အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံး တိုက်ခိုက်ခံရခြင်းအပေါ် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး စိတ်ဆိုးဒေါသဖြစ်နေ

 1524

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

အမေရိကန်အစိုးရဟာ ဝါရှင်တန်မြို့ရှိ ကျူးဘားသံရုံး တိုက်ခိုက်ခံရမှုအပေါ် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက် လျက်ရှိနေကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မီးလောင်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရကြောင်း၊ အဲဒီ လုပ်ရပ်က ကျူးဘားသံရုံးအပေါ်ရန်လိုတဲ့အပြုအမူတွေဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် က ပြောပါတယ်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက "စက်တင်ဘာ ၂၄ ရက်က လူတစ်ဦးဟာ သံရုံးကို မီးလောင်ဗုံးနှစ်လုံးနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ရတယ်။ အဲဒီလုပ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။ သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မျိုးတော့ မရှိပါဘူး" လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကျူးဘားဆန့်ကျင်ရေးအုပ်စုတွေ ရှိနေကြောင်း၊ အဆိုပါအုပ်စုများကို အရေးယူမှုမရှိဘဲ လွတ်ငြိမ်းခွင့်ပေးထားသလိုမျိုးဖြစ်နေကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးဟာ မကြာခဏတိုက်ခိုက်ခံရလေ့ရှိနေပြီး ၂ဝ၂ဝ ပြည့်နှစ်တုန်းက သံရုံးတိုက်ခိုက်ခံရပြီးနောက် သံတမန်တွေကို ကျူးဘားအစိုးရက ပြန်လည်ခေါ်ယူခဲ့ဖူးကြောင်း သိရပါတယ်။

အဲဒီအချိန်တုန်းက စိတ်ရောဂါခံစားနေရတဲ့ ကျူးဘားမှာ မွေးဖွားသူတစ်ဦးဟာ အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံး ကို အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂ဝ၂၁ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံရှိ ကျူးဘားဟာ မီးလောင်ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခံရပြီး အမေရိကန်အစိုးရရဲ့ ကျူးဘားဆန့်ကျင်ရေး မူဝါဒတွေကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးဟာ သူတို့နိုင်ငံအတွင်းမှာ ကျူးဘားဆန့်ကျင်ရေး ဖြစ်ပွားနေ တာတွေနဲ့ပတ်သက်ပြီး တာဝန်ယူရမယ်။ အမေရိကန်အစိုးရဟာ သူတို့နိုင်ငံအတွင်းမှာ ကျူးဘားဆန့်ကျင်ရေး၊ အကြမ်းဖက်မှုတွေကို ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ဘူး" လို့ ပြောပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံရွိ က်ဴးဘားသံ႐ုံး တိုက္ခိုက္ခံရျခင္းအေပၚ က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီး စိတ္ဆိုးေဒါသျဖစ္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

အေမရိကန္အစိုးရဟာ ဝါရွင္တန္ၿမိဳ႕ရွိ က်ဴးဘားသံ႐ုံး တိုက္ခိုက္ခံရမႈအေပၚ အေရးယူေဆာင္႐ြက္ဖို႔ ပ်က္ကြက္ လ်က္ရွိေနေၾကာင္း က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီးက ေဝဖန္ျပစ္တင္လိုက္ပါတယ္။

အေမရိကန္ႏိုင္ငံရွိ က်ဴးဘားသံ႐ုံးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ မီးေလာင္ဗုံးနဲ႔ ပစ္ေပါက္တိုက္ခိုက္ခံရေၾကာင္း၊ အဲဒီ လုပ္ရပ္က က်ဴးဘားသံ႐ုံးအေပၚရန္လိုတဲ့အျပဳအမူေတြျဖစ္ေၾကာင္း က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီး ဘ႐ူႏို ႐ိုဒရီဂြက္ဇ္ က ေျပာပါတယ္။

က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီးက "စက္တင္ဘာ ၂၄ ရက္က လူတစ္ဦးဟာ သံ႐ုံးကို မီးေလာင္ဗုံးႏွစ္လုံးနဲ႔ ပစ္ေပါက္ တိုက္ခိုက္ခဲ့ရတယ္။ အဲဒီလုပ္ရပ္ဟာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္တယ္။ သံ႐ုံးဝန္ထမ္းေတြ ထိခိုက္ဒဏ္ရာရတာ မ်ိဳးေတာ့ မရွိပါဘူး" လို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ က်ဴးဘားဆန႔္က်င္ေရးအုပ္စုေတြ ရွိေနေၾကာင္း၊ အဆိုပါအုပ္စုမ်ားကို အေရးယူမႈမရွိဘဲ လြတ္ၿငိမ္းခြင့္ေပးထားသလိုမ်ိဳးျဖစ္ေနေၾကာင္း က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ က်ဴးဘားႏိုင္ငံရွိ အေမရိကန္သံ႐ုံးဟာ မၾကာခဏတိုက္ခိုက္ခံရေလ့ရွိေနၿပီး ၂ဝ၂ဝ ျပည့္ႏွစ္တုန္းက သံ႐ုံးတိုက္ခိုက္ခံရၿပီးေနာက္ သံတမန္ေတြကို က်ဴးဘားအစိုးရက ျပန္လည္ေခၚယူခဲ့ဖူးေၾကာင္း သိရပါတယ္။

အဲဒီအခ်ိန္တုန္းက စိတ္ေရာဂါခံစားေနရတဲ့ က်ဴးဘားမွာ ေမြးဖြားသူတစ္ဦးဟာ အေမရိကန္ႏိုင္ငံရွိ က်ဴးဘားသံ႐ုံး ကို ေအေက ၄၇ ေမာင္းျပန္႐ိုင္ဖယ္ေသနတ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ၂ဝ၂၁ ခုႏွစ္တုန္းကလည္း အေမရိကန္ႏိုင္ငံရွိ က်ဴးဘားဟာ မီးေလာင္ဗုံးႏွစ္လုံးနဲ႔ တိုက္ခိုက္ခံရၿပီး အေမရိကန္အစိုးရရဲ႕ က်ဴးဘားဆန႔္က်င္ေရး မူဝါဒေတြေၾကာင့္ တိုက္ခိုက္ခံရျခင္းျဖစ္ေၾကာင္း က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။

က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီးက "အေမရိကန္အစိုးဟာ သူတို႔ႏိုင္ငံအတြင္းမွာ က်ဴးဘားဆန႔္က်င္ေရး ျဖစ္ပြားေန တာေတြနဲ႔ပတ္သက္ၿပီး တာဝန္ယူရမယ္။ အေမရိကန္အစိုးရဟာ သူတို႔ႏိုင္ငံအတြင္းမွာ က်ဴးဘားဆန႔္က်င္ေရး၊ အၾကမ္းဖက္မႈေတြကို ထိေရာက္တဲ့အေရးယူမႈေတြ မလုပ္ဘူး" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.