မန္တလေးမြို့ရှိ “ကြံတိုင်းအောင်” ကိုယ်ပိုင်အထက်တန်းကျောင်းကို PDF အဖွဲ့က စာတစ်စောင်ဖြင့် ပေးပို့ခြိမ်းခြောက်

 18600

NP News - စက်တင်ဘာ ၃၀
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ “ကြံတိုင်းအောင်” ကိုယ်ပိုင်အထက်တန်းကျောင်းကို PDFအဖွဲ့မှ ခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါခြိမ်းခြောက်စာကို စက်တင်ဘာလ ၂၇ရက်၊ နံနက် ၆နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၉လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြားရှိ ခြံဝန်းတစ်ခုအတွင်း၌ ပူးတွဲဖွင့်လှစ်ထားသည့် “ကြံတိုင်းအောင်” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ဝင်ပေါက်ရှေ့၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းခြိမ်းခြောက်စာတွင် "ကြံတိုင်းအောင်"ကျောင်းအုပ်ကြီးအား ယာယီကျောင်းပိတ်ပေးရန်နှင့် ကျောင်းမပိတ်ပေးပါက ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကို တာဝန်ယူမည်မဟုတ်ကြောင်း ပါရှိသည်။

ထို့ပြင် ၎င်းတို့တောင်းဆိုမှုအား လက်မခံပါက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းလည်း အဆိုပါခြိမ်းခြောက်စာတွင် ထည့်သွင်းရေးသားထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်မှ ခြိမ်းခြောက်စာပို့ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version

မႏၲေလးၿမိဳ႕ရွိ “ႀကံတိုင္းေအာင္” ကိုယ္ပိုင္အထက္တန္းေက်ာင္းကို PDF အဖြဲ႕က စာတစ္ေစာင္ျဖင့္ ေပးပို႔ၿခိမ္းေျခာက္

NP News - စက္တင္ဘာ ၃၀
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ “ႀကံတိုင္းေအာင္” ကိုယ္ပိုင္အထက္တန္းေက်ာင္းကို PDFအဖြဲ႕မွ ၿခိမ္းေျခာက္စာတစ္ေစာင္ ေပးပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္က သတင္းထုတ္ျပန္ထားသည္။

အဆိုပါၿခိမ္းေျခာက္စာကို စက္တင္ဘာလ ၂၇ရက္၊ နံနက္ ၆နာရီအခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ ၄၉လမ္း၊ ၁၁၁လမ္းႏွင့္ ၁၁၂လမ္းၾကားရွိ ၿခံဝန္းတစ္ခုအတြင္း၌ ပူးတြဲဖြင့္လွစ္ထားသည့္ “ႀကံတိုင္းေအာင္” ကိုယ္ပိုင္အထက္တန္းေက်ာင္း၏ ဝင္ေပါက္ေရွ႕၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ၿခိမ္းေျခာက္စာတြင္ "ႀကံတိုင္းေအာင္"ေက်ာင္းအုပ္ႀကီးအား ယာယီေက်ာင္းပိတ္ေပးရန္ႏွင့္ ေက်ာင္းမပိတ္ေပးပါက ပညာသင္ယူေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ လုံၿခဳံေရးကို တာဝန္ယူမည္မဟုတ္ေၾကာင္း ပါရွိသည္။

ထို႔ျပင္ ၎တို႔ေတာင္းဆိုမႈအား လက္မခံပါက လုံးဝတာဝန္ယူမည္မဟုတ္ေၾကာင္းလည္း အဆိုပါၿခိမ္းေျခာက္စာတြင္ ထည့္သြင္းေရးသားထားေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

အထက္ပါျဖစ္စဥ္မွ ၿခိမ္းေျခာက္စာပို႔ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.