မူဆယ်-မန္တလေး၊ မန္တလေး-ကျောက်ဖြူမြို့တို့ကို ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်းစီမံကိန်းအတွက် မြန်မာနှင့် တရုတ်အစိုးရတို့ ဆွေးနွေး

 2559

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁

မြန်မာအစိုးရသည် မီးရထားလမ်းဖောက်လုပ်မည့် စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တရုတ်နိုင်ငံတွင်ကျင်းပသော Global Sustainable Transport Forum ကို တက်ရောက်လာချိန်တွင် ပေကျင်းမြို့ရှိ တရုတ် China Railway Group အုပ်စု ရုံးချုပ်ကို သွားရောက်ကာ တရုတ် နှင့် မြန်မာနိုင်ငံကြား မီးရထားလမ်းကြောင်းအသစ် နှစ်ခုဖောက်လုပ်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် နှင့် မြန်မာနိုင်ငံတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ မန္တလေး၊ မန္တလေးမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မီးရထားလမ်းများ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ မူဆယ်မြို့မှ ကျောက်ဖြူမြို့ အထိ ဖောက်လုပ်မည့် မီးရထားလမ်းအရှည်က ကီလိုမီတာ ၁ဝဝဝ ကျော်ရှိနေကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တရုတ်နိုင်ငံကို သွားရောက်သောခရီးစဉ်အတွင်း China Communication Construction Company တာဝန်ရှိသူများ၊ China Harbor Engineering Company တာဝန်ရှိသူများ၊ Centralized Traffic Control (CTC) တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ကို ဖြတ်သန်းပြီးဖောက်လုပ်မည့် မီးရထားလမ်းစီမံကိန်းသည် တရုတ် နှင့် မြန်မာ နိုင်ငံကြား ကုန်သွယ်ရေးအတွက် အဓိက တံခါးပေါက်ဖြစ်လာဖွယ်ရှိနေကြောင်း၊တရုတ်နှင့် မြန်မာနိုင်ငံကြားချိတ်ဆက်မည့် မီးရထားလမ်းဖောက်လုပ်မည့် စီမံကိန်းသည် တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေသည့် Belt and Road Initiative စီမံကိန်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်လျက်ရှိနေကြောင်း
သိရသည်။

မီးရထားလမ်းစီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းစီမံကိန်း၏ အဓိက သယ်ယူ ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊ သိရသည်။တရုတ်နှင့် မြန်မာနိုင်ငံကြား ဆက်သွယ်ဖောက်လုပ်မည့် မီးရထား စီမံကိန်းကို အဆင့် နှစ်ဆင့်ဖြင့် ပိုင်းခြားပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းပထမအဆင့်တွင် မူဆယ်-မန္တလေး ချိတ်ဆက်မည့် မီးရထားလမ်းဖောက်လုပ်ခြင်းဖြစ်ပြီး အရှည် ၄ဝ၁ ကီလိုမီတာ ရှိကြောင်း သိရသည်။

ထို့အပြင် မီးရထားလမ်း စီမံကိန်းဒုတိယအဆင့်တွင် မန္တလေးမြို့မှ ကျောက်ဖြူမြို့ကို ချိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။ မီးရထားလမ်းနှင့်အပြိုင် အမြန်လမ်းဖောက်လုပ်မည့်အစီအစဉ်များရှိနေပြီး မီးရထားလမ်းကြောင်း တစ်လျှောက်တွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းများ၊ တောင်များကို ဖောက်လုပ်ပြီး ဥမင်လိုင်ခေါင်း ၆ဝ ဖောက်လုပ်မည့်စီမံကိန်း၊ မြစ်များ၊ လျိုမြှောင်များကို ဖြတ်သန်းပြီး တံတား ၁၂၄ စင်း ဆောက်လုပ်မည့် စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နှင့် တရုတ် Eryuan Engineering Group အုပ်စုသည် အရှည် ၄၃၁ ကီလိုမီတာရှိသော မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ခြင်းစီမံကိန်းနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သလို မန္တလေး-ကျောက်ဖြူမီးရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းနှင့်ပတ်သက် သော နားလည်မှုစာချွန်လွှာကို မြန်မာအစိုးရ နှင့် China Railway Eryuan Engineering Group ကြား ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မူဆယ္-မႏၲေလး၊ မႏၲေလး-ေက်ာက္ျဖဴၿမိဳ႕တို႔ကို ဆက္သြယ္ေဖာက္လုပ္မည့္ မီးရထားလမ္းစီမံကိန္းအတြက္ ျမန္မာႏွင့္ တ႐ုတ္အစိုးရတို႔ ေဆြးေႏြး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁

