လှည်းကူးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်ရာမှ အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး

6081
သန့်ဇင် (NP News) - အောက်တိုဘာ ၂
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂ ရက်)၊ နံနက် ၇ နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကုန်းကျေးရွာအနီးရှိ လမ်းဘေးမြောင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါလမ်းမပေါ်၌ အမျိုသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း အထက်ပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက်(၃ဝ)ဝန်းကျင်ရှိ အမျိုးသား(၂) နှစ်ဦးမှာ ရေမြောင်းတွင်းကျကာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုသား(၂)ဦးအား ကရုဏာရှင်နာရေးကူညီမှုအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
လွည္းကူးၿမိဳ႕နယ္၌ ဆိုင္ကယ္တိမ္းေမွာက္ရာမွ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂
ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ ဆိုင္ကယ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသား(၂)ဦး ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၂ ရက္)၊ နံနက္ ၇ နာရီအခ်ိန္တြင္ လွည္းကူးၿမိဳ႕နယ္၊ ကြၽန္းကုန္းကုန္းေက်း႐ြာအနီးရွိ လမ္းေဘးေျမာင္းအတြင္း ျဖစ္ပြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါလမ္းမေပၚ၌ အမ်ိဳသားႏွစ္ဦး ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ လမ္းေဘးေရေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္သြားခဲ့ေၾကာင္း အထက္ပါအသင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၎ဆိုင္ကယ္တိမ္းေမွာက္မႈေၾကာင့္ အသက္(၃ဝ)ဝန္းက်င္ရွိ အမ်ိဳးသား(၂) ႏွစ္ဦးမွာ ေရေျမာင္းတြင္းက်ကာ အခင္းျဖစ္ပြားရာေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳသား(၂)ဦးအား က႐ုဏာရွင္နာေရးကူညီမႈအသင္းမွ လွည္းကူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။