးသန႔္ေတြ႕ဆုံေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္း သိရသည္။
ယူကရိန္းသည္ ၎၏ တန္ျပန္ထိုးစစ္ဆင္မႈအတြင္း ႐ုရွားဖက္မွျပင္းထန္ေသာ ခုခံမႈမ်ားကို ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။ တန္ျပန္ထိုးစစ္ဆင္မႈအတြင္း ယူကရိန္းသည္ တပ္ဖြဲ႕ဝင္မ်ား၊ စစ္လက္နက္ပစၥည္းအမ်ားအျပားကို ဆုံးရႈံးခဲ့ရေသာ္လည္း နယ္ေျမသိမ္းပိုက္ျခင္းမ်ိဳးလည္း မလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။