တညင်းကုန်းလက်ကားဈေး၌ သစ်သီးဝလံရောင်းဝယ်ရေးဈေးရုံသစ် ထပ်မံဖွင့်လှစ်မည်

 977

NP News - စက်တင်ဘာ ၃၀

ရန်ကုန်စတော့အိပ်ချိန်းဝင် MAEX အများပိုင်ကုမ္ပဏီသည် တညင်းကုန်းလက်ကားစျေးကြီး၌ ဈေးရုံ (၁) သစ်သီးဝလံရောင်းဝယ်ရေးဈေးရုံသစ်ကို အောက်တိုဘာလ(၁)ရက်တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

“အအေးခန်း Cold Storage ကိုတစ်ပါတည်း တည်ဆောက်ပေးထားတာကြောင့် သစ်သီးရောင်းချမယ့်ကုန်သည်တွေအနေနဲ့ မိမိရဲ့ကုန်စည်တွေကို ဆုံးရှုံးမှု၊ ပျက်စီးမှု၊ အလေအလွင့်မရှိစေပဲ လတ်လတ်ဆတ်ဆတ်၊ သဘာဝအရောင်အဆင်းအတိုင်း ကောင်းမွန်တဲ့သစ်သီးမျိုးစုံကို စားသုံးသူတွေဆီကို အချိန်တိုအတွင်း ထုတ်ယူဖြန့်ဖြူးရောင်းချနိုင်မှာ ဖြစ်ပါတယ်” ဟု တညင်းကုန်းဈေး၏ စီမံခန့်ခွဲရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဈေးရုံ(၁)တွင် ဆိုင်ခန်းပေါင်း (၁၀၆၉) ခန်းရှိ‌ကြောင်း သိရသည်။

MAEX အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အဓိကလုပ်ငန်းသည် လယ်ယာ ထွက်ကုန်လက်ကားစျေးကွက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ရန်ဖြစ်ပြီး လက်ရှိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တညင်းကုန်း လက်ကားဈေးကြီးကို တည်ဆောက်ကာ ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်သည်။

MAEX သည် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် လက်ကားဈေးကြီး တည်ဆောက် အကောင်အထည်ဖော်ခြင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းမြေနေရာ အသုံးပြုခွင့်ရရှိထားခြင်းဖြစ်သည်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက် (MAEX)ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်တွင် ဖွဲ့စည်းတည်ထောင်ထားကြောင်းသိရသည်။။

zawgyi version
တညင္းကုန္းလက္ကားေဈး၌ သစ္သီးဝလံေရာင္းဝယ္ေရးေဈး႐ုံသစ္ ထပ္မံဖြင့္လွစ္မည္
NP News - စက္တင္ဘာ ၃၀

ရန္ကုန္စေတာ့အိပ္ခ်ိန္းဝင္ MAEX အမ်ားပိုင္ကုမၸဏီသည္ တညင္းကုန္းလက္ကားေစ်းႀကီး၌ ေဈး႐ုံ (၁) သစ္သီးဝလံေရာင္းဝယ္ေရးေဈး႐ုံသစ္ကို ေအာက္တိုဘာလ(၁)ရက္တြင္ ထပ္မံတိုးခ်ဲ႕ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။

“အေအးခန္း Cold Storage ကိုတစ္ပါတည္း တည္ေဆာက္ေပးထားတာေၾကာင့္ သစ္သီးေရာင္းခ်မယ့္ကုန္သည္ေတြအေနနဲ႔ မိမိရဲ႕ကုန္စည္ေတြကို ဆုံးရႈံးမႈ၊ ပ်က္စီးမႈ၊ အေလအလြင့္မရွိေစပဲ လတ္လတ္ဆတ္ဆတ္၊ သဘာဝအေရာင္အဆင္းအတိုင္း ေကာင္းမြန္တဲ့သစ္သီးမ်ိဳးစုံကို စားသုံးသူေတြဆီကို အခ်ိန္တိုအတြင္း ထုတ္ယူျဖန႔္ျဖဴးေရာင္းခ်ႏိုင္မွာ ျဖစ္ပါတယ္” ဟု တညင္းကုန္းေဈး၏ စီမံခန႔္ခြဲေရးပိုင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ေဈး႐ုံ(၁)တြင္ ဆိုင္ခန္းေပါင္း (၁၀၆၉) ခန္းရွိ‌ေၾကာင္း သိရသည္။

MAEX အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၏ အဓိကလုပ္ငန္းသည္ လယ္ယာ ထြက္ကုန္လက္ကားေစ်းကြက္ဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား တည္ေထာင္ျခင္း လုပ္ငန္းကို ေဆာင္႐ြက္လုပ္ကိုင္ရန္ျဖစ္ၿပီး လက္ရွိအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ တညင္းကုန္း လက္ကားေဈးႀကီးကို တည္ေဆာက္ကာ ဖြင့္လွစ္ေရာင္းခ်ေနျခင္းျဖစ္သည္။

MAEX သည္ တညင္းကုန္း သစ္သီးဝလံ၊ ဟင္းသီးဟင္း႐ြက္ ႏွင့္ ပန္းမန္ လက္ကားေဈးႀကီး တည္ေဆာက္ အေကာင္အထည္ေဖာ္ျခင္းစီမံကိန္းအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ လုပ္ငန္းေျမေနရာ အသုံးျပဳခြင့္ရရွိထားျခင္းျဖစ္သည္။

ျမန္မာအက္ဂ႐ိုအိတ္(စ္)ခ်ိန္း အမ်ားႏွင့္သက္ဆိုင္ ေသာ ကုမၸဏီလီမိတက္ (MAEX)ကို ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ (၁၄) ရက္တြင္ ဖြဲ႕စည္းတည္ေထာင္ထားေၾကာင္းသိရသည္။။

Related news

© 2021. All rights reserved.