(၅၀)ကျပ်နှင့် (၁၀၀)ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည်ဟူသော ကြေညာချက်မှာအတုသာဖြစ်ပြီး အခြေခံဥပဒေအရ ဖျက်ခွင့်မရှိကြောင်း ဗဟိုဘဏ်ဖြေရှင်း

12051
မျိုးကြီး (NP News) - စက်တင်ဘာ ၃၀
(၅၀)ကျပ်တန်နှင့် (၁၀၀)ကျပ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည်ဟူသော ကြေညာချက်မှာ အတုသာဖြစ်ပြီး အခြေခံဥပဒေအရ ဖျက်သိမ်းခွင့်မရှိကြောင်း ဗဟိုဘဏ်က ဖြေရှင်းထားသည်။

ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် (၅၀)ကျပ်တန်နှင့် (၁၀၀)ကျပ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်ဟူသော အမိန့်ကြော်ငြာစာ (၂)စောင် လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့နေလျက်ရှိသည်။
ယင်းကဲ့သို့ လူမှုကွန်ယက်စာမျက်များ၌ ပျံ့နှံ့နေသည့် အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ NP News သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌရုံးမှ အမြဲတမ်းအတွင်းဝန်ဦးအောင်အောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သည်။
ထိုသို့ဆက်သွယ်မေးမြန်းရာတွင် အမြဲတမ်းအတွင်းဝန်ဦးအောင်အောင်က “အတုပါဗျာ။ ဘယ်လိုလုပ်သွားဖျက်လို့ ရမှာလဲ။ အခြေခံဥပဒေအရ ဖျက်ခွင့်မှမရှိတာ” ဟု ဖြေရှင်းထားသည်။
အဆိုပါ အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း အထက်ပါထုတ်ပြန်ချက် အမိန့်ကြော်ငြာစာများသည် သတင်းတု သတင်းအမှားများသာဖြစ်ကြောင်း ဖြေရှင်းထားသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ တရားဝင်သုံးစွဲနေသည့် ငွေစက္ကူများနှင့်ပတ်သက်၍ ဖျက်သိမ်းသည်ဆိုသော အမိန့်ကြော်ငြာစာအတုများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဗဟိုဘဏ်မှ ထုတ်ဝေးထားသည့် (၅၀၀၀)ကျပ်တန်နှင့် (၁၀၀၀၀) ကျပ်တန်ငွေစက္ကူများကို ဖျက်သိမ်းသည်ဆိုသော အမိန့်ကြော်ငြာစာအတုများ ထွက်ပေါ်ခဲ့ဖူးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ (င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

zawgyi version
(၅၀)က်ပ္ႏွင့္ (၁၀၀)က်ပ္တန္ ေငြစကၠဴမ်ားကို တရားဝင္ေငြအျဖစ္မွ ရပ္စဲသည္ဟူေသာ ေၾကညာခ်က္မွာအတုသာျဖစ္ၿပီး အေျခခံဥပေဒအရ ဖ်က္ခြင့္မရွိေၾကာင္း ဗဟိုဘဏ္ေျဖရွင္း
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၃၀
(၅၀)က်ပ္တန္ႏွင့္ (၁၀၀)က်ပ္တန္ေငြစကၠဴမ်ားကို တရားဝင္ေငြအျဖစ္မွ ရပ္စဲသည္ဟူေသာ ေၾကညာခ်က္မွာ အတုသာျဖစ္ၿပီး အေျခခံဥပေဒအရ ဖ်က္သိမ္းခြင့္မရွိေၾကာင္း ဗဟိုဘဏ္က ေျဖရွင္းထားသည္။
ယေန႔(စက္တင္ဘာလ ၃၀ ရက္) နံနက္ပိုင္းတြင္ (၅၀)က်ပ္တန္ႏွင့္ (၁၀၀)က်ပ္တန္ေငြစကၠဴမ်ားကို တရားဝင္ေငြအျဖစ္မွ ရပ္စဲလိုက္သည္ဟူေသာ အမိန႔္ေၾကာ္ျငာစာ (၂)ေစာင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံ႔ေနလ်က္ရွိသည္။
ယင္းကဲ့သို႔ လူမႈကြန္ယက္စာမ်က္မ်ား၌ ပ်ံ႕ႏွံ႔ေနသည့္ အမိန႔္ေၾကာ္ျငာစာႏွင့္ပတ္သက္၍ NP News သတင္းဌာနအေနျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒႐ုံးမွ အၿမဲတမ္းအတြင္းဝန္ဦးေအာင္ေအာင္ထံသို႔ ဆက္သြယ္ေမးျမန္းခဲ့သည္။
ထိုသို႔ဆက္သြယ္ေမးျမန္းရာတြင္ အၿမဲတမ္းအတြင္းဝန္ဦးေအာင္ေအာင္က “အတုပါဗ်ာ။ ဘယ္လိုလုပ္သြားဖ်က္လို႔ ရမွာလဲ။ အေျခခံဥပေဒအရ ဖ်က္ခြင့္မွမရွိတာ” ဟု ေျဖရွင္းထားသည္။
အဆိုပါ အမိန႔္ေၾကာ္ျငာစာႏွင့္ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ဘက္ကလည္း အထက္ပါထုတ္ျပန္ခ်က္ အမိန႔္ေၾကာ္ျငာစာမ်ားသည္ သတင္းတု သတင္းအမွားမ်ားသာျဖစ္ေၾကာင္း ေျဖရွင္းထားသည္။
လက္ရွိ နစကအစိုးရလက္ထက္တြင္ ျမန္မာႏိုင္ငံ၌ တရားဝင္သုံးစြဲေနသည့္ ေငြစကၠဴမ်ားႏွင့္ပတ္သက္၍ ဖ်က္သိမ္းသည္ဆိုေသာ အမိန႔္ေၾကာ္ျငာစာအတုမ်ား မၾကာခဏဆိုသကဲ့သို႔ ထြက္ေပၚလ်က္ရွိသည္။
ၿပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလအတြင္းကလည္း ဗဟိုဘဏ္မွ ထုတ္ေဝးထားသည့္ (၅၀၀၀)က်ပ္တန္ႏွင့္ (၁၀၀၀၀) က်ပ္တန္ေငြစကၠဴမ်ားကို ဖ်က္သိမ္းသည္ဆိုေသာ အမိန႔္ေၾကာ္ျငာစာအတုမ်ား ထြက္ေပၚခဲ့ဖူးသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ပုဒ္မ ၃၆ (င)တြင္ ႏိုင္ငံေတာ္သည္ တရားဝင္ထုတ္ေဝထားေသာ ေငြေၾကးကို တရားမဝင္ေငြေၾကးအျဖစ္ သတ္မွတ္ျခင္းမျပဳဟု ျပ႒ာန္းထားသည္ကို ေတြ႕ရွိရသည္။