ျမန္မာအစိုးရသည္ မီးရထားလမ္းေဖာက္လုပ္မည့္ စီမံကိန္းႏွင့္ပတ္သက္ၿပီး တ႐ုတ္အစိုးရ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာဒုတိယဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးသည္ တ႐ုတ္ႏိုင္ငံတြင္က်င္းပေသာ Global Sustainable Transport Forum ကို တက္ေရာက္လာခ်ိန္တြင္ ေပက်င္းၿမိဳ႕ရွိ တ႐ုတ္ China Railway Group အုပ္စု ႐ုံးခ်ဳပ္ကို သြားေရာက္ကာ တ႐ုတ္ ႏွင့္ ျမန္မာႏိုင္ငံၾကား မီးရထားလမ္းေၾကာင္းအသစ္ ႏွစ္ခုေဖာက္လုပ္ေရး အစီအစဥ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ ႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွ မႏၲေလး၊ မႏၲေလးၿမိဳ႕မွ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕အထိ မီးရထားလမ္းမ်ား ေဖာက္လုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ မူဆယ္ၿမိဳ႕မွ ေက်ာက္ျဖဴၿမိဳ႕ အထိ ေဖာက္လုပ္မည့္ မီးရထားလမ္းအရွည္က ကီလိုမီတာ ၁ဝဝဝ ေက်ာ္ရွိေနေၾကာင္း သိရသည္။

ဒုတိယဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးသည္ တ႐ုတ္ႏိုင္ငံကို သြားေရာက္ေသာခရီးစဥ္အတြင္း China Communication Construction Company တာဝန္ရွိသူမ်ား၊ China Harbor Engineering Company တာဝန္ရွိသူမ်ား၊ Centralized Traffic Control (CTC) တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕ကို ျဖတ္သန္းၿပီးေဖာက္လုပ္မည့္ မီးရထားလမ္းစီမံကိန္းသည္ တ႐ုတ္ ႏွင့္ ျမန္မာ ႏိုင္ငံၾကား ကုန္သြယ္ေရးအတြက္ အဓိက တံခါးေပါက္ျဖစ္လာဖြယ္ရွိေနေၾကာင္း၊တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံၾကားခ်ိတ္ဆက္မည့္ မီးရထားလမ္းေဖာက္လုပ္မည့္ စီမံကိန္းသည္ တ႐ုတ္ႏိုင္ငံက ဦးေဆာင္လုပ္ကိုင္ေနသည့္ Belt and Road Initiative စီမံကိန္း၏အစိတ္အပိုင္းတစ္ရပ္အျဖစ္ပါဝင္လ်က္ရွိေနေၾကာင္း
သိရသည္။

မီးရထားလမ္းစီမံကိန္းသည္ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္လမ္းစီမံကိန္း၏ အဓိက သယ္ယူ ပို႔ေဆာင္ေရးစနစ္တစ္ခုျဖစ္ေၾကာင္း၊ သိရသည္။တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံၾကား ဆက္သြယ္ေဖာက္လုပ္မည့္ မီးရထား စီမံကိန္းကို အဆင့္ ႏွစ္ဆင့္ျဖင့္ ပိုင္းျခားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ စီမံကိန္းပထမအဆင့္တြင္ မူဆယ္-မႏၲေလး ခ်ိတ္ဆက္မည့္ မီးရထားလမ္းေဖာက္လုပ္ျခင္းျဖစ္ၿပီး အရွည္ ၄ဝ၁ ကီလိုမီတာ ရွိေၾကာင္း သိရသည္။

ထို႔အျပင္ မီးရထားလမ္း စီမံကိန္းဒုတိယအဆင့္တြင္ မႏၲေလးၿမိဳ႕မွ ေက်ာက္ျဖဴၿမိဳ႕ကို ခ်ိတ္ဆက္မည္ျဖစ္ေၾကာင္း သိရသည္။ မီးရထားလမ္းႏွင့္အၿပိဳင္ အျမန္လမ္းေဖာက္လုပ္မည့္အစီအစဥ္မ်ားရွိေနၿပီး မီးရထားလမ္းေၾကာင္း တစ္ေလွ်ာက္တြင္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံ တည္ေဆာက္ေရးစီမံကိန္းမ်ား၊ ေတာင္မ်ားကို ေဖာက္လုပ္ၿပီး ဥမင္လိုင္ေခါင္း ၆ဝ ေဖာက္လုပ္မည့္စီမံကိန္း၊ ျမစ္မ်ား၊ လ်ိဳေျမႇာင္မ်ားကို ျဖတ္သန္းၿပီး တံတား ၁၂၄ စင္း ေဆာက္လုပ္မည့္ စီမံကိန္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ Eryuan Engineering Group အုပ္စုသည္ အရွည္ ၄၃၁ ကီလိုမီတာရွိေသာ မူဆယ္-မႏၲေလး ရထားလမ္းေဖာက္လုပ္ျခင္းစီမံကိန္းႏွင့္ပတ္သက္ၿပီး နားလည္မႈစာခြၽန္လႊာကို ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာ ၂၂ ရက္တြင္ လက္မွတ္ေရးထိုးခဲ့သလို မႏၲေလး-ေက်ာက္ျဖဴမီးရထားလမ္း ေဖာက္လုပ္မည့္ စီမံကိန္းႏွင့္ပတ္သက္ ေသာ နားလည္မႈစာခြၽန္လႊာကို ျမန္မာအစိုးရ ႏွင့္ China Railway Eryuan Engineering Group ၾကား ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီ ၁ဝ ရက္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.