ပြည်မြို့တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
                        
                            
                             
 1420
 
                             
                            
                            
                         
                        
                        သန့်ဇင်(NP News) - စက်တင်ဘာ ၂၇
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
                     
                        
                    
                                                                        
                                                                    
                                
                                
                                        အဆိုပါကြိုးဆွဲချသေဆုံးမှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၆ရက်)၊ ည ၁၀နာရီအချိန်တွင် ပြည်မြို့ နယ်၊ မှော်ဇာ-ကုန်းရိုးကျေးရွာရှိ နေအိမ်တစ်လုံး၏ အနောက်အဆောင်အတွင်း၌ဖြစ်ပွားခဲ့ကြောင်း သိသည်။
“ရဲတွေက စစ်ဆေးနေတုန်းဆိုတော့ ဘယ်လိုဖြစ်လို့ ကြိုးဆွဲချလဲတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ရောက်သွားတော့ နေအိမ်ရဲ့ အနောက်ဖေးမှာရှိတဲ့ အဆောင်တစ်ခုထဲမှာ ဆုံးနေတာပါ” ဟု ခေတ္တရာ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ကြိုးဆွဲချသေဆုံးသူအမျိုးသားသည် အသက်(၃၅)နှစ်အရွယ်ခန့်ရှိပြီး နေအိမ်နောက်ရှိ လူနေဆောာင်အတွင်း၌ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ခေတ္တရာလူငယ်များ ကူညီပံ့ပိုးမှုအသင်းမှပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
                                                             
                                                    
                                                                    
zawgyi version
ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၇
ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေခတၱရာလူငယ္မ်ားသာေရးနာေရး ကူညီပံ့ပိုးမႈအသင္းထံမွ သိရသည္။
အဆိုပါႀကိဳးဆြဲခ်ေသဆုံးမႈသည္ ယမန္ေန႔ (စက္တင္ဘာလ ၂၆ရက္)၊ ည ၁၀နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕ နယ္၊ ေမွာ္ဇာ-ကုန္း႐ိုးေက်း႐ြာရွိ ေနအိမ္တစ္လုံး၏ အေနာက္အေဆာင္အတြင္း၌ျဖစ္ပြားခဲ့ေၾကာင္း သိသည္။
“ရဲေတြက စစ္ေဆးေနတုန္းဆိုေတာ့ ဘယ္လိုျဖစ္လို႔ ႀကိဳးဆြဲခ်လဲေတာ့ မသိရေသးပါဘူး။ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ေနအိမ္ရဲ႕ အေနာက္ေဖးမွာရွိတဲ့ အေဆာင္တစ္ခုထဲမွာ ဆုံးေနတာပါ” ဟု ေခတၱရာ သာေရးနာေရးကူညီပံ့ပိုးမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ႀကိဳးဆြဲခ်ေသဆုံးသူအမ်ိဳးသားသည္ အသက္(၃၅)ႏွစ္အ႐ြယ္ခန႔္ရွိၿပီး ေနအိမ္ေနာက္ရွိ လူေနေဆာာင္အတြင္း၌ ႀကိဳးဆြဲခ်ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသားအား ေခတၱရာလူငယ္မ်ား ကူညီပံ့ပိုးမႈအသင္းမွျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာမွစုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။