အထူးတန်းဝင် မြန်မာ့အာရေးဗီးကားကော်ဖီ ပြည်ပဈေးကွက်၌ အထိုက်အလျောက်မြင့်မားသောဈေးနှုန်းရရှိနေ

852
ယွန်း(NP News) - စက်တင်ဘာ ၃၀
အထူးတန်းဝင် မြန်မာ့အာရေးဗီးကားကော်ဖီသည် ပြည်ပဈေးကွက်၌ အထိုက်အလျောက်မြင့်မားသောဈေးနှုန်းများရရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စက်တင်ဘာလ(၂၉)ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြင်ဦလွင်ဒေသနှင့် ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့အာရေးဗီးယားကော်ဖီသည် အထူးတန်းဝင်ကော်ဖီအဆင့် ရရှိထားကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် အထိုက်အလျောက်မြင့်မားသည့် ကော်ဖီဈေးနှုန်းများရရှိနေပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် အဆိုပါနိုင်ငံများသို့ ကော်ဖီတန်ချိန် (၁၁၀၀)ခန့်တင်ပို့ရောင်းချခဲ့နိုင်ခဲ့ကြောင်း သိရသည်။
ကော်ဖီတင်သွင်းမှုအနေဖြင့် ကော်ဖီစေ့၊ Coffee Mix နှင့် Coffee Powder ပုံစံသုံးမျိုးဖြင့် တင်သွင်းလျက်ရှိပြီး Coffee Mix တန်ချိန်(၁၂၅၀)ခန့်နှင့် Coffee Powder တန် (၄၅၀၀)ခန့် တင်သွင်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
အထူးတန္းဝင္ ျမန္မာ့အာေရးဗီးကားေကာ္ဖီ ျပည္ပေဈးကြက္၌ အထိုက္အေလ်ာက္ျမင့္မားေသာေဈးႏႈန္းရရွိေန
ယြန္း(NP News) - စက္တင္ဘာ ၃၀
အထူးတန္းဝင္ ျမန္မာ့အာေရးဗီးကားေကာ္ဖီသည္ ျပည္ပေဈးကြက္၌ အထိုက္အေလ်ာက္ျမင့္မားေသာေဈးႏႈန္းမ်ားရရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ေျပာသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က စက္တင္ဘာလ(၂၉)ရက္တြင္ ျပည္ေထာင္စုဝန္ႀကီး႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပင္ဦလြင္ေဒသႏွင့္ ရွမ္းျပည္နယ္ရွိ ႐ြာငံ၊ ဟိုပုံး၊ ပင္ေလာင္းေဒသမ်ားမွ စိုက္ပ်ိဳးထြက္ရွိသည့္ ျမန္မာ့အာေရးဗီးယားေကာ္ဖီသည္ အထူးတန္းဝင္ေကာ္ဖီအဆင့္ ရရွိထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ အထိုက္အေလ်ာက္ျမင့္မားသည့္ ေကာ္ဖီေဈးႏႈန္းမ်ားရရွိေနၿပီး ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္သည့္ ေတာင္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ား အက်ိဳးျဖစ္ထြန္းလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ျမန္မာ့ေကာ္ဖီကို ဆြစ္ဇာလန္၊ ထိုင္ဝမ္၊ တ႐ုတ္၊ ထိုင္း၊ အေမရိကန္၊ ၿဗိတိန္၊ အိုက္စလန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ဂ်ာမနီႏွင့္ UAE ႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁- ၂၀၂၂ ခုႏွစ္တြင္ အဆိုပါႏိုင္ငံမ်ားသို႔ ေကာ္ဖီတန္ခ်ိန္ (၁၁၀၀)ခန႔္တင္ပို႔ေရာင္းခ်ခဲ့ႏိုင္ခဲ့ေၾကာင္း သိရသည္။
ေကာ္ဖီတင္သြင္းမႈအေနျဖင့္ ေကာ္ဖီေစ့၊ Coffee Mix ႏွင့္ Coffee Powder ပုံစံသုံးမ်ိဳးျဖင့္ တင္သြင္းလ်က္ရွိၿပီး Coffee Mix တန္ခ်ိန္(၁၂၅၀)ခန႔္ႏွင့္ Coffee Powder တန္ (၄၅၀၀)ခန႔္ တင္သြင္းခဲ့ေၾကာင္း အေကာက္ခြန္ဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။