မူဆယ်မြို့၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး

 4840

NP News- အောက်တိုဘာ ၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဆိုင်ကယ်ဖြင့် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်)၊ ညနေ (၃)နာရီအချိန်တွင် မူဆယ်မြို့၊ နမ့်အွန်ကျေးရွာအုပ်စု၊ ကောင်းဝိန်းကျေးရွာအဝင် လမ်းဘေး၌ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူအမျိုးသားသည် ဝမ်းဗိုက်၌ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အကူအညီလာတောင်းတဲ့အချိန်မှာ ဒဏ်ရာနဲ့လဲနေတယ်။ ဆေးရုံပို့ပေးဖို့အကူအညီလာတောင်းပါတယ်။ သူကလမ်းဘေးမှာ ညာဘက်ဝမ်းဗိုက်နေရာမှာ သေနတ်ဒဏ်ရာဖြစ်နိုင်တယ်။ နောက်ကျောထိပေါက်သွားတာပေါ့။ သူကရေခဲချောင်းရောင်းတာပါ။ မိသားစုနဲ့အဆက်သွယ်ရပါတယ်။ သူ့မိန်းမကိုယ်တိုင်လာအကူအညီတောင်းတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းသားတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသားသည် ကိုအောင်မျိုးလင်း (၃၈)နှစ်ဖြစ်ပြီး မူဆယ်မြို့ မိုင်းယု (၁၀၅)မိုင်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕၌ ဆိုင္ကယ္ျဖင့္ ေရခဲေခ်ာင္းေရာင္းသည့္ အမ်ိဳးသားတစ္ဦး က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ ေသဆုံး
NP News- ေအာက္တိုဘာ ၁

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္ ေရခဲေခ်ာင္းေရာင္းသည့္ အမ်ိဳးသားတစ္ဦး က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားသည္ ယမန္ေန႔ (စက္တင္ဘာလ ၃၀ ရက္)၊ ညေန (၃)နာရီအခ်ိန္တြင္ မူဆယ္ၿမိဳ႕၊ နမ့္အြန္ေက်း႐ြာအုပ္စု၊ ေကာင္းဝိန္းေက်း႐ြာအဝင္ လမ္းေဘး၌ လဲက်ေသဆုံးေနျခင္းျဖစ္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ေသဆုံးသူအမ်ိဳးသားသည္ ဝမ္းဗိုက္၌ က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔အကူအညီလာေတာင္းတဲ့အခ်ိန္မွာ ဒဏ္ရာနဲ႔လဲေနတယ္။ ေဆး႐ုံပို႔ေပးဖို႔အကူအညီလာေတာင္းပါတယ္။ သူကလမ္းေဘးမွာ ညာဘက္ဝမ္းဗိုက္ေနရာမွာ ေသနတ္ဒဏ္ရာျဖစ္ႏိုင္တယ္။ ေနာက္ေက်ာထိေပါက္သြားတာေပါ့။ သူကေရခဲေခ်ာင္းေရာင္းတာပါ။ မိသားစုနဲ႔အဆက္သြယ္ရပါတယ္။ သူ႔မိန္းမကိုယ္တိုင္လာအကူအညီေတာင္းတာပါ”ဟု ေဒသခံလူမႈကူညီေရးအသင္းသားတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသားသည္ ကိုေအာင္မ်ိဳးလင္း (၃၈)ႏွစ္ျဖစ္ၿပီး မူဆယ္ၿမိဳ႕ မိုင္းယု (၁၀၅)မိုင္တြင္ ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား မူဆယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.